International News

အမေ မရှိတဲ့ သားအတွက် အမေများ နေ့မှာ အမျိုးသမီး ဝတ်စုံနဲ့ ပွဲတက်ခဲ့တဲ့ဖခင်

အမေ မရှိတဲ့ သားအတွက် အမေများ နေ့မှာ အမျိုးသမီး ဝတ်စုံနဲ့ ပွဲတက်ခဲ့တဲ့ဖခင် (ရုပ်သံ)

မိဘတွေ ဟာ ကိုယ့်ရဲ့သားသမီး တွေကို အကောင်းဆုံး ဖြစ်အောင် ထားချင်ကြပါတယ်။ ဒါပေမယ့် လည်း တစ်ခါတစ်ရံ မှာ ဆက်ဆံရေး တစ်ခုကို ဘယ်လောက်ပဲ ကောင်းမွန်အောင်ထိန်းသိမ်းနေပါ‌စေ တစ်စုံတစ်ယောက်ကို အတင်းအကျပ်စေခိုင်းပြီး ချစ်ခိုင်းလို့တော့ မရပါဘူး။

အကြောင်းအမျိုးမျိုးနဲ့ မိဘတွေရဲ့ သဘောထားမတိုက်ဆိုင်မှုကြောင့် ကွဲကွာသွားခဲ့တဲ့ မိသားစုတွေလည်း အများကြီးရှိကြပါတယ်။ အိမ်ထောင်တစ်ခုမှာ မိဘတစ်ဦးက ခွဲခွာသွားတဲ့အခါမှာလည်း ကျန်ခဲ့တဲ့မိဘတစ်ဦးဟာ သားသမီးအားလုံးကို တာဝန်ယူစောင့်ရှောက်ကြရမှာပါ။

များသော အားဖြင့် ကလေး များကို မိခင်က စောင့်ရှောက် လေ့ရှိကြပေမယ့် ဖခင်က သားသမီးတွေကို လူလားမြောက်အောင် ပြုစုပျိုးထောင်ရတဲ့ အခြေအနေ တွေလည်း ရှိပါတယ်။

ထိုင်းနိုင်ငံမှအသက် ၃၂နှစ်အရွယ် Chatchai Parn-uthai လို့ခေါ်တဲ့အမျိုးသားတစ်ဦးဟာ သူ့ရဲ့သားအားမငယ်စေဖို့အတွက် အမေများနေ့အခမ်းအနားကို တက်ရောက်ပေးဖို့ ပန်းရောင်အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ကာ ခေါင်းမှာဖဲပြားလေးတပ်ပြီး အခမ်းအနားကိုတက်ရောက်ပေးခဲ့ပါတယ်။

သူ့ရဲ့သားကိုချစ်တဲ့ ကြီးမားလွန်းတဲ့မေတ္တာဟာ အခမ်းအနားထဲမှာ ရှက်ကြောက် စိတ်လုံးဝမရှိခဲ့ပါဘူး။ ကမ္ဘာ့အမေများနေ့ကို မေလအတွင်းမှာကျင်းပကြပေမယ့် ထိုင်းနိုင်ငံမှာ သူတို့ရဲ့ဘုရင့်မိဖုရားကြီး Sirikit ရဲ့မွေးနေ့ဖြစ်တဲ့ ဩဂုတ်လ ၁၂ မှာကျင်းပကြပါတယ်။

Chatchai မှာတော့ အသက် ၃ နှစ်နဲ့ ၅ နှစ်အရွယ်ကလေးနှစ်ဦးရှိပြီး သူရဲ့ဇနီးကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က သူတို့ရဲ့မိသားစုထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

အမေများနေ့မှာ ကလေးတွေဟာ သူတို့ရဲ့မိခင်တွေနဲ့ အတူ ပျော်ရွှင်စွာဆင်နွှဲ့လေ့ရှိကြပေမယ့် Chatchai ရဲ့ကလေးနှစ်ဦး မှာတော့ မိခင်မရှိတာကြောင့် ကျင်းပခွင့်မရကြပါဘူး။

