International News

ရုရှားရဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ပြည်ပသို့စတင်ပို့ပြီ

ရုရှားရဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ပြည်ပသို့စတင်ပို့ပြီ

ရုရှားဟာ ၎င်းရဲ့ ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေး Sputnik V ပထမအသုတ်ကို သူ့နိုင်ငံရဲ့ ဒေသ ၈၅ ခုလုံးကို ဖြန့်ကြက်ပေးပို့လိုက်ပြီး တတိယအဆင့်နဲ့နောက်ဆုံးအဆင့်စမ်းသပ်မှုကို

ရုရှားနိုင်ငံသား ၄၀၀၀၀ နဲ့စတင်ခဲ့ပါတယ်. အခုအခါမှာ နိုင်ငံသား ၃၅၀၀၀ ထိ ကာကွယ်ဆေးထိုးပြီးသွားပြီး ရလဒ်ကောင်းမွန်နေတယ်လို့ဆိုပါတယ်.

ပထမဆုံး စမ်းသပ်ခဲ့သူ ၇၆ ဦးမှာပင် ဆေးအာနိသင်ဟာ ၁၀၀% အစွမ်းပြခဲ့ပြီး COVID-19 ကိုတွန်းလှန်နိုင်တဲ့ antibody ကိုလုံလောက်စွာ ထုတ်ပေးနိုင်တာကိုတွေ့ရှိရတယ်လို့ဆိုပါတယ်.

ယခုအခါ ဘရာဇီးနိုင်ငံက ရုရှားရဲ့ Sputnik V ကို အရေအတွက် သန်း ၅၀ ဝယ်ယူဖို့ညှိုနှိုင်းထားပြီး ၎င်းတို့ရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ ဘာဗီယာပြည်နယ်မှာ စတင်ဖြန့်ချီဖို့ လုပ်ဆောင်နေပါပြီ..

မက္ကဆီကိုနိုင်ငံကလည်း ၎င်းတို့နိုင်ငံအတွက် ကာကွယ်ဆေး ၃၃ သန်းဝယ်ယူဖို့ ရုရှားနဲ့ညှိုနှိုင်းထားတယ်လို့ဆိုပါတယ်.

Sputnik V ဟာ ထိုးဆေး ၂ ကြိမ်ထိုးရမည့် ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး COVID-19 ပျောက်ကင်းစေတဲ့ဆေးမဟုတ်တဲ့ ကာကွယ်ဆေးသီးသန့်ဖြစ်ပါတယ်..

Credit_YMN
COVID19 SPUTNIK5 RUSSIA

KhaungKhaung FB
Ref: on.rt








Credit_YMN

KhaungKhaung FB
Ref: on.rt

0 Shares

Leave a Reply

0 Shares
Share
Tweet