International News

အမေရိကန်သမ္မတထရမ့်က Covid-19 ကာကွယ်ဆေးကို နိုဝင်ဘာ ၁ ရက်နေ့အရောက် ပြည်နယ်တွေမှာဖြန့်ဝေဖို့ စီစဉ်ထားပြီ

အမေရိကန်သမ္မတထရမ့်က Covid-19 ကာကွယ်ဆေးကို နိုဝင်ဘာ ၁ ရက်နေ့အရောက် ပြည်နယ်တွေမှာဖြန့်ဝေဖို့ စီစဉ်ထားပြီ

အမေရိကန်သမ္မတထရမ့်က Covid-19 ကာကွယ်ဆေးကို နိုဝင်ဘာလ ၁ ရက်နေ့အရောက် ပြည်နယ်တွေမှာဖြန့်ဝေဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။

🇺🇸 အမေရိကန်သမ္မတရွေးကောက်ပွဲနေ့က နိုဝင်ဘာလ ၃ ရက်နေ့ပါ။ထရမ့်ကတော့ လက်နက်ကုန်ထုတ်သုံးနေပြီဖြစ်ပါတယ်။

Dallas ပြည်နယ်က McKesson Corp က ပြည်နယ်အစိုးရနဲ့ သဘောတူညီချက်ပြုလုပ်ထားပြီး ကာကွယ်ဆေးဖြန့်ဝေရေးစင်တာတွေပြုလုပ်ဖို့ ပါမစ်တောင်းထားတယ်လို့ ဆိုပါတယ်။

အမေရိကန်ကူးစက်ရောဂါကာကွယ်ရေးဌာန CDC ရဲ့ ဒါရိုက်တာဖြစ်သူ Robert Redfield က CDC အနေနဲ့ ကာကွယ်ဆေးလျှင်မြန်ချောမွေ့စွာဖြန့်ချီနိုင်ရေးအတွက် ပြည်နယ်အစိုးရတွေရဲ့ အကူအညီလိုအပ်တယ်လို့ ဩဂတ်စ်လ ၂၇ ရက်နေ့စာထဲမှာ ဆိုထားပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ အဲ့ဒီကာကွယ်ဆေးဖြန့်ဝေရေးစင်တာတွေဟာ အပြည့်အဝအလုပ်လုပ်နေရမယ်လို့ သူကဆိုပါတယ်။

CDC အနေနဲ့ ကာကွယ်ဆေးတွေကို ဘယ်လိုဖြန့်ဝေရမလဲဆိုတာ အသေးစိတ်အစီအစဉ်ချပေးမယ်လို့ဆိုပါတယ်။

ကာကွယ်ဆေးရရှိတဲ့အမေရိကန်ပြည်သူတွေအနေနဲ့ ပထမအကြိမ်ထိုးပြီးရင် ရက်သတ္တပတ်အနည်းငယ်အကြာမှာ ဒုတိယအကြိမ် booster dose ထိုးဖို့ လိုကောင်းလိုလိမ့်မယ်လို့ဆိုပါတယ်။

အခုအချိန်မှာ အနောက်အုပ်စုဘက်က နောက်ဆုံးအဆင့် Phasec3 ရောက်နေတဲ့ ကာကွယ်ဆေး (၃) မျိုးရှိပါတယ်။

တကယ်တော့ကာကွယ်ဆေးကို စမ်းသပ်ရာမှာ တကယ့်ကာကွယ်ဆေးထိုးပေးထားတဲ့သူတွေရော၊ အသွင်တူအစွမ်းမဲ့ကာကွယ်ဆေး (placebo) ပေးထားသူတွေရောဆီက ရလဒ်အဖြေကို လူထောင်နဲ့ချီပြီး အသေအချာရလဒ်ကောင်းထွက်တဲ့အထိစောင့်ရမှာပါ။

အခုလိုတက်သုတ်ရိုက်ပြီး လူတွေမှာထိုးပေးလိုက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ကြောင်း WHO ကရော ကာကွယ်ဆေးကျွမ်းကျင်သူတွေကပါသတိပေးထားပါတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်တို့က အကောင်းဘက်ကတွေးရင် ကံကောင်းပါတယ်။ ဒီလိုပဲ ရသေ့စိတ်ဖြေလုပ်ရတာပေါ့။

ရုရှားကလည်းကာကွယ်ဆေးရပြီပြောပြီး လူထောင်နဲ့ချီမှာစမ်းနေပြီ။တရုတ်ကလည်း သူ့လူတွေမှာစထိုးပေးကာစမ်းသပ်နေပြီ။

အခု ထရမ့်ကလည်း ကာကွယ်ဆေးကို ဖြန့်ဖို့လုပ်နေပြီ။သူတို့အခြေအနေကြည့်ပြီး ဘယ်ကာကွယ်ဆေးက တကယ်စွမ်းသလဲ ကျနော်တို့သိရတော့မှာပါ။

အနောက်အုပ်စု ကာကွယ်ဆေး (၃) မျိုးထဲက Moderna ရဲ့ mRNA ကာကွယ်ဆေးဖြစ်ဖို့များပါတယ်။

BBC

အေမရိကန္သမၼတထရမ့္က Covid-19 ကာကြယ္ေဆးကို ႏိုဝင္ဘာ ၁ ရက္ေန႔အေရာက္ ျပည္နယ္ေတြမွာျဖန႔္ေဝဖို႔ စီစဥ္ထားၿပီ

