International News

ကိုဗစ် ကာကွယ်ဆေး တစ်လုံးကို ဒေါ်လာ ၁၄၀ ဖြင့် ရောင်းချမည်ဟု တရုတ်မှ ကြေညာလိုက်ပြီ

ကိုဗစ် ကာကွယ်ဆေး တစ်လုံးကို ဒေါ်လာ ၁၄၀ ဖြင့် ရောင်းချမည်ဟု တရုတ်မှ ကြေညာလိုက်ပြီ

ဘေဂျင်း၊ သြဂုတ် ၂၇

တရုတ်ဆေးဝါးကုမ္ပဏီကြီး SinoPharm က ကိုဗစ် ကာကွယ် ဆေး ဒီဇင်ဘာလတွင် ရောင်းချနိုင်ရန်

အဆင်သင့်ဖြစ်မည်ဟု ကြေညာကာ ထိုးဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၄၀ ဖြင့် ရောင်းမည်ဟု ကြေညာထားသည်။

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံတွင်စတင်ကာ လူသားကို ကူးစက်ခဲ့ပြီး ကမ္ဘာအနှံ့ ရပ်တန့်မရအောင် ပျံ့နှံ့ခဲ့သည်။

ယခုအခါ တရုတ်ဆေးကုမ္ပဏီများသည်လည်း အခြားနိုင်ငံကြီးများနည်းတူ ဆေးဝါးထုတ်လုပ်ရေးတွင် ဦးဆောင်နေပြီး ထိရောက်သော ကာကွယ်ဆေး မကြာခင် ရောင်းချတော့မည်ဟု အစိုးရက ဆိုသည်။

ထုတ်လုပ်ထားသော ကာကွယ် ဆေး ပုလင်းပုံကို ပြီးခဲ့သည့် သီတင်းပတ်က တရုတ်အစိုးရမီဒီယာကတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

လူအုပ်စုများစွာဖြင့် စမ်းသပ်သော အဆင့်ရှိ ကာကွယ်ဆေးများတွင် တရုတ်ဆေးများစွာပါဝင်ပြီး တစ်ကမ္ဘာလုံး အဆင့်ဖြင့် စမ်းသပ်ချက်က တရုတ်ကုမ္ပဏီများအတွက် မရှိမဖြစ်ဖြစ်သည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရာတွင် အောင်မြင်သည့် နိုင်ငံအဖြစ် ပါဝင်ခဲ့ခြင်းကြောင့် လူအများနှင့် စမ်းသပ်ရာတွင် နိုင်ငံခြားတွင် စမ်းသပ်ရန် လိုအပ်သည်။

ပြီးခဲ့သည့် လမှစတင်ကာ ကာကွယ်ဆေးအတွက် အရေးကြီးသည့် ပြည်သူ့ရေးရာ လုပ်သားများကို တရုတ်က

စမ်းသပ်ထိုးနှံပေးမှုများလုပ်ခဲ့ကြောင်း တရုတ်ကျန်းမာရေး အကြီးတန်းအရာရှိတစ်ဦးက အစိုးရမီဒီယာကို ပြောကြားခဲ့သည်။

“ဒီဇင်ဘာလမှာ ဈေးကွက်ထဲရောက်လာမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပမာဏအများကြီးတော့ မဟုတ်သေးပါဘူး” ဟု ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ ဘန်ကောင်လင်းက ပြောကြားသည်။

၂၀၂၁ နွေရာသီသည် အားလုံး ဆေးရဖို့ အသေချာဆုံး ဖြစ်ကြောင်း ၎င်းက ထောက်ပြသွားခဲ့သည်။

ရုရှားနိုင်ငံက အောက်တိုဘာလတွင် ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မည်ဟု ကျန်းမာရေးဝန်ကြီးက တရားဝင် ကြေညာသွားခဲ့သည်။

Credit to The Voice

ကိုဗစ္ ကာကြယ္ေဆး တစ္လုံးကို ေဒၚလာ ၁၄၀ ျဖင့္ ေရာင္းခ်မည္ဟု တ႐ုတ္မွ ေၾကညာလိုက္ျပီ

ေဘဂ်င္း၊ ၾသဂုတ္ ၂၇

တ႐ုတ္ေဆးဝါးကုမၸဏီႀကီး SinoPharm က ကိုဗစ္ ကာကြယ္ ေဆး ဒီဇင္ဘာလတြင္ ေရာင္းခ်ႏိုင္ရန္

