Horoscope

ငွေကြေးစီးပွား တိုးတက်လာစေမည့် ယတြာများ

ငွေကြေးစီးပွား တိုးတက်လာစေမည့် ယတြာများ

နက္ခတ်ဗေဒင်သုံး ငွေကြေးစီးပွားယတြာများ

မဟာဘုတ်၊ အင်္ဂဝိဇ္ဇာ၊ ဆန်းကျမ်း စတဲ့ မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာတွေမှာ ယတြာအစီအရင်နည်းနာ အစုံအလင် ရှိသလိုပဲ အရှေ့တိုင်း ၊ အထူးသဖြင့် အိန္ဒိယက နက္ခတ်ဗေဒင်ပညာမှာလည်း

ထိရောက်ထူးခြားတဲ့ ယတြာနည်းစနစ်တွေ ရှိပါတယ်။ ဒီယတြာနည်းတွေထဲမှာ မြန်မာ့ဗေဒင်ပရိတ်သတ်တွေရဲ့ အသုံးတည့်နိုင်တဲ့ ငွေကြေးစီးပွားကိစ္စဆိုင်ရာ နည်းလမ်းတစ်ချို့ကို မျှဝေပေးသွားပါမယ်။

၁။ ငွေသားတွေ စုစည်းသိုမှီးထားတဲ့ သေတ္တာ (သို့မဟုတ်) အံဆွဲထဲမှာ ငွေစက္ကူတွေကို ပုံရိပ်ပြန်ထင်စေနိုင်တဲ့ မှန်တစ်ချပ် ထည့်ကပ်ထားရပါမယ်။မှန်ထဲမှာ ငွေတွေ ပေါ်နေရင် နှစ်ဆတိုးပွားစေတဲ့ အယူအဆ ဖြစ်ပါတယ်။

၂။ ကိုယ် ရှာဖွေရရှိလာသမျှ ဝင်ငွေထဲက တချို့တလေကို ပြန် လှူပစ်ပါ။ ပစ္စည်းဥစ္စာ ဆိုတာ ပေးကမ်းစွန့်ကြဲ လှူဒါန်းနိုင်တဲ့ သူတွေကိုသာ ပြန်လာလေ့ ရှိပါတယ်။

ဥပမာအနေနဲ့ လစဉ် လာဘ်ဦးလာဘ်ဖျား ဝင်လာတဲ့ ငွေ တချို့ကို မြင့်မြတ်တဲ့ ကုသိုလ်ဒါန လုပ်ဖို့ ပြန်လှူပစ်တာမျိုး လုပ်ပါ။

၃။ မိသားစုထဲက အသက်အကြီးဆုံး အမျိုးသမီး မိခင် (သို့မဟုတ်) ဖွားအေကြီး ရှိနေရင် အဲဒီ အမျိုးသမီးကြီးကို အလေးထားပါ။ သူ စားချင်တာ ၊ လုပ်ချင်တာတွေကို ဖန်တီးပေးပါ။

ပြီးရင် ကိုယ့်ရဲ့ ငွေကြေးစီးပွား အဆင်ပြေ အောင်မြင်ရေးအတွက် သူမကိုယ်တိုင် ဆုတောင်းပေးဖို့ ပြောပါ။ သူ ပို့သတဲ့ မေတ္တာကို ခံယူပေးပါ။

၄။ လစဉ် သောကြာနေ့ တစ်ရက်မှာ မိန်းမပျိုလေး ၃ ဦးကို နို့ဆန်ပြုတ် တိုက်ပါ။ ပြီးရင် ပိတ်စအဝါနဲ့ မုန့်ဖိုး ငွေကြေးတွေ

တတ်နိုင်သလောက် ပေးကမ်းလှူဒါန်းပါ။ ဝင်ငွေလမ်းဖြောင့်ပြီး ဥစ္စာ ခိုင်မြဲစေပါလိမ့်မယ်။

၅။ အိမ်ထောင်သည် ဖြစ်ရင် အိမ်ရှင်မကို မနက်တိုင်း ရေကရာအိုးထဲက ရေတွေကို အိမ်ဝင်ပေါက် (သို့မဟုတ်) ခြံပေါက်ဝမှာ ပက်ဖြန်းခိုင်းပါ။

