Celebrity

ကိုဗစ်ရောဂါပိုး ရှိ/မရှိ ဆိုတာကို စစ်ဆေးခဲ့ကြရတဲ့ Project K အဖွဲ့ရဲ့ ဗီဒီယိုဖိုင်

ကိုဗစ်ရောဂါပိုး ရှိ/မရှိ ဆိုတာကို စစ်ဆေးခဲ့ကြရတဲ့ Project K အဖွဲ့ရဲ့ ဗီဒီယိုဖိုင်

လူချောလေး ၇ဦး နဲ့ဖွဲ့စည်းထားတဲ့ မြန်မာကေပေါ့ပ်အဖွဲ့ Project K ကတော့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေရမှာဖြစ်ပါတယ်။

Project K အဖွဲ့ဝင်တွေကတော့ ထိုပွဲမှာ မြန်မာ နိုင်ငံကိုယ်စားပြုအနေနဲ့ ဖျော်ဖြေဖို့အတွက် စက်တင်ဘာ ၁၄ရက်မှစပြီး ကိုရီးယားနိုင်ငံကို Training သွား ရောက်ကြပြီဖြစ်ပြီပဲဖြစ်ပါတယ်။

ကိုရီးယားသို့မသွားခင် Project K အဖွဲ့ဝင်များအားလုံး Covid 19 Swab test စစ်ဆေးရာမှာ Negative ဖြစ်တယ်လို့ အဖြေထွက်လာတာကြောင့် သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဆေးစစ်ချက်အဖြေနဲ့တကွ ဗီဒီယိုလေးကိုပါ မျှဝေပေးခဲ့တာပါ။

”ကျွန်တော်တို့ Project K Members တွေအားလုံး Negative ပါဗျ။ ဒီ Video လေးကိုတင်ပေးရ ခြင်းရည်ရွယ်ချက်ကတော့ ကျွန် တော်တို့တွေအားလုံး ကျန်းမာရေး ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့ အတူ

ကိုရီးယားကိုသွားရောက်ဖျော် ဖြေမယ်ဆိုတာ အသိပေးချင်တာ ရယ်၊ Covid 19 Swab test စစ်ဖို့ ကြောက်နေကြသူတွေအတွက်လုံးဝ ကြောက်စရာမကောင်းဘူးဆိုတာ ပြောပြချင်တာပါ

(လုံးဝမနာပါ ဘူး။ နှာခေါင်းထဲထည့်ချိန်မှာ ရေ မွန်းသလိုမျိုးခံစားရပြီး ပါးစပ်ထဲ ထည့်တဲ့အချိန် လက်ညှိုးထိုးအန် သလိုမျိုးသာခံစားရပါတယ်)”လို့ အဖွဲ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Project K အဖွဲ့ဟာ ကိုရီယားနိုင်ငံမှာကျင်းပခဲ့တဲ့ Seoul International Cover Dance ပြိုင်ပွဲမှာ 1st Runner Up ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

အနုပညာရှင်များစွာဖျော်ဖြေမယ့် ဒီပွဲတော်မှာ ကိုရီးယားသီချင်းတစ်ပုဒ် မြန်မာသီချင်းတစ်ပုဒ်ဖျော်ဖြေခွင့်ရမှာဖြစ်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ဖို့ အခုထဲက နေ့တိုင်းလေ့ကျင့်နေတယ်လို့ သိရပါတယ်။

သူတို့ဟာ ခရီးစဉ်တစ်လျှောက် ကျန်းမာရေးကိုအထူးဂရုစိုက်သွားမယ်လို့ဆိုထားပြီး ပရိသတ်တွေအတွက်လည်း ကျန်းမာရေးဂရုစိုက်ဖို့ ဆိုထားပါသေးတယ်။

“အားလုံးပဲ အပြင်ထွက်တိုင်း mask တပ်ပါ အရာဝတ္တုတစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးပါ အပြင်ထွက်စရာမရှိရင် အိမ်ထဲမှာနေတာအကောင်းဆုံးပါ

Positive လူနာနဲ့ဆက်စပ်သူများအား လာရောက်ခေါ်ဆောင်တာကိုတွေ့သည့်အခါတွင်လဲ ဓာတ်ပုံလုံးဝမရိုက်ကြပါနဲ့ လက်ခုပ်လေးတီးပြီး အားပေးပေးပါ