အေမရိကန္သမၼတထရမ့္က Covid-19 ကာကြယ္ေဆးကို ႏိုဝင္ဘာလ ၁ ရက္ေန႔အေရာက္ ျပည္နယ္ေတြမွာျဖန႔္ေဝဖို႔ စီစဥ္ထားတယ္လို႔ဆိုပါတယ္။

🇺🇸 အေမရိကန္သမၼတေ႐ြးေကာက္ပြဲေန႔က ႏိုဝင္ဘာလ ၃ ရက္ေန႔ပါ။ထရမ့္ကေတာ့ လက္နက္ကုန္ထုတ္သုံးေနၿပီျဖစ္ပါတယ္။

Dallas ျပည္နယ္က McKesson Corp က ျပည္နယ္အစိုးရနဲ႔ သေဘာတူညီခ်က္ျပဳလုပ္ထားၿပီး ကာကြယ္ေဆးျဖန႔္ေဝေရးစင္တာေတြျပဳလုပ္ဖို႔ ပါမစ္ေတာင္းထားတယ္လို႔ ဆိုပါတယ္။

အေမရိကန္ကူးစက္ေရာဂါကာကြယ္ေရးဌာန CDC ရဲ႕ ဒါ႐ိုက္တာျဖစ္သူ Robert Redfield က CDC အေနနဲ႔ ကာကြယ္ေဆးလွ်င္ျမန္ေခ်ာေမြ႕စြာျဖန႔္ခ်ီႏိုင္ေရးအတြက္ ျပည္နယ္အစိုးရေတြရဲ႕ အကူအညီလိုအပ္တယ္လို႔ ဩဂတ္စ္လ ၂၇ ရက္ေန႔စာထဲမွာ ဆိုထားပါတယ္။

ႏိုဝင္ဘာ ၁ ရက္ေန႔မွာ အဲ့ဒီကာကြယ္ေဆးျဖန႔္ေဝေရးစင္တာေတြဟာ အျပည့္အဝအလုပ္လုပ္ေနရမယ္လို႔ သူကဆိုပါတယ္။

CDC အေနနဲ႔ ကာကြယ္ေဆးေတြကို ဘယ္လိုျဖန႔္ေဝရမလဲဆိုတာ အေသးစိတ္အစီအစဥ္ခ်ေပးမယ္လို႔ဆိုပါတယ္။

ကာကြယ္ေဆးရရွိတဲ့အေမရိကန္ျပည္သူေတြအေနနဲ႔ ပထမအႀကိမ္ထိုးၿပီးရင္ ရက္သတၱပတ္အနည္းငယ္အၾကာမွာ ဒုတိယအႀကိမ္ booster dose ထိုးဖို႔ လိုေကာင္းလိုလိမ့္မယ္လို႔ဆိုပါတယ္။

အခုအခ်ိန္မွာ အေနာက္အုပ္စုဘက္က ေနာက္ဆုံးအဆင့္ Phasec3 ေရာက္ေနတဲ့ ကာကြယ္ေဆး (၃) မ်ိဳးရွိပါတယ္။

တကယ္ေတာ့ကာကြယ္ေဆးကို စမ္းသပ္ရာမွာ တကယ့္ကာကြယ္ေဆးထိုးေပးထားတဲ့သူေတြေရာ၊ အသြင္တူအစြမ္းမဲ့ကာကြယ္ေဆး (placebo) ေပးထားသူေတြေရာဆီက ရလဒ္အေျဖကို လူေထာင္နဲ႔ခ်ီၿပီး အေသအခ်ာရလဒ္ေကာင္းထြက္တဲ့အထိေစာင့္ရမွာပါ။

အခုလိုတက္သုတ္႐ိုက္ၿပီး လူေတြမွာထိုးေပးလိုက္လို႔ ေဘးထြက္ဆိုးက်ိဳးေတြရွိႏိုင္ေၾကာင္း WHO ကေရာ ကာကြယ္ေဆးကြၽမ္းက်င္သူေတြကပါသတိေပးထားပါတယ္။

ဘာပဲျဖစ္ျဖစ္ က်ေနာ္တို႔က အေကာင္းဘက္ကေတြးရင္ ကံေကာင္းပါတယ္။ ဒီလိုပဲ ရေသ့စိတ္ေျဖလုပ္ရတာေပါ့။

႐ုရွားကလည္းကာကြယ္ေဆးရၿပီေျပာၿပီး လူေထာင္နဲ႔ခ်ီမွာစမ္းေနၿပီ။တ႐ုတ္ကလည္း သူ႔လူေတြမွာစထိုးေပးကာစမ္းသပ္ေနၿပီ။

အခု ထရမ့္ကလည္း ကာကြယ္ေဆးကို ျဖန႔္ဖို႔လုပ္ေနၿပီ။သူတို႔အေျခအေနၾကည့္ၿပီး ဘယ္ကာကြယ္ေဆးက တကယ္စြမ္းသလဲ က်ေနာ္တို႔သိရေတာ့မွာပါ။

အေနာက္အုပ္စု ကာကြယ္ေဆး (၃) မ်ိဳးထဲက Moderna ရဲ႕ mRNA ကာကြယ္ေဆးျဖစ္ဖို႔မ်ားပါတယ္။

BBC

3K Shares

Leave a Reply

3K Shares
Share3K
Tweet