ကိုယ့်ခင်ပွန်းသည် စီးပွားရှာဖွေရာမှာ လွယ်ကူချောမွေ့စေပါလိမ့်မယ်။

၆။ ကိုယ့်အိမ်ထဲ၊ ခြံထဲမှာ ပျက်စီးနေတဲ့ ၊ သုံးမရတဲ့ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားတွေ မထားရ။ မသုံးရ။

၇။ တန်ကြေးရှိတဲ့ ဘယ်အရာကိုမှ အလကား မယူပါနဲ့၊ ကိုယ့်ဆီကလည်း ဘာကိုမှ အခမဲ့ မပေးပါနဲ့၊

အလကား အချောင် ယူမိ၊ ပေးမိတဲ့ကိစ္စတွေဟာ ရသင့်ရထိုက်တဲ့ လာဘ်လာဘကို ပိတ်သွားစေတတ်ပါတယ်။

၈။ တကယ်လို့ ငွေကြေးအကျပ်အတည်း ကြုံနေရင် ဗုဒ္ဓဟူးနေ့တိုင်းမှာ နွားကို မြက်ကျွေးပြီး ဆုတောင်းပါ။

အထက်ပါနည်းလမ်းတွေဟာ အိန္ဒိယက နက္ခတ်ဗေဒင်ပညာလာ ယတြာတွေ ဖြစ်ပေမယ့် ဘာသာရေးအရ အနှောင့်အယှက် မဖြစ်စေတဲ့ အချက်တွေကိုပဲ ဦးစားပေးထားတာ ဖြစ်လို့ စိတ်ချလက်ချ လုပ်နိုင်ပါတယ်။

အဓိပ္ပါယ် ရှိသလို ကုသိုလ်နဲ့ ယှဉ်တွဲတဲ့ ယတြာတွေလည်း ဖြစ်လို့ အားလုံးအတွက် တင်ပြပေးလိုက်ရပါတယ်။

Credit ဧက (ဗေဒင်သုတေသီ)

ေငြေၾကးစီးပြား တိုးတက္လာေစမည့္ ယၾတာမ်ား

နကၡတ္ေဗဒင္သုံး ေငြေၾကးစီးပြားယၾတာမ်ား

မဟာဘုတ္၊ အဂၤဝိဇၨာ၊ ဆန္းက်မ္း စတဲ့ ျမန္မာ့႐ိုးရာလက္ဆန္းေဗဒင္ပညာေတြမွာ ယၾတာအစီအရင္နည္းနာ အစုံအလင္ ရွိသလိုပဲ အေရွ႕တိုင္း ၊ အထူးသျဖင့္ အိႏၵိယက နကၡတ္ေဗဒင္ပညာမွာလည္း

ထိေရာက္ထူးျခားတဲ့ ယၾတာနည္းစနစ္ေတြ ရွိပါတယ္။ ဒီယၾတာနည္းေတြထဲမွာ ျမန္မာ့ေဗဒင္ပရိတ္သတ္ေတြရဲ႕ အသုံးတည့္ႏိုင္တဲ့ ေငြေၾကးစီးပြားကိစၥဆိုင္ရာ နည္းလမ္းတစ္ခ်ိဳ႕ကို မွ်ေဝေပးသြားပါမယ္။

၁။ ေငြသားေတြ စုစည္းသိုမွီးထားတဲ့ ေသတၱာ (သို႔မဟုတ္) အံဆြဲထဲမွာ ေငြစကၠဴေတြကို ပုံရိပ္ျပန္ထင္ေစႏိုင္တဲ့ မွန္တစ္ခ်ပ္ ထည့္ကပ္ထားရပါမယ္။မွန္ထဲမွာ ေငြေတြ ေပၚေနရင္ ႏွစ္ဆတိုးပြားေစတဲ့ အယူအဆ ျဖစ္ပါတယ္။

၂။ ကိုယ္ ရွာေဖြရရွိလာသမွ် ဝင္ေငြထဲက တခ်ိဳ႕တေလကို ျပန္ လႉပစ္ပါ။ ပစၥည္းဥစၥာ ဆိုတာ ေပးကမ္းစြန႔္ႀကဲ လႉဒါန္းႏိုင္တဲ့ သူေတြကိုသာ ျပန္လာေလ့ ရွိပါတယ္။

