Celebrity

ယုန်လေးရဲ့ MTV နောက်ကွယ်က အရှုပ်ထုပ်တွေကို ဖေါ်ထုတ်လိုက်ကြပြီ

ယုန်လေးရဲ့ MTV နောက်ကွယ်က အရှုပ်ထုပ်တွေကို ဖေါ်ထုတ်လိုက်ကြပြီ

ယုန်လေးရဲ့ အရှုပ်ထုပ်ကို ဖြေခြင်း (၂)နောက်တစ်ယောက်ဆိုတာ ဘယ်သူလဲ?

ကိုယုန်လေးက သူ့အကောင့်မှာ ငြင်းသလို၊ မငြင်းသလိုလို ဝေ့လည်ကြောင်ပတ် ရှင်းတာတွေ့ပါတယ်။ ဒါကြောင့် ဆက်ဖော်ပါမယ်။

၃၀-၇-၂၀၂၀ ရက်နေ့မှာ ခင်ဗျားဟာ မြန်မာအမျိုးသားလေကြောင်းလိုင်းခရီးစဉ်101 လေယာဉ်နဲ့ ရန်ကုန်ကနေ နေပြည်တော်ကို မနက် ၈ နာရီလောက်မှာ ရောက်လာခဲ့တယ်။ (ခင်ဗျား Tablet ကိုင်ပြီး ထိုင်စီးလာတာကို တွေ့လိုက်တဲ့ မျက်မြင်သက်သေတွေ ရှိတယ်)

အဲဒီညမှာပဲ ခင်ဗျားဟာ နေပြည်တော်က စားသောက်ဆိုင်တစ်ဆိုင်မှာ

(၁) ဦးပိုက်ထွေး(ကြံ့ဖွတ်ကပြန်ကြားရေးဒုဝန်ကြီးဟောင်း)

(၂) ဦးနန္ဒာလှမြင့်(ကြံ့ဖွတ်ကပြောရေးဆိုခွင့်ရှိသူ)

(၃) နောက်တစ်ယောက်?တို့နဲ့တွေ့ဆုံခဲ့ကြတယ်။

ခင်ဗျားနဲ့တွေ့ခဲ့တဲ့ နောက်တစ်ယောက်ဆိုသူဟာ မာစီးဒီးကား YGN 5M-6969 (C200 Model) ကို စီးသူ ဖြစ်တယ်။ (အောက်မှာ ဓာတ်ပုံပြထားပါတယ်။) အဲဒီကားပိုင်ရှင်က ဗီဒီယိုဖိုင်နဲ့ပတ်သက်တဲ့ ကုန်ကျစရိတ်အားလုံးအပြင် ခင်ဗျားအတွက် ဘောက်ဆူးတွေကို တာဝန်ယူကျခံသွားတယ်။

သူ့ရဲ့ဇနီးသည်နဲ့ သမီး(၂)ယောက်ဟာ လက်ရှိ မန္တလေးမှာ နေထိုင်ပါတယ်။ တံတားဦးတစ်ဝိုက်မှာ သူ့ပိုင်မြေတွေ အများကြီးပါ။ သူက ခင်ဗျားကို ကျပ်သိန်းနှစ်ထောင်ကျော် ပေးခဲ့ပါတယ်။ နေပြည်တော်မှာ ခင်ဗျား သွားတွေ့ခဲ့တယ်ဆိုတဲ့ စားသောက်ဆိုင်ဟာ သူ မကြာခဏ သွားရောက်လေ့ရှိတဲ့ ဆိုင်ပါပဲ။

ဒါ့ကြောင့် ဒီဆိုင်ကို ခင်ဗျားတို့ သွားတွေ့ရတာဖြစ်တယ်။ သူ့နာမည် “သုံးလုံး” ၊ ၁၉၈၉ ခုနှစ်မှာ ……တက္ကသိုလ်က ဘွဲ့ရတယ်။

ကိုယုန်လေး – ခင်ဗျားကို ပြောချင်ပါတယ်။ “နိုင်ငံရေးလှည့်ကွက်တွေကြား ရောက်သွားမိတာပါ။ အခုတော့ မပြောချင်ပါဘူး။ ရွေးကောက်ပွဲပြီးမှ ရှင်းပြပါရစေ” ဆိုပြီး မေးလာတဲ့မီဒီယာတွေကို ခင်ဗျား ဖြေတယ်နော်။ ဒီတော့ ခင်ဗျားကို မေးချင်တယ်။

ယုန်လေးအတွက် မေးခွန်းများ

(၁) ရွေးကောက်ပွဲပြီးမှ ဆိုတဲ့ အဓိပ္ပါယ်က ဘာလဲ? ရွေးကောက်ပွဲအတွက်လုပ်တဲ့ MTV ဆိုတာ ရွေးကောက်ပွဲပြီးမှ ခင်ဗျား ဝန်ခံမှာလား?

(၂) နာမည် “သုံးလုံး” နဲ့လူဆီကရတဲ့ သိန်းနှစ်ထောင်ကျော် ကုန်သွားပြီလား။ နောက်ထပ် ဘာထပ်လုပ်ခိုင်းထားသေးလဲ?

(၃) ဇူလိုင်လ ၃၀ ရက်နေ့က Tablet လေးကိုင်ပြီး ခင်ဗျားစီးတဲ့လေယာဉ်မှာ အတူတူ စီးခဲ့တဲ့ မျက်မြင်သက်သေတွေ ရှိတယ်။ နေပြည်တော်ကို မသွားဘူးလို့ ခင်ဗျား ငြင်းရဲလား? (လေယာဉ်စီးရင် ခင်ဗျားနာမည်အရင်း နာမည်သုံးလုံးနဲ့ စီးခဲ့တာပါ)

(၄) ခင်ဗျားနဲ့ ဦးပိုက်ထွေး၊ နန္ဒာလှမြင့် အရင်တွေ့ပြီးတော့မှ ပိုက်ဆံထုတ်ပေးတဲ့ နာမည်သုံးလုံးနဲ့လူကို အဲဒီစားသောက်ဆိုင်မှာ လာတွေ့တာ ခင်းဗျား ငြင်းရဲလား?

(၅) ဒီတစ်ခါ ဖင်ပိတ်ငြင်းရင် ခင်ဗျားအတွက် နောက်ထပ် အထောက်အထားတွေ ထပ်ဖော်မယ်။ ဒီတစ်ခါထပ်ဖော်ရင် နာမည်သုံးလုံးနဲ့လူရဲ့ အဖွဲ့အစည်း၊ သူ့ရဲ့ဓာတ်ပုံ၊ သူ့နောက်ကြောင်းကအစ ထပ်ဖော်မယ်။ အဲဒီအချိန်ရောက်ရင် ခင်ဗျားလိမ်ထားတာ တစ်တိုင်းပြည်လုံးသိမယ်။

နောက်ဆုံးပြောချင်တာက တစ်ခုချင်း ထုတ်ပြနေတာပါ။ ထုတ်ပြစရာ အများကြီး ရှိနေတာကို မမေ့နဲ့ ယုန်လေးရေ။ ခင်ဗျားတို့ရဲ့ ပူးပေါင်းကြံစည်မှုဟာ တိုင်းပြည်အတွက် ဘယ်လောက် အန္တရာယ်ကြီးတယ်ဆိုတာ ခင်ဗျား သိပါစေ။

Credit : Shwe Yoe Maung




















Credit : Shwe Yoe Maung

0 Shares

Leave a Reply

0 Shares
Share
Tweet