International News

ဒေါ်လာနှစ်သိန်းခွဲတန်ကြေးရှိ ရွှေတုံးကြီး နှစ်ခုတွေ့ရှိ

ဒေါ်လာနှစ်သိန်းခွဲတန်ကြေးရှိ ရွှေတုံးကြီး နှစ်ခုတွေ့ရှိ

သြစတြေးလျနိုင်ငံတောင်ပိုင်းမှာ အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲတန်ကြေးရှိတဲ့ ရွှေတုံးကြီးနှစ်ခုကို ရွှေတူးသူတွေက တွေ့ရှိခဲ့တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။

ရွှေတုံးနှစ်တုံးရဲ့ နှစ်ခုပေါင်းအပေါင်းအလေးချိန်ဟာ(၃.၅)ကီလိုဂရမ်ရှိပြီး၊ဗစ်တိုးရီးယားပြည်နယ် Tarnagulla မြို့အနီးမှာ တစ်နေ့တည်းတူးဖော်တွေ့ရှိခဲ့တာပါ။

ဒီရွှေတုံးနှစ်တုံးကို ဈေးကွက်ထဲမှာ ရောင်းချတဲ့အခါ သူတို့ရဲ့အလေးချိန်ပေါ်မူတည်ပြီး လက်ရှိခန့်မှန်းထားတာထက် (၃၀)ရာခိုင်နှုန်းဈေးပိုရနိုင်တယ်လို့လည်း Discovery Channel မှာထုတ်လွှင့်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း Tarnagulla မြို့တောင်ဘက်ရှိ Ballarat မြို့ပြင်မှာ အလေးချိန်(၅.၅)ကီလိုဂရမ်ရှိတဲ့ ရွှေတုံးကြီးတစ်တုံးကို တူးဖော်ရရှိခဲ့ဖူးပါတယ်။

အဲဒီအချိန်က တွေ့ရှိခဲ့တဲ့ ရွှေတုံးကြီးကို အနည်းဆုံး အမေရိကန်ဒေါ်လာ သုံးသိန်းတန်တယ်လို့ ကျွမ်းကျင်သူတွေက ဈေးဖြတ်ခဲ့ပါတယ်။

ဒီဒေသတွေမှာ ရွှေကို (၁၈၅၁)ခုနှစ်ကစပြီး တွေ့ရှိနေခဲ့တာဖြစ်ပါတယ်။

source : CNN

ေဒၚလာႏွစ္သိန္းခြဲတန္ေၾကးရွိ ေ႐ႊတုံးႀကီး ႏွစ္ခုေတြ႕ရွိ

ၾသစေၾတးလ်ႏိုင္ငံေတာင္ပိုင္းမွာ အေမရိကန္ေဒၚလာ ႏွစ္သိန္းခြဲတန္ေၾကးရွိတဲ့ ေ႐ႊတုံးႀကီးႏွစ္ခုကို ေ႐ႊတူးသူေတြက ေတြ႕ရွိခဲ့တယ္လို႔ CNN သတင္းမွာေဖာ္ျပထားပါတယ္။

ေ႐ႊတုံးႏွစ္တုံးရဲ႕ ႏွစ္ခုေပါင္းအေပါင္းအေလးခ်ိန္ဟာ(၃.၅)ကီလိုဂရမ္ရွိၿပီး၊ဗစ္တိုးရီးယားျပည္နယ္ Tarnagulla ၿမိဳ႕အနီးမွာ တစ္ေန႔တည္းတူးေဖာ္ေတြ႕ရွိခဲ့တာပါ။

ဒီေ႐ႊတုံးႏွစ္တုံးကို ေဈးကြက္ထဲမွာ ေရာင္းခ်တဲ့အခါ သူတို႔ရဲ႕အေလးခ်ိန္ေပၚမူတည္ၿပီး လက္ရွိခန႔္မွန္းထားတာထက္ (၃၀)ရာခိုင္ႏႈန္းေဈးပိုရႏိုင္တယ္လို႔လည္း Discovery Channel မွာထုတ္လႊင့္သြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၃ ခုႏွစ္ ဇန္နဝါရီလအတြင္းကလည္း Tarnagulla ၿမိဳ႕ေတာင္ဘက္ရွိ Ballarat ၿမိဳ႕ျပင္မွာ အေလးခ်ိန္(၅.၅)ကီလိုဂရမ္ရွိတဲ့ ေ႐ႊတုံးႀကီးတစ္တုံးကို တူးေဖာ္ရရွိခဲ့ဖူးပါတယ္။

အဲဒီအခ်ိန္က ေတြ႕ရွိခဲ့တဲ့ ေ႐ႊတုံးႀကီးကို အနည္းဆုံး အေမရိကန္ေဒၚလာ သုံးသိန္းတန္တယ္လို႔ ကြၽမ္းက်င္သူေတြက ေဈးျဖတ္ခဲ့ပါတယ္။

ဒီေဒသေတြမွာ ေ႐ႊကို (၁၈၅၁)ခုႏွစ္ကစၿပီး ေတြ႕ရွိေနခဲ့တာျဖစ္ပါတယ္။

source : CNN

504 Shares

Leave a Reply

504 Shares
Share504
Tweet