Celebrity

မိဘနှစ်ပါး လုံးရောဂါ နဲ့ဆုံးပါးသွား လို့ဒုက္ခရောက်နေတဲ့ ကလေးငယ်လေးကို ကိုယ်တိုင်သွားရောက်ခေါ်ယူကာစောင့်ရှောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

မိဘနှစ်ပါး လုံးရောဂါ နဲ့ဆုံးပါးသွား လို့ဒုက္ခရောက်နေတဲ့ ကလေးငယ်လေးကို ကိုယ်တိုင်သွားရောက်ခေါ်ယူကာစောင့်ရှောက်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

ပြည်သူ ချစ်ပရဟိတမင်းသမီးတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေကိုတော့ ပရိသတ်ကြီးလည်းသိပြီးသားဖြစ်လောက်မယ်ထင်ပါတယ်။

သူမကတော့မိဘမဲ့ကလေး(၃၀)ကျော်ကို မိခင်နဲ့မခြားကာကွယ်စောင့်ရှောက်ပေးနေတာဖြစ်ပြီး လက်ရှိမှာလည်းမိဘနှစ်ပါးလုံးHIV ကူးစက်ရောဂါနဲ့ဆုံးပါးသွားလို့ဒုက္ခရောက်ျနေတဲ့ ကလေးလေးကိုကိုယ်တိုင်သွားရောက်ခေါ်ယူကာစောင့်ရှောက်ပေးခဲ့တယ်လို့သိရပါတယ်။

အဲဒီအကြောင်းလေးကိုတော့ ခိုင်နှင်းဝေက”အဖေနဲ့ အမေကတော့ HIV ကူးစက်ရောဂါနဲ့ပဲဆုံးပါးသွားပီး ကလေးအမေမသေခင်ကျမဆီဖုန်းဆက်လက်ထဲအပ်ခဲ့လို့ မိခင်ရက်လည်ပီးမှာပဲသွားခေါ်ဖြစ်ခဲ့ပါတယ်

ကံဆိုးလွန်းတဲ့သမီးလေးမှာလဲ +ဖြစ်နေလို့စိတ်မကောင်းစွာနဲ့ပဲ HIVကူညီကယ်ဆယ်တဲ့အသင်း “ဆည်းဆာရောင်ခြည်”ဆီမှာပို့ထားရပါတယ်

ကလေးအတွက်ဆေးရရှိရေးကျန်းမာရေးပြန်ကောင်းဘို့တတ်နိူင်သမျှကြိုးစားပေးပြီး ကျန်းမာလို့ကျောင်းတက်အရွယ်ရောက်တဲ့အထိ ကျမတာဝန်ယူစောင့်ရှောက်ပေးသွားပါမယ်ရှင်

ကျန်ရစ်တဲ့အဘွားဖြစ်သူအတွက်လဲ တတ်နိုင်သလောက်ဆန်၊ဆီ၊မုန့်ၤ၊ငွေကြေးကူညီထောက်ပံ့ပေးခဲ့ပြီး ကျမရင်ထဲမှာလဲကျန်းမာတဲ့ကလေးတွေပါမကအကြောင်းအမျိုးမျိုးကြောင့်

ကူးစက်ရောဂါခံစားနေရတဲ့ကလေးတွေအတွက် ကယ်တင်စောင့်ရှောက်ပေးဘို့အရိပ်တစ်နေရာ ဖန်တီးချင်စိတ်ပြင်းပြရင်းကျမကြိုးစားဖို့တွေဒီသမီးလေးကိုကြည့်ပြီး ခွန်အားတွေဖြစ်စေလာခဲ့တယ်သမီးလေးအသက်ရှင်ရပ်တည်နိုင်ဖို့ ဝိုင်းဝန်းဆုတောင်းမေတ္တာလေးတွေနဲ့ဆုတောင်းပေးကြဖို့မျှော်လင့်တောင်းခံပါရစေရှင်

”ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာပုံရိပ်လေးတွေနဲ့အတူဖော်ပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့သမီးလေးကျန်းမာရေးအမြန်ကောင်းလာအောင် ဆုတောင်းပေးခဲ့ပါဦးနော်။

Source:Khine Hnin Wai






ကလေးအတွက်ဆေးရရှိရေးကျန်းမာရေးပြန်ကောင်းဘို့တတ်နိုင်သမျှကြိုးစားပေးပြီး ကျန်းမာလို့ကျောင်းတက်အရွယ်ရောက်တဲ့အထိ ကျမတာဝန်ယူစောင့်ရှောက်ပေးသွားပါမယ်ရှင်

ကျန်ရစ်တဲ့အဘွားဖြစ်သူအတွက်လဲ တတ်နိုင်သလောက်ဆန်၊ဆီ၊မုန့်င်္၊ငွေကြေးကူညီထောက်ပံ့ပေးခဲ့ပြီး ကျမရင်ထဲမှာလဲကျန်းမာတဲ့ကလေးတွေပါမကအကြောင်းအမျိုးမျိုးကြောင့်



Source:Khine Hnin Wai

88 Shares

Leave a Reply

88 Shares
Share88
Tweet