Celebrity

ဆန်အိတ်နဲ့ စားသုံးဆီတွေ လှူဒါန်းပေးခဲ့တဲ့ မင်သား မြင့်မြတ်တို့မိသားစု

ဆန်အိတ်နဲ့ စားသုံးဆီတွေ လှူဒါန်းပေးခဲ့တဲ့ မင်သား မြင့်မြတ်တို့မိသားစု

နိုင်ငံကျော် သရုပ်ဆောင်မြင့်မြတ်ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားကြီးတွေမှာ ကျရာဇာတ်ရုပ်အတိုင်း တသွေမတိမ်း သရုပ်ဆောင်နိုင်ပေမယ့် သူ့ရဲ့အပြင် လက်တွေ့ဘဝက ပုံစံကတော့ အရမ်းကို ရိုးရှင်းပြီး အေး ဆေးလှတာပဲ ဖြစ်ပါတယ်။

မြင့်မြတ်လိုပဲ မြင့်မြတ်ရဲ့ အိမ်သူသက်ထား ချစ်ဇနီး မခင်သူအောင်ကလည်း အနေအထိုင် အေးဆေးသူတစ်ယောက်ဖြစ်ပြီး မင်းသားတစ်ယောက်ရဲ့ ဇနီးဆိုပြီး ထောင်လွှားခြင်းမရှိပဲ ရိုးရိုးအေးအေးလေးသာ နေတတ်သူပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေက မြင့်မြတ်တို့ ဇနီးမောင်နှံနဲ့တကွ သားလေး မြတ်သူကိုပါ အချစ်ပိုနေရတာလဲ ဖြစ်ပါတယ်။

အလှူအတန်းတွေကိုလည်း အမြဲမပြတ်လုပ်ကိုင်လေ့ရှိတဲ့ မြင့်မြတ်တို့ မိသားစုက ကိုဗစ်ကာလာ အလှူငွေ သိန်းရာချီပြီး လှူဒါန်းခဲ့ပေမယ့် လူလုံးထွက်ပြခြင်းလည်း မရှိတာကို ပရိသတ်ကြီးအားလုံး သတိထားမိကြမယ် ထင်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၁၆) ရက်နေ့မှာလည်း မြင့်မြတ်တို့ မိသားစုက မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်ရှိ အခြေခံလူတန်းစားများအတွက် ဆန်အိတ်နဲ့ စားသုံးဆီများလှူဒါန်းခဲ့ရာ

ကိုယ်တိုင်လာရောက်လှူဒါန်းခဲ့ခြင်းမရှိပဲ တပည့်တပန်းတွေကသာ သွားရောက် လှူဒါန်းပေးခဲ့ကြတာကို အခုလိုပဲ တွေ့ရပါတယ်။

မြင့်မြတ်တို့ မိသားစုလေးကတော့ ပြည့်စုံသူတွေပီပီ ချို့တဲ့သူတွေရဲ့ လိုအပ်ချက်တွေကို တစ်ထောင့်တစ်နေရာကနေ ဖြည့်စည်းပေးနေကြတဲ့ စေတနာရှင် မိသားစုပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မြင့်မြတ်တို့ မိသားစုရဲ့ ကုသိုလ်လေးကို ဝမ်းမြောက်စွာ သာဓုခေါ်ဆိုပေးကြပါဦးနော်။Source:

Myat Wai Tun’s fb

ဆန္အိတ္နဲ႔ စားသုံးဆီေတြ လႉဒါန္းေပးခဲ့တဲ့ မင္သား ျမင့္ျမတ္တို႔မိသားစု

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ျမင့္ျမတ္ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားႀကီးေတြမွာ က်ရာဇာတ္႐ုပ္အတိုင္း တေသြမတိမ္း သ႐ုပ္ေဆာင္ႏိုင္ေပမယ့္ သူ႔ရဲ႕အျပင္ လက္ေတြ႕ဘဝက ပုံစံကေတာ့ အရမ္းကို ႐ိုးရွင္းၿပီး ေအး ေဆးလွတာပဲ ျဖစ္ပါတယ္။

ျမင့္ျမတ္လိုပဲ ျမင့္ျမတ္ရဲ႕ အိမ္သူသက္ထား ခ်စ္ဇနီး မခင္သူေအာင္ကလည္း အေနအထိုင္ ေအးေဆးသူတစ္ေယာက္ျဖစ္ၿပီး မင္းသားတစ္ေယာက္ရဲ႕ ဇနီးဆိုၿပီး ေထာင္လႊားျခင္းမရွိပဲ ႐ိုး႐ိုးေအးေအးေလးသာ ေနတတ္သူပဲ ျဖစ္ပါတယ္။

အဲ့ဒါေၾကာင့္လည္း ပရိသတ္ေတြက ျမင့္ျမတ္တို႔ ဇနီးေမာင္ႏွံနဲ႔တကြ သားေလး ျမတ္သူကိုပါ အခ်စ္ပိုေနရတာလဲ ျဖစ္ပါတယ္။

အလႉအတန္းေတြကိုလည္း အၿမဲမျပတ္လုပ္ကိုင္ေလ့ရွိတဲ့ ျမင့္ျမတ္တို႔ မိသားစုက ကိုဗစ္ကာလာ အလႉေငြ သိန္းရာခ်ီၿပီး လႉဒါန္းခဲ့ေပမယ့္ လူလုံးထြက္ျပျခင္းလည္း မရွိတာကို ပရိသတ္ႀကီးအားလုံး သတိထားမိၾကမယ္ ထင္ပါတယ္။

ဒီကေန႔ စက္တင္ဘာလ (၁၆) ရက္ေန႔မွာလည္း ျမင့္ျမတ္တို႔ မိသားစုက မရမ္းကုန္းၿမိဳ႕နယ္၊ (၁၀) ရပ္ကြက္ရွိ အေျခခံလူတန္းစားမ်ားအတြက္ ဆန္အိတ္နဲ႔ စားသုံးဆီမ်ားလႉဒါန္းခဲ့ရာ

ကိုယ္တိုင္လာေရာက္လႉဒါန္းခဲ့ျခင္းမရွိပဲ တပည့္တပန္းေတြကသာ သြားေရာက္ လႉဒါန္းေပးခဲ့ၾကတာကို အခုလိုပဲ ေတြ႕ရပါတယ္။

ျမင့္ျမတ္တို႔ မိသားစုေလးကေတာ့ ျပည့္စုံသူေတြပီပီ ခ်ိဳ႕တဲ့သူေတြရဲ႕ လိုအပ္ခ်က္ေတြကို တစ္ေထာင့္တစ္ေနရာကေန ျဖည့္စည္းေပးေနၾကတဲ့ ေစတနာရွင္ မိသားစုပဲ ျဖစ္ပါတယ္။

ပရိသတ္ႀကီးလည္း ျမင့္ျမတ္တို႔ မိသားစုရဲ႕ ကုသိုလ္ေလးကို ဝမ္းေျမာက္စြာ သာဓုေခၚဆိုေပးၾကပါဦးေနာ္။Source:

Myat Wai Tun’s fb

0 Shares

Leave a Reply

0 Shares
Share
Tweet