Health

အိမ်ထောင်ရှင် ညီမလေးတို့ မဖြစ်မနေ သိထားသင့်တဲ့ သားအိမ်ခေါင်း ရောင်ရမ်းခြင်းအကြောင်း သိကောင်းစရာများ

အိမ်ထောင်ရှင် ညီမလေးတို့ မဖြစ်မနေ သိထားသင့်တဲ့ သားအိမ်ခေါင်း ရောင်ရမ်းခြင်း

သို့.. ညီမလေး…

အိမ်ထောင်ရှင်ညီမလေးတို့အနေနဲ့ အဖြူဆင်းရင် သိထားသင့်တဲ့ အခြေအနေလေးတစ်ခုကို ပြောပြချင်ပါတယ်။

တစ်ခါတစ်ခါ မှိုစွဲတာ ၊ ပိုးဝင်တာမျိုးမဟုတ်ဘဲ အဖြူဆင်းတာ မိန်းမကိုယ်အနံ့နံတာတွေ ဖြစ်စေတဲ့ အခြေအနေတစ်ခုကတော့ သားအိမ်ခေါင်းရောင်ရမ်းခြင်းပါ။ သားအိမ်ရောင်တာနဲ့ မတူဘူးနော်…

အရင်ဆုံးသားအိမ်ခေါင်းဟာ ဘယ်လိုနေရာမှာရှိလဲပြောပြချင်ပါတယ်။

မိန်းမကိုယ်ရဲ့ အဝပြီးရင် အတွင်းဘက်မှာ မွေးလမ်းကြောင်းရှိပါတယ်။ သူ့အပေါ်မှာမှ သားအိမ်ခေါင်းလေး ရှိနေတာပါ။ သားအိမ်နဲ့ မွေးလမ်းကြောင်းကို ခြားပေးထားတဲ့ ဝင်ပေါက်လေးလို့ပဲ ပြောရမှာပေါ့ရှင်။

ကလေးမွေးတဲ့ အခါ သားအိမ်ထဲက ကလေးလေးဟာ သားအိမ်ခေါင်းကို ဖြတ်ပြီးမှ မွေးလမ်းကြောင်းထဲရောက်လာရတာပါ။

လိင်ဆက်ဆံတဲ့အခါမှာလည်း မွေးလမ်းကြောင်းကတစ်ဆင့် ဒီသားအိမ်ခေါင်းကို ထိမိတာကြောင့် အောင့်တာတွေ ခံစားရတာဖြစ်ပါတယ်။

သားအိမ်လေး ကျန်းမာရဲ့လား?

သားအိမ်ခေါင်းဆိုတာ ဘာလဲသိပြီဆိုတော့ သားအိမ်ခေါင်းရောင်တာ ဘာတွေကြောင့်လဲ ဆိုရင်

– လိင်ဆက်ဆံခြင်းကတစ်ဆင့်ကူးစက်တတ်တဲ့ ဆီးပူညောင်းကျ ဂနိုပိုး Chlamydia , Trichomonas, လိင်အဂါၤ ရေယုန်ဖြစ်စေတဲ့ Herpes ပိုးတွေကြောင့် ဖြစ်စေ

– လိင်ဆက်ဆံတဲ့အခါ သုံးတဲ့ ကွန်ဒုံးနဲ့ ဓာတ်မတည့်လို့ဖြစ်စေ

– မိန်းမကိုယ်ဆေးကြောတဲ့အခါသုံးတဲ့ သန့်စင်ဆေးရည်တွေနဲ့မတည့်လို့ဖြစ်စေ

– အမျိုးသမီး သားအိမ်ခေါင်းအဖုံး( ကိုယ်ဝန်တားရန်သုံးသော Cervical cap) နဲ့ မတည့်လို့ဖြစ်စေ သားအိမ်ခေါင်းရောင်ရမ်းခြင်း ဖြစ်စေပါတယ်။