ကျွန်တော်တို့ အားလုံးစည်းလုံးရင် ဒီကပ်ဆိုးကြီးက ကျော်လွှားနိုင်မှာပါ အဲ့ဒါကြောင့် အားလုံး “ လူချင်းခပ်ခွါခွါနေ၍ နှလုံးသားချင်းနီးပေးပါ “ LOVE YOU ALL … Saranghaeyo … ” လို့ သူတို့ရဲ့ဖေ့ဘွက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ကိုရီးယားမှာ ထပ်စစ်တဲ့အဖြေကလည်း Negative ပဲဖို့ စိတ်ချလက်ချနဲ့ လေ့ကျင့်ကာ မြန်မာမှုအငွေ့အသက်တွေပါဝင်နေတဲ့ အနုပညာကို ချပြနိုင်အောင်ကြိုးစားနေကြပါပြီ။

ပရိသတ်ကြီးလည်း အောက်တိုဘာ ၁၀ ရက်နေ့မှာကျင်းပမယ့်ပွဲမှာ Project K ဘယ်လိုတွေဖျော်ဖြေပေးမလဲဆိုတာကို လူချင်းခွာခွာနေကာ နှလုံးသားချင်းနီးရင်း စောင့်စားလိုက်ကြရအာင်နော်။

Yin Khat Pan ( Writer – LLA )

video ၾကည့္ရန္…

ကိုဗစ္ေရာဂါပိုး ရွိ/မရွိ ဆိုတာကို စစ္ေဆးခဲ့ၾကရတဲ့ Project K အဖြဲ႕ရဲ့ ဗီဒီယိုဖိုင္

လူ​ေခ်ာ​ေလး ၇ဦး နဲ႔ဖြဲ႕စည္းထားတဲ့ ျမန္​မာ​ေက​ေပါ့ပ္​အဖြဲ႕ Project K က​ေတာ့ Asia Song Festival 2020 မွာ ျမန္မာနိုင္ငံကိုယ္စားျပဳအေနနဲ႔ သြားေရာက္ေဖ်ာ္ေျဖရမွာျဖစ္​ပါတယ္​။

Project K အဖြဲ႕ဝင္​​ေတြက​ေတာ့ ထိုပြဲမွာ ျမန္မာ နိုင္ငံကိုယ္စားျပဳအေနနဲ႔ ေဖ်ာ္ေျဖဖို႔အတြက္​ စက္တင္ဘာ ၁၄ရက္မွစၿပီး ကိုရီးယားနိုင္​ငံကို Training သြား ေရာက္ၾကၿပီျဖစ္​ၿပီပဲျဖစ္​ပါတယ္​။

ကိုရီးယားသို႔မသြားခင္​ Project K အဖြဲ႕ဝင္​မ်ားအားလုံး Covid 19 Swab test စစ္ေဆးရာမွာ Negative ျဖစ္​တယ္​လို႔ အ​ေျဖထြက္​လာတာ​ေၾကာင့္ သူတို႔ရဲ့လူမႈကြန္​ရက္​စာမ်က္​ႏွာမွာ ​ေဆးစစ္​ခ်က္​အ​ေျဖနဲ႔တကြ ဗီဒီယို​ေလးကိုပါ မၽွ​ေဝ​ေပးခဲ့တာပါ။

”ကၽြန္ေတာ္တို႔ Project K Members ေတြအားလုံး Negative ပါဗ်။ ဒီ Video ေလးကိုတင္ေပးရ ျခင္းရည္ရြယ္ခ်က္ကေတာ့ ကၽြန္ ေတာ္တို႔ေတြအားလုံး က်န္းမာေရး ဦးစီးဌာနရဲ့ ညႊန္ၾကားခ်က္ေတြနဲ႔ အတူ

ကိုရီးယားကိုသြားေရာက္ေဖ်ာ္ ေျဖမယ္ဆိုတာ အသိေပးခ်င္တာ ရယ္၊ Covid 19 Swab test စစ္ဖို႔ ေၾကာက္ေနၾကသူေတြအတြက္လုံးဝ ေၾကာက္စရာမေကာင္းဘူးဆိုတာ ေျပာျပခ်င္တာပါ