အဆင္သင့္ျဖစ္မည္ဟု ေၾကညာကာ ထိုးေဆးတစ္လုံးလွ်င္ အေမရိကန္ေဒၚလာ ၁၄၀ ျဖင့္ ေရာင္းမည္ဟု ေၾကညာထားသည္။

ကို႐ိုနာဗိုင္းရပ္စ္သည္ တ႐ုတ္ႏိုင္ငံတြင္စတင္ကာ လူသားကို ကူးစက္ခဲ့ၿပီး ကမာၻအႏွံ႔ ရပ္တန႔္မရေအာင္ ပ်ံ႕ႏွံ႔ခဲ့သည္။

ယခုအခါ တ႐ုတ္ေဆးကုမၸဏီမ်ားသည္လည္း အျခားႏိုင္ငံႀကီးမ်ားနည္းတူ ေဆးဝါးထုတ္လုပ္ေရးတြင္ ဦးေဆာင္ေနၿပီး ထိေရာက္ေသာ ကာကြယ္ေဆး မၾကာခင္ ေရာင္းခ်ေတာ့မည္ဟု အစိုးရက ဆိုသည္။

ထုတ္လုပ္ထားေသာ ကာကြယ္ ေဆး ပုလင္းပုံကို ၿပီးခဲ့သည့္ သီတင္းပတ္က တ႐ုတ္အစိုးရမီဒီယာကတစ္ဆင့္ ထုတ္ျပန္ခဲ့သည္။

လူအုပ္စုမ်ားစြာျဖင့္ စမ္းသပ္ေသာ အဆင့္ရွိ ကာကြယ္ေဆးမ်ားတြင္ တ႐ုတ္ေဆးမ်ားစြာပါဝင္ၿပီး တစ္ကမာၻလုံး အဆင့္ျဖင့္ စမ္းသပ္ခ်က္က တ႐ုတ္ကုမၸဏီမ်ားအတြက္ မရွိမျဖစ္ျဖစ္သည္။

တ႐ုတ္ႏိုင္ငံသည္ ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ရာတြင္ ေအာင္ျမင္သည့္ ႏိုင္ငံအျဖစ္ ပါဝင္ခဲ့ျခင္းေၾကာင့္ လူအမ်ားႏွင့္ စမ္းသပ္ရာတြင္ ႏိုင္ငံျခားတြင္ စမ္းသပ္ရန္ လိုအပ္သည္။

ၿပီးခဲ့သည့္ လမွစတင္ကာ ကာကြယ္ေဆးအတြက္ အေရးႀကီးသည့္ ျပည္သူ႔ေရးရာ လုပ္သားမ်ားကို တ႐ုတ္က

စမ္းသပ္ထိုးႏွံေပးမႈမ်ားလုပ္ခဲ့ေၾကာင္း တ႐ုတ္က်န္းမာေရး အႀကီးတန္းအရာရွိတစ္ဦးက အစိုးရမီဒီယာကို ေျပာၾကားခဲ့သည္။

“ဒီဇင္ဘာလမွာ ေဈးကြက္ထဲေရာက္လာမွာ ျဖစ္ပါတယ္။

ဒါေပမဲ့ ပမာဏအမ်ားႀကီးေတာ့ မဟုတ္ေသးပါဘူး” ဟု ေဟာင္ေကာင္တကၠသိုလ္မွ ပါေမာကၡ ဘန္ေကာင္လင္းက ေျပာၾကားသည္။

၂၀၂၁ ေႏြရာသီသည္ အားလုံး ေဆးရဖို႔ အေသခ်ာဆုံး ျဖစ္ေၾကာင္း ၎က ေထာက္ျပသြားခဲ့သည္။

႐ုရွားႏိုင္ငံက ေအာက္တိုဘာလတြင္ က်န္းမာေရးဝန္ထမ္းမ်ားကို ကာကြယ္ေဆး စတင္ထိုးႏွံေပးေတာ့မည္ဟု က်န္းမာေရးဝန္ႀကီးက တရားဝင္ ေၾကညာသြားခဲ့သည္။

Credit to The Voice

4K Shares

Leave a Reply

4K Shares
Share4K
Tweet