သားအိမ်ခေါင်းရောင်နေတယ်လို့ သိနိုင်တဲ့ လက္ခဏာတွေကတော့

မိန်းမကိုယ်က ပုံမှန် ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းတာ

အဖြူဆင်းပြီး အနံ့ နံနေတာ

မွေးလမ်းကြောင်းထဲမှာအောင့်တောငိ့တောင့်ဖြစ်နေတာ

လိင်ဆက်ဆံချိန်မှာ အရမ်းအောင့်ပြီး နာတာတွေ ခံစားနေရပြီဆိုရင် သားအိမ်ခေါင်းရောင်ခြင်းကို သတိရသင့်ပါတယ်နော်။

အိမ်ထောင်ရှင်ယောင်းတို့သိထားသင့်တဲ့ သားအိမ်ရောင်ခြင်း

သားအိမ်ခေါင်းရောင်ခြင်းက ဘာတွေဖြစ်စေလဲဆိုရင်…,

သားအိမ်ခေါင်းရောင်တာဟာ ပိုးဝင်တာနဲ့ တွဲသွားပြီဆိုရင် ဒီရောင်ရမ်းခြင်းဟာ သားအိမ် နဲ့ သားအိမ်လက်တံတွေအထိ ပြန့်နှံ့သွားပြီး သားအိမ်ယောင်ယမ်းခြင်းဖြစ်စေပါတယ်။

သားအိမ်ရောင်ရမ်းပြီးသွားရင် ကလေးရဖို့ ခက်တာတွေထိ ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းရောင်တာကို ပိုးသတ်ဆေးစနစ်တကျသောက်ပြီး မတည့်တာတွေကို ရှောင်မယ်ဆိုရင် အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။

Credit:မယ်တင်(ဆေး ၁)

အိမ္ေထာင္ရွင္ ညီမေလးတို႔ မျဖစ္မေန သိထားသင့္တဲ့ သားအိမ္ေခါင္း ေရာင္ရမ္းျခင္း

သို႔.. ညီမေလး…

အိမ္ေထာင္ရွင္ညီမေလးတို႔အေနနဲ႔ အျဖဴဆင္းရင္ သိထားသင့္တဲ့ အေျခအေနေလးတစ္ခုကို ေျပာျပခ်င္ပါတယ္။

တစ္ခါတစ္ခါ မႈိစြဲတာ ၊ ပိုးဝင္တာမ်ိဳးမဟုတ္ဘဲ အျဖဴဆင္းတာ မိန္းမကိုယ္အနံ႔နံတာေတြ ျဖစ္ေစတဲ့ အေျခအေနတစ္ခုကေတာ့ သားအိမ္ေခါင္းေရာင္ရမ္းျခင္းပါ။ သားအိမ္ေရာင္တာနဲ႔ မတူဘူးေနာ္…

အရင္ဆံုးသားအိမ္ေခါင္းဟာ ဘယ္လိုေနရာမွာရွိလဲေျပာျပခ်င္ပါတယ္။

မိန္းမကိုယ္ရဲ႕ အဝၿပီးရင္ အတြင္းဘက္မွာ ေမြးလမ္းေၾကာင္းရွိပါတယ္။ သူ႔အေပၚမွာမွ သားအိမ္ေခါင္းေလး ရွိေနတာပါ။ သားအိမ္နဲ႔ ေမြးလမ္းေၾကာင္းကို ျခားေပးထားတဲ့ ဝင္ေပါက္ေလးလို႔ပဲ ေျပာရမွာေပါ့ရွင္။

ကေလးေမြးတဲ့ အခါ သားအိမ္ထဲက ကေလးေလးဟာ သားအိမ္ေခါင္းကို ျဖတ္ၿပီးမွ ေမြးလမ္းေၾကာင္းထဲေရာက္လာရတာပါ။

လိင္ဆက္ဆံတဲ့အခါမွာလည္း ေမြးလမ္းေၾကာင္းကတစ္ဆင့္ ဒီသားအိမ္ေခါင္းကို ထိမိတာေၾကာင့္ ေအာင့္တာေတြ ခံစားရတာျဖစ္ပါတယ္။

သားအိမ္ေလး က်န္းမာရဲ႕လား?

