Celebrity

ကျန်းမာရေးမကောင်းတဲ့လူကြမ်းသရုပ်ဆောင် ဦးစိန်သန်းအားအလှူငွေ လှူဒါန်းပေးခဲ့တဲ့ အကယ်ဒမီ နေတိုး

ကျန်းမာရေးမကောင်းတဲ့လူကြမ်းသရုပ်ဆောင် ဦးစိန်သန်းအားအလှူငွေ လှူဒါန်းပေးခဲ့တဲ့ အကယ်ဒမီ နေတိုး

မင်းသားချောလေး နေတိုးကတော့ ှုတ်ခမ်းနီမလေးတွေရဲ့အထူးအားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့သူပဲ ဖြစ်ပါတယ်။

နေတိုးဟာသရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်နေတဲ့ထိပ်တန်းအနုပညာရှင်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပိုင်းမှာလည်းဘယ်သီချင်းတွေမဆို ကျွမ်းကျင်ပိုင်နိုင်စွာအသံချိုချိုအေးအေးလေးတွေနဲ့သီဆိုတတ်တဲ့အစွယ်စုံရအနုပညာရှင် ဖြစ်တာကြောင့်အနုပညာမောင်နှမတွေကလည်း လေးစားအားကျနေရတာဖြစ်ပါတယ်။

ယနေ့အချိန်လည်း နေတိုးကအိမ်ထောင်မပြုသေးပဲ အေးအေးချမ်းချမ်းအနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ချစ်ရတဲ့မိသားစုနဲ့အတူ နေထိုဝန်ကာလလေးမှာလည်း နေတိုးကလိုအပ်နေတဲ့သူတွေအတွက်အလှူငွေလေးတွေကိုလည်းတတ်နိုင်သလောက်လှူဒါန်းပေးတာကိုတွေ့ရပါတယ်။

ယခုမှာလည်း နေတိုးကကျန်းမာရေးမကောင်းတဲ့လူကြမ်းသရုပ်ဆောင်ဦးစိန်သန်းအတွက်အလှူငွေ(၂)သိန်းကျပ်တိတိကိုသရုပ်ဆောင်ဦးအောင်ခိုင်မှတစ်ဆင့်လှူဒါန်းပေးခဲ့ပါတယ်။

ဦးအောင်ခိုင်ရဲ့လူမှူကွန်ယက်မှာတော့သွားရောက်လှူဒါန်းပေးတာနဲ့ပတ်သက်ပြီး ပြောပြထားရာမှာလည်း “ကျန်းမာရေးမကောင်းရှာသောလူကြမ်းသရုပ်ဆောင် ဦးစိန်သန်းအားအကယ်ဒမီနေတိုးမှလှူဒါန်းသောငွေကျပ်(၂)သိန်းနှင့်

မော်လမြိုင်မြို့မှအလှူရှင်တစ်ဦးလှူဒါန်းသော ငွေကျပ်(၁)သိန်းစုစုပေါင်းငွေကျပ်(၃)သိန်းအား ဆေးရုံမသွားခင်အမှီသွားရောက်ပြီးကိုယ်စားလှူဒါန်းပေးခဲ့ပါတယ်ဆိုပြီး ရေးသားထားပါတယ်။

ကဲချစ်ပရိသတ်ကြီးရေမွန်မြတ်တဲ့အလှူလေးတစ်ခုကိုတတ်နိုင်သလောက်လှူဒါန်းပေးတဲ့မင်းသားနေတိုးကိုဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။


မင်းသားချော​လေး နေတိုးကတေှာု့တ်ခမ်းနီမလေးတွေရဲ့အထူးအားပေးချစ်ခင်မှုတွေကိုရရှိထားတဲ့သူပဲ ဖြစ်ပါတယ်။








0 Shares

Leave a Reply

0 Shares
Share
Tweet