Celebrity

နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဝန်ထမ်းအချို့ Home Quarantine ဝင်လိုက်ကြရပြီ

နာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဝန်ထမ်းအချို့ Home Quarantine ဝင်လိုက်ကြရပြီ

နာရေးကူညီမှုအသင်း (ရန်ကုန်)မှဝန်ထမ်းတစ်ဦး အနံ့ပျောက်၍ ယင်းဝန်ထမ်းနှင့်ထိတွေ့ခဲ့သည့် အသင်းဥက္ကဋ္ဌ ဦးကျော်သူအပါအဝင် အခြားဝန်ထမ်းများပါ Home Quarantine နေထိုင်လျက်ရှိကြောင်း သိရသည်။

“ဒီဝန်ထမ်းက ကျွန်တော်နဲ့ထိတွေ့ထားတော့ သေချာအောင်လုပ်နေတယ်။ အခုချိန်က ဝန်ထမ်းအင်အားလျှော့နေတော့ ကိုယ်တိုင်လည်း အလုပ်ဝင်လုပ်နေတယ်။

အဲဒီအတွက်ကြောင့် အခြားသူတွေမထိအောင် ကျွန်တော်တို့သေသေချာချာလုပ်ဆောင်ရမယ်။ နောက်သုံးရက်လောက်ဆို ဆေးစစ်ပါ့မယ်” ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ ပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် နေ့စဉ် ရောဂါပိုးတွေ့ရှိသည့် လူနာများအား သက်ဆိုင်ရာဆေးရုံများသို့ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး

Quarantine ဝင်ရောက်ရမည့်သူများအား သက်ဆိုင်ရာ Quarantine Center များသို့ တစ်နေ့လျှင် ပျမ်းမျှလူနာ ၅၀ ခန့် ပို့ဆောင်ပေးလျက်ရှိသည်။

သတင်း – ထူးထူး/စံတော်ချိန်
ဓာတ်ပုံ − နာရေးကူညီမှုအသင်း (ရန်ကုန်)

နာေရးကူညီမႈအသင္းမွ ဥကၠ႒ ဦးေက်ာ္သူႏွင့္ ဝန္ထမ္းအခ်ိဳ႕ Home Quarantine ဝင္လိုက္ၾကရျပီ

နာေရးကူညီမႈအသင္း (ရန္ကုန္)မွ၀န္ထမ္းတစ္ဦး အနံ႔ေပ်ာက္၍ ယင္း၀န္ထမ္းႏွင့္ထိေတြ႕ခဲ့သည့္ အသင္းဥကၠ႒ ဦးေက်ာ္သူအပါအဝင္ အျခား၀န္ထမ္းမ်ားပါ Home Quarantine ေနထိုင္လ်က္ရွိေၾကာင္း သိရသည္။

“ဒီ၀န္ထမ္းက ကြၽန္ေတာ္နဲ႔ထိေတြ႕ထားေတာ့ ေသခ်ာေအာင္လုပ္ေနတယ္။ အခုခ်ိန္က ၀န္ထမ္းအင္အားေလွ်ာ့ေနေတာ့ ကိုယ္တိုင္လည္း အလုပ္၀င္လုပ္ေနတယ္။

အဲဒီအတြက္ေၾကာင့္ အျခားသူေတြမထိေအာင္ ကြၽန္ေတာ္တို႔ေသေသခ်ာခ်ာလုပ္ေဆာင္ရမယ္။ ေနာက္သုံးရက္ေလာက္ဆို ေဆးစစ္ပါ့မယ္” ဟု နာေရးကူညီမႈအသင္း (ရန္ကုန္) ဥကၠ႒ ဦးေက်ာ္သူက စံေတာ္ခ်ိန္ဒစ္ဂ်စ္တယ္သို႔ ေျပာသည္။

နာေရးကူညီမႈအသင္း(ရန္ကုန္) အေနျဖင့္ ေန႔စဥ္ ေရာဂါပိုးေတြ႕ရွိသည့္ လူနာမ်ားအား သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ လူနာတင္ယာဥ္မ်ားျဖင့္ ပို႔ေဆာင္ေပးလ်က္ရွိၿပီး

Quarantine ဝင္ေရာက္ရမည့္သူမ်ားအား သက္ဆိုင္ရာ Quarantine Center မ်ားသို႔ တစ္ေန႔လွ်င္ ပ်မ္းမွ်လူနာ ၅၀ ခန႔္ ပို႔ေဆာင္ေပးလ်က္ရွိသည္။

သတင္း – ထူးထူး/စံေတာ္ခ်ိန္
ဓာတ္ပုံ − နာေရးကူညီမႈအသင္း (ရန္ကုန္)

0 Shares

Leave a Reply

0 Shares
Share
Tweet