International News

တစ်ဘဝလုံးစာ စုဆောင်ထား တဲ့ငွေကြေးတွေ အကုန် ဆေးရုံသို့ လှူတန်းခဲ့တဲ့ အသက် 80 အရွယ် လင်မယား

တစ်ဘဝလုံးစာ စုဆောင်ထား တဲ့ငွေကြေးတွေ အကုန် ဆေးရုံသို့ လှူတန်းခဲ့တဲ့ အသက် 80 အရွယ် လင်မယား

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Yenjai Wongpaiboonsri အမည် ရှိတဲ့ အသက်80အရွယ် အဘွားအို နှင့် အသက် 83နှစ်အရွယ် Prachuap Wongpaiboonsri အမည်ရှိတဲ့အဘိုးအိုတို့ဟာ စုဆောင်းထားတဲ့ငွေ 1.15 မီလီယံဘတ်ကို ၎င်းတို့မြို့ရှိဆေးရုံ 2ရုံသို့ လှူဒါန်းခဲ့ပါတယ် ။

၎င်းတို့လင်မယားဟာ ထိုင်းနိုင်ငံအရှေ့ဖက် ၊ Chon Buri မှာဘဲသားခေါက်ဆွဲ ဆိုင်လေးဖွင့်ထားကြ သူပါ။

Queen Savang Vadhana ဆေးရုံသို့ 500,000 ဘတ်လှူဒါန်းခဲ့ပြီး ၊650,000 ဘတ်ကို Lamchabang ဆေးရုံသို့ လှူတန်းပေးခဲ့ပါတယ် ။

အဆိုပါလင်မယား ဟာ အတော်လေးကိုအိုနေပြီဖြစ်တဲ့အတွက် ဘယ် အချိန်လောကကြီးကနေ ထွက်သွားရမလဲဆိုတာ မသိလို့ ယခုလိုလှူတန်းခဲ့တာဖြစ်ပါတယ်။

အဘွားအိုကတော့ဟိုးအရင်ချိန် တုန်းက အဘိုးအိုခြေထောက်နှစ်ဖက်လုံးကျိုးသွားခဲ့တဲ့အချိန်တုန်းက ဆေးရုံရှိဆရာဝန်များနှင့်

သူနာပြုများက ဂရုစိုက်ပေးကြတဲ့အပြင် ၊ ဆေးဖိုးကုသစရိတ်များကိုပါထောက်ပံ့ပေးခဲ့လို့ အတော်လေးကျေးဇူး တင်ခဲ့ရတာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

အဘိုးအဘွားနှစ်ဦးဟာ အဆိုပါခေါက်ဆွဲဆိုင်ကိုဖွင့်ခဲ့တာ နှစ်ပေါင်း 50 ရှိနေပြီဖြစ်ပြီး ဒေသခံတွေကတော့ ၎င်းတို့ရဲ့ခေါက်ဆွဲကိုအတော်ကြိုက်နှစ်သက်ကြသူပါ ။

ထို့အပြင်၎င်းတို့ရဲ့ခေါက်ဆွဲချက်ပြုတ်နည်းကိုမေးမြန်းခဲ့ချိန်မှာလည်း လတ်ဆတ်ပြီးသန့်ရှင်းတဲ့အစားအသောက်တွေကိုသာ အသုံးပြုပြီး၊ စေတနာအပြည့်နှင့်ချက်ပြုတ်ထားတာဖြစ်ကြောင်း ရှင်းပြ ခဲ့ပါတယ်

တစ္ဘဝလုံးစာ စုေဆာင္ထား တဲ့ေငြေၾကးေတြ အကုန္ ေဆး႐ုံသို႔ လႉတန္းခဲ့တဲ့ အသက္ 80 အ႐ြယ္ လင္မယား

ထိုင္းႏိုင္ငံမွာေနထိုင္တဲ့ Yenjai Wongpaiboonsri အမည္ ရွိတဲ့ အသက္80အ႐ြယ္ အဘြားအို ႏွင့္ အသက္ 83ႏွစ္အ႐ြယ္ Prachuap Wongpaiboonsri အမည္ရွိတဲ့အဘိုးအိုတို႔ဟာ စုေဆာင္းထားတဲ့ေငြ 1.15 မီလီယံဘတ္ကို ၎တို႔ၿမိဳ႕ရွိေဆး႐ုံ 2႐ုံသို႔ လႉဒါန္းခဲ့ပါတယ္ ။

၎တို႔လင္မယားဟာ ထိုင္းႏိုင္ငံအေရွ႕ဖက္ ၊ Chon Buri မွာဘဲသားေခါက္ဆြဲ ဆိုင္ေလးဖြင့္ထားၾက သူပါ။

Queen Savang Vadhana ေဆး႐ုံသို႔ 500,000 ဘတ္လႉဒါန္းခဲ့ၿပီး ၊650,000 ဘတ္ကို Lamchabang ေဆး႐ုံသို႔ လႉတန္းေပးခဲ့ပါတယ္ ။

အဆိုပါလင္မယား ဟာ အေတာ္ေလးကိုအိုေနၿပီျဖစ္တဲ့အတြက္ ဘယ္ အခ်ိန္ေလာကႀကီးကေန ထြက္သြားရမလဲဆိုတာ မသိလို႔ ယခုလိုလႉတန္းခဲ့တာျဖစ္ပါတယ္။

အဘြားအိုကေတာ့ဟိုးအရင္ခ်ိန္ တုန္းက အဘိုးအိုေျခေထာက္ႏွစ္ဖက္လုံးက်ိဳးသြားခဲ့တဲ့အခ်ိန္တုန္းက ေဆး႐ုံရွိဆရာဝန္မ်ားႏွင့္

သူနာျပဳမ်ားက ဂ႐ုစိုက္ေပးၾကတဲ့အျပင္ ၊ ေဆးဖိုးကုသစရိတ္မ်ားကိုပါေထာက္ပံ့ေပးခဲ့လို႔ အေတာ္ေလးေက်းဇူး တင္ခဲ့ရတာျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္။

အဘိုးအဘြားႏွစ္ဦးဟာ အဆိုပါေခါက္ဆြဲဆိုင္ကိုဖြင့္ခဲ့တာ ႏွစ္ေပါင္း 50 ရွိေနၿပီျဖစ္ၿပီး ေဒသခံေတြကေတာ့ ၎တို႔ရဲ႕ေခါက္ဆြဲကိုအေတာ္ႀကိဳက္ႏွစ္သက္ၾကသူပါ ။

ထို႔အျပင္၎တို႔ရဲ႕ေခါက္ဆြဲခ်က္ျပဳတ္နည္းကိုေမးျမန္းခဲ့ခ်ိန္မွာလည္း လတ္ဆတ္ၿပီးသန႔္ရွင္းတဲ့အစားအေသာက္ေတြကိုသာ အသုံးျပဳၿပီး၊ ေစတနာအျပည့္ႏွင့္ခ်က္ျပဳတ္ထားတာျဖစ္ေၾကာင္း ရွင္းျပ ခဲ့ပါတယ္

270 Shares

Leave a Reply

270 Shares
Share270
Tweet