သားအိမ္ေခါင္းဆိုတာ ဘာလဲသိၿပီဆိုေတာ့ သားအိမ္ေခါင္းေရာင္တာ ဘာေတြေၾကာင့္လဲ ဆိုရင္

– လိင္ဆက္ဆံျခင္းကတစ္ဆင့္ကူးစက္တတ္တဲ့ ဆီးပူေညာင္းက် ဂႏိုပိုး Chlamydia , Trichomonas, လိင္အဂါၤ ေရယုန္ျဖစ္ေစတဲ့ Herpes ပိုးေတြေၾကာင့္ ျဖစ္ေစ

– လိင္ဆက္ဆံတဲ့အခါ သံုးတဲ့ ကြန္ဒံုးနဲ႔ ဓာတ္မတည့္လို႔ျဖစ္ေစ

– မိန္းမကိုယ္ေဆးေၾကာတဲ့အခါသံုးတဲ့ သန္႔စင္ေဆးရည္ေတြနဲ႔မတည့္လို႔ျဖစ္ေစ

– အမ်ိဳးသမီး သားအိမ္ေခါင္းအဖံုး( ကိုယ္ဝန္တားရန္သံုးေသာ Cervical cap) နဲ႔ မတည့္လို႔ျဖစ္ေစ သားအိမ္ေခါင္းေရာင္ရမ္းျခင္း ျဖစ္ေစပါတယ္။

သားအိမ္ေခါင္းေရာင္ေနတယ္လို႔ သိႏိုင္တဲ့ လကၡဏာေတြကေတာ့

မိန္းမကိုယ္က ပံုမွန္ ရာသီလာခ်ိန္မဟုတ္ဘဲ ေသြးဆင္းတာ

အျဖဴဆင္းၿပီး အနံ႔ နံေနတာ

ေမြးလမ္းေၾကာင္းထဲမွာေအာင့္ေတာငိ့ေတာင့္ျဖစ္ေနတာ

လိင္ဆက္ဆံခ်ိန္မွာ အရမ္းေအာင့္ၿပီး နာတာေတြ ခံစားေနရၿပီဆိုရင္ သားအိမ္ေခါင္းေရာင္ျခင္းကို သတိရသင့္ပါတယ္ေနာ္။

အိမ္ေထာင္ရွင္ေယာင္းတို႔သိထားသင့္တဲ့ သားအိမ္ေရာင္ျခင္း

သားအိမ္ေခါင္းေရာင္ျခင္းက ဘာေတြျဖစ္ေစလဲဆိုရင္…,

သားအိမ္ေခါင္းေရာင္တာဟာ ပိုးဝင္တာနဲ႔ တြဲသြားၿပီဆိုရင္ ဒီေရာင္ရမ္းျခင္းဟာ သားအိမ္ နဲ႔ သားအိမ္လက္တံေတြအထိ ျပန္႔ႏွံ႕သြားၿပီး သားအိမ္ေယာင္ယမ္းျခင္းျဖစ္ေစပါတယ္။

သားအိမ္ေရာင္ရမ္းၿပီးသြားရင္ ကေလးရဖို႔ ခက္တာေတြထိ ျဖစ္ႏိုင္ပါတယ္။

သားအိမ္ေခါင္းေရာင္တာကို ပိုးသတ္ေဆးစနစ္တက်ေသာက္ၿပီး မတည့္တာေတြကို ေရွာင္မယ္ဆိုရင္ အလြယ္တကူ ကုသေပ်ာက္ကင္းႏိုင္ပါတယ္။

Credit:မယ္တင္(ေဆး ၁)

0 Shares

Leave a Reply

0 Shares
Share
Tweet