Horoscope

ဈေးရောင်းချက်ချင်း ကောင်းစေမည့် ယတြာ

ဈေးရောင်းချက်ချင်း ကောင်းစေမည့် ယတြာ

ဈေးရောင်းချက်ချင်း …ကောင်းပါစေ…

ဈေးဦးတောင် မပေါက်သော ၊အရောင်းအဝယ်အရမ်းကိုခက်ခဲ နေသော ရောင်းကုန်ပစ္စည်းမျိုးစုံ အတွက် လက်တွေ့သိသိသာသာ ရောင်းကောင်း ဈေးဦးပေါက်စေသော ယတြာလေးတစ်ခု ပြောပြမယ်။

ကုန်စုံဆိုင်၊ ဆိုင်ထိုင် ရောင်းသောသူဖြစ်စေ ၊ဆိုင်ခန်းမရှိ ကား ၊လှည်း သို့မဟုတ် လူကိုယ်တိုင် လှည့်လည် ရောင်းချရသောသူ၊ Online Shopping ၊ Live shopping အရောင်းအဝယ်သမားများ အားလုံး ယတြာကို ပြုလုပ်နိုင်ပါသည်။

လက်တွေ့ပြုလုပ်သော မည်သူမဆို ချက်ချင်းလက်ငင်းသိသိသာသာ ရောင်းဝယ်ကောင်းလာတာကိုလည်း တွေ့မြင်နေရပါသည်။

တနင်္ဂနွေနေ့တွင် ငှက်ပျောသီး တစ်လုံးကို သကြားဖြူး၍ စားလိုက်ပါ။

တနင်္လၤာနေ့တွင် ဇီးထုတ် ၊ဇီးသီး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

အင်္ဂၤါနေ့တွင် ရှောက်ယို၊ရေနွေး မိမိအဆင်ပြေတာကို စားသုံးပါ။

ဗုဒ္ဓဟူးနေ့တွင် မြေပဲကြော် ၊ပဲပြားကြော်၊ဘဲဥ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

ကြာသပတေးနေ့တွင် သာကူ၊သကြား၊သွေးဆေး မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

သောကြာနေ့တွင် ထန်းလျက်၊နွားနို့ ၊နို့မလိုင်၊ မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

စနေနေ့တွင် အုန်းသီးပေါင်မုန့်် ၊အုန်းသီးဘိန်းမုန့် ၊အာလူးကြော် မိမိအဆင်ပြေတာတစ်ခုကို စားသုံးပါ။

ထို့အပြင် (နမောတဿ ယတောမဟိ ၊ဟိမတောယ ဿတမောန )ဂါထာ ကိုမိမိတတ်နိုင်သော ငွေစက္ကူတရွက် ပေါ်တွင်ရေးပါ။ ရေးထားသော ငွေစက္ကူကို အလှုမင်္ဂလာယပ်တောင် သို့မဟုတ် ယပ်တောင်အသစ် တစ်ခုတွင်ကပ်ပါ။

မှတ်ချက် နာရေးယပ်တောင်ကို လုံးဝအသုံးမပြုရပါ။ ထို့နောက် အထက်တွင် ပေးထားသော နေ့အလိုက်အစားအစာများကို စားသုံးပြီး ငွေယပ်တောင်လေးနှင့် မိမိရောင်းချမည့် အမျိုးမျိုးသောကုန်ပစ္စည်းများကို ၂၄ချက် ခပ်ခပ်ပြီး အမြန်ရောင်းကောင်းပါစေဟု ဆုတောင်းလိုက်ပါ။

ဆရာမရေ…ဈေးဦးတောင်မပေါက်လို့ဆိုပြီး သည်းမနေတော့နဲ့နော် ဒီယတြာလေးကို ယုံယုံကြည်ကြည်နဲ့ ပြုလုပ်ဆောင်ရွက်ကြည့်လိုက်ပါ။ ရောင်းဝယ်ဖောက်ကား ရောင်းကောင်းလာတာကို တွေ့မြင်ရပါလိမ့်မယ်။

အရောင်းအဝယ်သမားများအကုန်လုံး စီးပွားလာဘ်လာဘ အမြန်ချက်ချင်း ပွင့်လန်းကြပါစေလို့ ဆန္ဒပြုအပ်ပါသည်။

Zune Lay Nwe Astrologer

ေဈးေရာင္းခ်က္ခ်င္း ေကာင္းေစမည့္ ယၾတာ

ေဈးေရာင္းခ်က္ခ်င္း …ေကာင္းပါေစ…

ေဈးဦးေတာင္ မေပါက္ေသာ ၊အေရာင္းအဝယ္အရမ္းကိုခက္ခဲ ေနေသာ ေရာင္းကုန္ပစၥည္းမ်ိဳးစုံ အတြက္ လက္ေတြ႕သိသိသာသာ ေရာင္းေကာင္း ေဈးဦးေပါက္ေစေသာ ယၾတာေလးတစ္ခု ေျပာျပမယ္။

