Celebrity

Live လွှင့် ဈေးရောင်းရင်းရရှိလာတဲ့ အနုပညာကြေး (၁၅) သိန်းကို ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

Live လွှင့် ဈေးရောင်းရင်းရရှိလာတဲ့ အနုပညာကြေး (၁၅) သိန်းကို ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် လှူဒါန်းပေးခဲ့တဲ့ မေလသံစဉ်

တက်သစ်စ လူငယ်အနုပညာရှင်ဖြစ်သူ အဆိုတော်မလေး မေလသံစဉ်ကတော့ ကိုဗစ်ရောဂါကြောင့် Stay Home ထုတ်ပြန်ထားတဲ့ကာလမှာ အခြားနာမည်ကြီးအနုပညာရှင်များနည်းတူ သူမကိုဌားရမ်းလာတဲ့ စီးပွားရေးလုပ်ငန်းများအတွက် Live လွှင့်ပြီး ဈေးရောင်းပေးနေတာကိုလည်း တွေ့မြင်ရပါတယ်။

မေလသံစဉ်ဟာဆိုရင် ယခုလို ဈေးရောင်းရင်းရရှိလာတဲ့ သူမအတွက် အနုပညာကြေးတွေကိုတော့ ကုသိုလ်ရအောင်ရည်ရွယ်ပြီး ကိုဗစ်ရောဂါကာကွယ်ကုသရေးလုပ်ငန်းများအတွက် လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

မေလသံစဉ်က ဈေးရောင်းရင်းရရှိလာတဲ့ အနုပညာကြေး (၁၅) သိန်းကို ကိုဗစ်ရောဂါကာကွယ်ရာမှာအသုံးပြုရန်အတွက် WeLoveYangon အဖွဲ့သို့ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

မေလက သူမအသက်အရွယ်နဲ့ online ကနေ တိုက်ရိုက် live လွှင့်ပြီး ဈေးရောင်းရတာဟာ ခက်ခဲပင်ပန်းပေမယ့်လည်း အလှူပြုရန်ရည်ရွယ်ပြီး ဈေးရောင်းခဲ့တာဖြစ်ကြောင်းကို “တကယ်တော့ Live လွှင့်ပြီးဈေးရောင်းရတာ မေလ အသက်အရွယ်နဲ့ ပင်ပန်းတယ်လို့ ခံစားရပါတယ်။

Live တစ်လျှောက်လုံးလည်း အမှားမရှိအောင် ဂရုစိုက်ရတော့ စိတ်ရော လူပါ မောပါတယ်။ အမှန်အတိုင်းပြောရရင် Liveလွှင့် ဈေးရောင်းတာ မလုပ်ချင်ပေမယ့် အလှူအတွက်ဆိုပြီး အားတင်းလုပ်ခဲ့ရတာ

မေလရဲ့we love သံမဏိလေးတွေ နားလည်ပေးစေချင်ပါတယ်…မေလ အလှူလေးကို တစ်ဦး တစ်ယောက်မကျန် ကုသိုလ် ထပ်တူ ဝေမျှပါတယ်နော်” ဆိုကာ သူမရဲ့အလှူလေးကို အများသိ‌အောင် မျှဝေထားတာ ဖြစ်ပါတယ်။

Source_MayLaThanzin
မေလသံစဉ် celebrity Popolay








Source_MayLaThanzin

0 Shares

Leave a Reply

0 Shares
Share
Tweet