Celebrity

အဆိုတော် ခင်ဘုဏ်ရဲ့ မိခင် Covid ကူးစက်ခံရပြီး positive တွေ့ရှိ

အဆိုတော် ခင်ဘုဏ်ရဲ့ မိခင် Covid positive တွေ့ရှိ

ခင်ဘုဏ်း အမေ ၇၂နှစ် က မမျှော်လင့်ပဲ Covid positive ဖြစ်လို့ ရိုးမအိမ်ယာ မှာ ရောက်နေပါတယ်

လူနာထားဖို့ မသင့်တော်တဲ့နေရာမှာ လူနာတွေ စု ထားပြီး ဂရုစိုက်စောင့်ရှောက် မှုလည်းမရှိပါဘူး။ အမေက အသက်ရှုမဝတတ်သူမို့ ပြတင်းပေါက်ဘေးနားမှာ တံခါးဖွင့်ပြီးအိပ်နေရတယ်။

တစ်ကယ်ဆို အခြေအနေ မဆိုးတဲ့ Positive ဖြစ်တဲ့သူတွေ Hotel Quarantine ပဲ ဖြစ်ဖြစ် Home Quarantine ပဲဖြစ်ဖြစ် Positive တွေအတွက် Center လုပ်ပြီးထားလိုက် သင့်ပါတယ်။

ဒါဆိုရင် တကယ်အခြေအနေဆိုးပြီးလိုအပ်တဲ့သူတွေကို ပိုပြီးအပြည့်အဝ စောင့်ရှောက် မှုပေးနိုင်မှာပါ။

အခြေအနေဆိုးရင်တော့ ဘယ်မှာပဲရောက်ရောက်ဆေးရုံပို့ပေါ့။လူတွေအများကြီး ကို တာဝန်ယူတာကို တကယ် ကျေးဇူးတင်ပါတယ် ခက်ခဲမှာလည်း နားလည်ပါတယ်။

လူအများကြီး ကို ကျွေးရတာမို့ အခက်အခဲဖြစ်တာလည်း နားလည်ပါတယ်။ ညနေလေးနာရီထိ နေ့လည်စာထမင်းရောက် မလာတာ ကတော့ လူနာအတွက် အဆင် မပြေလှပါဘူး။

အမေက ဆီးချိုရောဂါ အခံရှိတဲ့ သူမို့ စိတ်ပူရတဲ့အထဲထမင်းချိန်မမှန်၊ ဆေးတိုက် မယ့်သူ အဖျားတိုင်းပေးမယ့်သူတောင်မရှိ၊ နေရတာ နေရာထိုင်ခင်းအဆင်မပြေနဲ့မို့ရောဂါထပ်ရမှာလည်း စိတ်ပူရ၊

လေစိမ်းတွေမိပြီး ဖျားမှာလည်းပူရ၊ အစာအချိန်မှန်မှန် မပို့လို့ အစားမဝင်ရင် ဆီးချိုကျပြီး ဒုက္ခများပါတော့မယ်အမေ အသက်၇၀ ကျော်ကို အဝေးကနေပြီး စိတ်တွေပူရလွန်းလို့ ကျမအိပ်လို့တောင်မရဘူး

သေချာစဉ်းစားပြီး အကောင်းဆုံး အချိန်မှီ ပြင်ဆင်ကြပါလို့ တောင်းပန်ပါတယ် ကျမ ရင်တွေနာနေရပါပြီ ရောဂါအခံရှိတဲ့ အသက် ၇၂နှစ် ကျမ အမေ ကို တစ်နေရာ ပြောင်းပေးကြပါတော့

ခင်ဘုဏ်း

PS. ပရဟိတ သမားတွေ စေတနာအပြည့်နဲ့ ပင်ပန်းကြမယ်ဆိုတာ နားလည်ပါတယ် လေးစားကျေးဇူးတင်ပါတယ် ကျမ အမေ အို ကိုဆေးရုံ မှာ ထားမှ စိတ်ချ အဆင်ပြေမှာမို့ပါ











ခင်ဘုဏ်း


0 Shares

Leave a Reply

0 Shares
Share
Tweet