ကုန္စုံဆိုင္၊ ဆိုင္ထိုင္ ေရာင္းေသာသူျဖစ္ေစ ၊ဆိုင္ခန္းမရွိ ကား ၊လွည္း သို႔မဟုတ္ လူကိုယ္တိုင္ လွည့္လည္ ေရာင္းခ်ရေသာသူ၊ Online Shopping ၊ Live shopping အေရာင္းအဝယ္သမားမ်ား အားလုံး ယၾတာကို ျပဳလုပ္ႏိုင္ပါသည္။

လက္ေတြ႕ျပဳလုပ္ေသာ မည္သူမဆို ခ်က္ခ်င္းလက္ငင္းသိသိသာသာ ေရာင္းဝယ္ေကာင္းလာတာကိုလည္း ေတြ႕ျမင္ေနရပါသည္။

တနဂၤေႏြေန႔တြင္ ငွက္ေပ်ာသီး တစ္လုံးကို သၾကားျဖဴး၍ စားလိုက္ပါ။

တနလၤၤာေန႔တြင္ ဇီးထုတ္ ၊ဇီးသီး မိမိအဆင္ေျပတာတစ္ခုကို စားသုံးပါ။

အဂၤၤါေန႔တြင္ ေရွာက္ယို၊ေရေႏြး မိမိအဆင္ေျပတာကို စားသုံးပါ။

ဗုဒၶဟူးေန႔တြင္ ေျမပဲေၾကာ္ ၊ပဲျပားေၾကာ္၊ဘဲဥ မိမိအဆင္ေျပတာတစ္ခုကို စားသုံးပါ။

ၾကာသပေတးေန႔တြင္ သာကူ၊သၾကား၊ေသြးေဆး မိမိအဆင္ေျပတာတစ္ခုကို စားသုံးပါ။

ေသာၾကာေန႔တြင္ ထန္းလ်က္၊ႏြားႏို႔ ၊ႏို႔မလိုင္၊ မိမိအဆင္ေျပတာတစ္ခုကို စားသုံးပါ။

စေနေန႔တြင္ အုန္းသီးေပါင္မုန္႔္ ၊အုန္းသီးဘိန္းမုန႔္ ၊အာလူးေၾကာ္ မိမိအဆင္ေျပတာတစ္ခုကို စားသုံးပါ။

ထို႔အျပင္ (နေမာတႆ ယေတာမဟိ ၊ဟိမေတာယ ႆတေမာန )ဂါထာ ကိုမိမိတတ္ႏိုင္ေသာ ေငြစကၠဴတ႐ြက္ ေပၚတြင္ေရးပါ။ ေရးထားေသာ ေငြစကၠဴကို အလႈမဂၤလာယပ္ေတာင္ သို႔မဟုတ္ ယပ္ေတာင္အသစ္ တစ္ခုတြင္ကပ္ပါ။

မွတ္ခ်က္ နာေရးယပ္ေတာင္ကို လုံးဝအသုံးမျပဳရပါ။ ထို႔ေနာက္ အထက္တြင္ ေပးထားေသာ ေန႔အလိုက္အစားအစာမ်ားကို စားသုံးၿပီး ေငြယပ္ေတာင္ေလးႏွင့္ မိမိေရာင္းခ်မည့္ အမ်ိဳးမ်ိဳးေသာကုန္ပစၥည္းမ်ားကို ၂၄ခ်က္ ခပ္ခပ္ၿပီး အျမန္ေရာင္းေကာင္းပါေစဟု ဆုေတာင္းလိုက္ပါ။

ဆရာမေရ…ေဈးဦးေတာင္မေပါက္လို႔ဆိုၿပီး သည္းမေနေတာ့နဲ႔ေနာ္ ဒီယၾတာေလးကို ယုံယုံၾကည္ၾကည္နဲ႔ ျပဳလုပ္ေဆာင္႐ြက္ၾကည့္လိုက္ပါ။ ေရာင္းဝယ္ေဖာက္ကား ေရာင္းေကာင္းလာတာကို ေတြ႕ျမင္ရပါလိမ့္မယ္။

အေရာင္းအဝယ္သမားမ်ားအကုန္လုံး စီးပြားလာဘ္လာဘ အျမန္ခ်က္ခ်င္း ပြင့္လန္းၾကပါေစလို႔ ဆႏၵျပဳအပ္ပါသည္။

Zune Lay Nwe Astrologer

1K Shares

Leave a Reply

1K Shares
Share1K
Tweet