ဒါကြောင့် Chatchai ဟာ သူ့ကလေးတွေကို ပျော်ရွင်စရာအချိန်ကောင်းတွေ ပေးချင်တာကြောင့် သူ့အနေနဲ့အမျိုးသမီးလို ဝတ်စားဖို့ဆုံးဖြတ်ခဲ့တာပါ။

“ကျွန်တော် ဟာ ကလေးနှစ်ဦးရဲ့ဖခင် တစ်ယောက်ပါ။ ကျွန်တော်သားတွေ အတွက်ဆို ဘာမဆို လုပ်နိုင်တယ်”လို့ Chatchai ကဆိုပါတယ်။ “ကျွန်တော်ကလေးတွေ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းနေတာကိုမလိုချင်ပါဘူး။ သူတို့အမြဲပျော်နေတာပဲမြင်ချင်တာပါ။

ကျွန်တော် ဒီအမျိုးသမီးဝတ်စုံကို ဝတ်ရလို့လုံးဝမရှက်ပါဘူး။ အဲဒါက ကျွန်တော်သားတွေကို အရမ်းချစ်လို့ပါပဲ။ သူတို့ပျော်နေတာမြင်ရတဲ့ကာလပတ်လုံး ကျွန်တော်ပေးဆပ်ရကျိုးနပ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

လူတွေက သူ့ရဲ့ဝတ်စုံကို ကြည့်ပြီး ပြုံးရီခဲ့ကြပေမယ့် Chatchai ကတော့ သူ့ရဲ့သားတွေပျော်ရွှင်စေဖို့ အတွက် သူ့ရဲ့အရှက်သိက္ခာတွေကို လျစ်လျူ ရှုထားခဲ့ပါတယ်။

credit – beesportnews

အေမ မရွိတဲ့ သားအတြက္ အေမမ်ား ေန႔မွာ အမ်ိဳးသမီး ဝတ္စုံနဲ႔ ပြဲတက္ခဲ့တဲ့ဖခင္ (႐ုပ္သံ)

မိဘေတြ ဟာ ကိုယ့္ရဲ႕သားသမီး ေတြကို အေကာင္းဆုံး ျဖစ္ေအာင္ ထားခ်င္ၾကပါတယ္။ ဒါေပမယ့္ လည္း တစ္ခါတစ္ရံ မွာ ဆက္ဆံေရး တစ္ခုကို ဘယ္ေလာက္ပဲ ေကာင္းမြန္ေအာင္ထိန္းသိမ္းေနပါ‌ေစ တစ္စုံတစ္ေယာက္ကို အတင္းအက်ပ္ေစခိုင္းၿပီး ခ်စ္ခိုင္းလို႔ေတာ့ မရပါဘူး။

အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ မိဘေတြရဲ႕ သေဘာထားမတိုက္ဆိုင္မႈေၾကာင့္ ကြဲကြာသြားခဲ့တဲ့ မိသားစုေတြလည္း အမ်ားႀကီးရွိၾကပါတယ္။ အိမ္ေထာင္တစ္ခုမွာ မိဘတစ္ဦးက ခြဲခြာသြားတဲ့အခါမွာလည္း က်န္ခဲ့တဲ့မိဘတစ္ဦးဟာ သားသမီးအားလုံးကို တာဝန္ယူေစာင့္ေရွာက္ၾကရမွာပါ။

မ်ားေသာ အားျဖင့္ ကေလး မ်ားကို မိခင္က ေစာင့္ေရွာက္ ေလ့ရွိၾကေပမယ့္ ဖခင္က သားသမီးေတြကို လူလားေျမာက္ေအာင္ ျပဳစုပ်ိဳးေထာင္ရတဲ့ အေျခအေန ေတြလည္း ရွိပါတယ္။

ထိုင္းႏိုင္ငံမွအသက္ ၃၂ႏွစ္အ႐ြယ္ Chatchai Parn-uthai လို႔ေခၚတဲ့အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕သားအားမငယ္ေစဖို႔အတြက္ အေမမ်ားေန႔အခမ္းအနားကို တက္ေရာက္ေပးဖို႔ ပန္းေရာင္အမ်ိဳးသမီးဝတ္စုံကို ဝတ္ဆင္ကာ ေခါင္းမွာဖဲျပားေလးတပ္ၿပီး အခမ္းအနားကိုတက္ေရာက္ေပးခဲ့ပါတယ္။