(လုံးဝမနာပါ ဘူး။ ႏွာေခါင္းထဲထည့္ခ်ိန္မွာ ေရ မြန္းသလိုမ်ိဳးခံစားရၿပီး ပါးစပ္ထဲ ထည့္တဲ့အခ်ိန္ လက္ညႇိုးထိုးအန္ သလိုမ်ိဳးသာခံစားရပါတယ္)”လို႔ အဖြဲ႕ရဲ့ Facebook စာမ်က္ႏွာမွာ ​ေဖာ္ျပထားပါတယ္​။

Project K အဖြဲ႕ဟာ ကိုရီယားနိုင္ငံမွာက်င္းပခဲ့တဲ့ Seoul International Cover Dance ၿပိဳင္ပြဲမွာ 1st Runner Up ဆုကို ရရွိခဲ့တာျဖစ္​ပါတယ္​။

အႏုပညာရွင္​မ်ားစြာ​ေဖ်ာ္​​ေျဖမယ့္ ဒီပြဲ​ေတာ္​မွာ ကိုရီးယားသီခ်င္းတစ္​ပုဒ္​ ျမန္​မာသီခ်င္းတစ္​ပုဒ္​​​ေဖ်ာ္​​ေျဖခြင့္ရမွာျဖစ္​ၿပီး နိုင္​ငံ့ဂုဏ္​​ေဆာင္​နိုင္​ဖို႔ အခုထဲက ​ေန႔တိုင္း​ေလ့က်င့္​ေနတယ္​လို႔ သိရပါတယ္​။

သူတို႔ဟာ ခရီးစဥ္​တစ္​​ေလၽွာက္​ က်န္းမာ​ေရးကိုအထူးဂ႐ုစိုက္​သြားမယ္​လို႔ဆိုထားၿပီး ပရိသတ္​​ေတြအတြက္​လည္း က်န္းမာ​ေရးဂ႐ုစိုက္​ဖို႔ ဆိုထားပါ​ေသးတယ္​။

“အားလုံးပဲ အျပင္ထြက္တိုင္း mask တပ္ပါ အရာဝတၱဳတစ္ခုခုကိုင္ၿပီးတိုင္း လက္ေဆးပါ အျပင္ထြက္စရာမရွိရင္ အိမ္ထဲမွာေနတာအေကာင္းဆုံးပါ

Positive လူနာနဲ႔ဆက္စပ္သူမ်ားအား လာေရာက္ေခၚေဆာင္တာကိုေတြ႕သည့္အခါတြင္လဲ ဓာတ္ပုံလုံးဝမရိုက္ၾကပါနဲ႔ လက္ခုပ္ေလးတီးၿပီး အားေပးေပးပါ

ကၽြန္ေတာ္တို႔ အားလုံးစည္းလုံးရင္ ဒီကပ္ဆိုးႀကီးက ေက်ာ္လႊားနိုင္မွာပါ အဲ့ဒါေၾကာင့္ အားလုံး “ လူခ်င္းခပ္ခြါခြါေန၍ ႏွလုံးသားခ်င္းနီးေပးပါ “ LOVE YOU ALL … Saranghaeyo … ” လို႔ သူတို႔ရဲ့​ေဖ့ဘြက္​စာမ်က္​ႏွာမွာ ​ေရးသားထားပါတယ္​။

ကိုရီးယားမွာ ထပ္​စစ္​တဲ့အ​ေျဖကလည္း Negative ပဲဖို႔ စိတ္​ခ်လက္​ခ်နဲ႔ ​ေလ့က်င့္ကာ ျမန္​မာမႈအ​ေငြ႕အသက္​​ေတြပါဝင္​​ေနတဲ့ အႏုပညာကို ခ်ျပနိုင္​​ေအာင္​ႀကိဳးစား​ေနၾကပါၿပီ။

ပရိသတ္​ႀကီးလည္း ​ေအာက္​တိုဘာ ၁၀ ရက္ေန႔မွာ​က်င္းပမယ့္ပြဲမွာ Project K ဘယ္​လို​ေတြ​ေဖ်ာ္​​ေျဖ​ေပးမလဲဆိုတာကို လူခ်င္းခြာခြာ​ေနကာ ႏွလုံးသားခ်င္းနီးရင္း ​ေစာင့္စားလိုက္​ၾကရအာင္​​ေနာ္​။

Yin Khat Pan ( Writer – LLA )

0 Shares

Leave a Reply

0 Shares
Share
Tweet