Celebrity

ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ငွေကျပ် (၃၇) သိန်းကျော်ကို လှူဒါန်းခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်း

ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ငွေကျပ် (၃၇) သိန်းကျော်ကို လှူဒါန်းခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်း

နိုင်ငံကျော်အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီပြေတီဦးနဲ့ အကယ်ဒမီအိန္ဒြာကျော်ဇင်တို့က အနုပညာလုပ်ငန်းတွေမှာ ထူးချွန်သလို စိတ်သဘောထားပြည့်ဝတဲ့ ဇနှီးမောင်နှံဖြစ်ပါတယ်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်က ပြေတီဦးဖောင်ဒေးရှင်းဆိုပြီးပညာသင်ရန် အခက်အခဲဖြစ်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင်စရိတ် ထောက်ပံ့ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၆) ရက်နေ့မှာတော့ ပြေတီဦးဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ငွေကျပ်(၃၇) သိန်းကျော်ကို လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်။

ပြေတီဦး ဦးဆောင်တဲ့ ပညာရေးဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေတဲ့ Covid-19 ကာလအတွင်း အခြေခံပြည်သူများအတွက် – ကျပ် (၂၅.၀၀၀) တန်ဖိုးရှိပြီး

အခြေခံစားသောက်ကုန်(၁၈)မျိုးပါဝင်တဲ့ ရိက္ခာဘူးများကို အိမ်ထောင်စု (၁၅၀) စာအတွက် စုစုပေါင်း ငွေကျပ် (၃,၇၅၀,၀၀၀) တိတိကို ရန်ကုန်မြို့ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရထံသို့ ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပြေတီဦးရဲ့ ဖောင်ဒေးရှင်းကတော့ကျောင်းသားကျောင်းသူတွေရဲ့ ပညာစရိတ်ကို ထောက်ပံ့ပေးတဲ့ ဖောင်ဒေးရှင်းဖြစ်ပေမယ့် လက်ရှိကိုဗစ်ကာလမှာ အခက်အခဲဖြစ်နေကြတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်လေး ကူညီလှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ပြေတီဦးဖောင်ဒေးရှင်းနဲ့တကွ (၇) ရက်သားသမီး ကုသိုလ်ရှင်များရဲ့အလှူလေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရက်ဒစ်










ခရက်ဒစ်

0 Shares

Leave a Reply

0 Shares
Share
Tweet