ဥပမာအေနနဲ႔ လစဥ္ လာဘ္ဦးလာဘ္ဖ်ား ဝင္လာတဲ့ ေငြ တခ်ိဳ႕ကို ျမင့္ျမတ္တဲ့ ကုသိုလ္ဒါန လုပ္ဖို႔ ျပန္လႉပစ္တာမ်ိဳး လုပ္ပါ။

၃။ မိသားစုထဲက အသက္အႀကီးဆုံး အမ်ိဳးသမီး မိခင္ (သို႔မဟုတ္) ဖြားေအႀကီး ရွိေနရင္ အဲဒီ အမ်ိဳးသမီးႀကီးကို အေလးထားပါ။ သူ စားခ်င္တာ ၊ လုပ္ခ်င္တာေတြကို ဖန္တီးေပးပါ။

ၿပီးရင္ ကိုယ့္ရဲ႕ ေငြေၾကးစီးပြား အဆင္ေျပ ေအာင္ျမင္ေရးအတြက္ သူမကိုယ္တိုင္ ဆုေတာင္းေပးဖို႔ ေျပာပါ။ သူ ပို႔သတဲ့ ေမတၱာကို ခံယူေပးပါ။

၄။ လစဥ္ ေသာၾကာေန႔ တစ္ရက္မွာ မိန္းမပ်ိဳေလး ၃ ဦးကို ႏို႔ဆန္ျပဳတ္ တိုက္ပါ။ ၿပီးရင္ ပိတ္စအဝါနဲ႔ မုန႔္ဖိုး ေငြေၾကးေတြ

တတ္ႏိုင္သေလာက္ ေပးကမ္းလႉဒါန္းပါ။ ဝင္ေငြလမ္းေျဖာင့္ၿပီး ဥစၥာ ခိုင္ၿမဲေစပါလိမ့္မယ္။

၅။ အိမ္ေထာင္သည္ ျဖစ္ရင္ အိမ္ရွင္မကို မနက္တိုင္း ေရကရာအိုးထဲက ေရေတြကို အိမ္ဝင္ေပါက္ (သို႔မဟုတ္) ၿခံေပါက္ဝမွာ ပက္ျဖန္းခိုင္းပါ။

ကိုယ့္ခင္ပြန္းသည္ စီးပြားရွာေဖြရာမွာ လြယ္ကူေခ်ာေမြ႕ေစပါလိမ့္မယ္။

၆။ ကိုယ့္အိမ္ထဲ၊ ၿခံထဲမွာ ပ်က္စီးေနတဲ့ ၊ သုံးမရတဲ့ စက္ဘီး၊ ဆိုင္ကယ္၊ ေမာ္ေတာ္ကားေတြ မထားရ။ မသုံးရ။

၇။ တန္ေၾကးရွိတဲ့ ဘယ္အရာကိုမွ အလကား မယူပါနဲ႔၊ ကိုယ့္ဆီကလည္း ဘာကိုမွ အခမဲ့ မေပးပါနဲ႔၊

အလကား အေခ်ာင္ ယူမိ၊ ေပးမိတဲ့ကိစၥေတြဟာ ရသင့္ရထိုက္တဲ့ လာဘ္လာဘကို ပိတ္သြားေစတတ္ပါတယ္။

၈။ တကယ္လို႔ ေငြေၾကးအက်ပ္အတည္း ႀကဳံေနရင္ ဗုဒၶဟူးေန႔တိုင္းမွာ ႏြားကို ျမက္ေကြၽးၿပီး ဆုေတာင္းပါ။

အထက္ပါနည္းလမ္းေတြဟာ အိႏၵိယက နကၡတ္ေဗဒင္ပညာလာ ယၾတာေတြ ျဖစ္ေပမယ့္ ဘာသာေရးအရ အေႏွာင့္အယွက္ မျဖစ္ေစတဲ့ အခ်က္ေတြကိုပဲ ဦးစားေပးထားတာ ျဖစ္လို႔ စိတ္ခ်လက္ခ် လုပ္ႏိုင္ပါတယ္။

အဓိပၸါယ္ ရွိသလို ကုသိုလ္နဲ႔ ယွဥ္တြဲတဲ့ ယၾတာေတြလည္း ျဖစ္လို႔ အားလုံးအတြက္ တင္ျပေပးလိုက္ရပါတယ္။

Credit ဧက (ေဗဒင္သုေတသီ)

172 Shares

Leave a Reply

172 Shares
Share172
Tweet