သူ႔ရဲ႕သားကိုခ်စ္တဲ့ ႀကီးမားလြန္းတဲ့ေမတၱာဟာ အခမ္းအနားထဲမွာ ရွက္ေၾကာက္ စိတ္လုံးဝမရွိခဲ့ပါဘူး။ ကမာၻ႔အေမမ်ားေန႔ကို ေမလအတြင္းမွာက်င္းပၾကေပမယ့္ ထိုင္းႏိုင္ငံမွာ သူတို႔ရဲ႕ဘုရင့္မိဖုရားႀကီး Sirikit ရဲ႕ေမြးေန႔ျဖစ္တဲ့ ဩဂုတ္လ ၁၂ မွာက်င္းပၾကပါတယ္။

Chatchai မွာေတာ့ အသက္ ၃ ႏွစ္နဲ႔ ၅ ႏွစ္အ႐ြယ္ကေလးႏွစ္ဦးရွိၿပီး သူရဲ႕ဇနီးကေတာ့ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္က သူတို႔ရဲ႕မိသားစုထဲကေန ထြက္ခြာသြားခဲ့ပါတယ္။

အေမမ်ားေန႔မွာ ကေလးေတြဟာ သူတို႔ရဲ႕မိခင္ေတြနဲ႔ အတူ ေပ်ာ္႐ႊင္စြာဆင္ႏႊဲ႕ေလ့ရွိၾကေပမယ့္ Chatchai ရဲ႕ကေလးႏွစ္ဦး မွာေတာ့ မိခင္မရွိတာေၾကာင့္ က်င္းပခြင့္မရၾကပါဘူး။

ဒါေၾကာင့္ Chatchai ဟာ သူ႔ကေလးေတြကို ေပ်ာ္႐ြင္စရာအခ်ိန္ေကာင္းေတြ ေပးခ်င္တာေၾကာင့္ သူ႔အေနနဲ႔အမ်ိဳးသမီးလို ဝတ္စားဖို႔ဆုံးျဖတ္ခဲ့တာပါ။

“ကြၽန္ေတာ္ ဟာ ကေလးႏွစ္ဦးရဲ႕ဖခင္ တစ္ေယာက္ပါ။ ကြၽန္ေတာ္သားေတြ အတြက္ဆို ဘာမဆို လုပ္ႏိုင္တယ္”လို႔ Chatchai ကဆိုပါတယ္။ “ကြၽန္ေတာ္ကေလးေတြ စိတ္မေကာင္းျဖစ္ၿပီး ဝမ္းနည္းေနတာကိုမလိုခ်င္ပါဘူး။ သူတို႔အၿမဲေပ်ာ္ေနတာပဲျမင္ခ်င္တာပါ။

ကြၽန္ေတာ္ ဒီအမ်ိဳးသမီးဝတ္စုံကို ဝတ္ရလို႔လုံးဝမရွက္ပါဘူး။ အဲဒါက ကြၽန္ေတာ္သားေတြကို အရမ္းခ်စ္လို႔ပါပဲ။ သူတို႔ေပ်ာ္ေနတာျမင္ရတဲ့ကာလပတ္လုံး ကြၽန္ေတာ္ေပးဆပ္ရက်ိဳးနပ္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

လူေတြက သူ႔ရဲ႕ဝတ္စုံကို ၾကည့္ၿပီး ၿပဳံးရီခဲ့ၾကေပမယ့္ Chatchai ကေတာ့ သူ႔ရဲ႕သားေတြေပ်ာ္႐ႊင္ေစဖို႔ အတြက္ သူ႔ရဲ႕အရွက္သိကၡာေတြကို လ်စ္လ်ဴ ရႈထားခဲ့ပါတယ္။

credit – beesportnews

1K Shares

Leave a Reply

1K Shares
Share1K
Tweet