International News

တရုတ်ပြည်တွင် လေရှုရာမှ ပြင်းထန်ကူးစက်တတ်သည့် ဘက်တီးရီယားပိုးတစ်မျိုး ပျံ့နှံ့မှု ဖြစ်စဉ် အပြည့်အစုံ

တရုတ်ပြည်တွင် လေရှုရာမှ ပြင်းထန်ကူးစက်တတ်သည့် ဘက်တီးရီယားပိုးတစ်မျိုး ပျံ့နှံ့မှု ဖြစ်စဉ် အပြည့်အစုံ

တရုတ်ပြည် အနောက်မြောက်ပိုင်းမှာ ဘက်တီးရီးယား ကူးစက်ပြန့်ပွားမှုရှိခဲ့တယ်လို့ Lanzhou အာဏာပိုင် တွေက ပြောကြားခဲ့ပါတယ်။

ပထမဆုံးပြောချင်တာက ကျနော်တို့ဆီ ကူးစက်မှာကို မစိုးရိမ်ရတဲ့အတွက် စိတ်မပူကြ ပါနဲ့။ ဒီဘက်တီးရီးယား ဟာ လူကနေ လူကို ပြန်ကူးစက်တာ အလွန်ရှားတဲ့အတွက် ကျနော်တို့ မစိုးရိမ်ရပါ။

ဒီဖြစ်ရပ်အဓိကဖြစ်ပွားခဲ့တာက မနှစ်က ဇူလိုင်လကုန်နဲ့ ဩဂတ်စ်လမှာ Zhongmu Lanzhou ဇီဝဆေးဝါး စက်ရုံက စတင်ဖြစ်ပွားခဲ့ တာလို့ဆိုပါတယ်။

ဘာလို့ အခုမှ သတင်းပြန့်တာလဲဆိုတော့ ဒေသအာဏာပိုင်တွေက အခုမှ ဒီဖြစ်ရပ်ကို လူသိရှင်ကြားပြောလာလို့ပါ။ တရုတ်သတင်းဌာန စင်ဟွာက မနှစ်က ဒီဇင်ဘာလမှာ ဒီသတင်းကို ရေးဖူးပါတယ်။

Lanzhou ကျန်းမာရေး ကော်မရှင်က အဲ့ဒီဖြစ်ရပ်ကနေ brucellosis ရောဂါကို စုစုပေါင်း လူပေါင်း ၃၂၄၅ ယောက်ကို ကူးစက်ခဲ့တယ် လို့ ဆိုပါတယ်။

နောက်ထပ် လူပေါင်း ၁၄၀၁ ယောက်မှာ positive ဖြစ်နေပြီး အခုထိလူ သေဆုံးမှုမရှိ ဘူးလို့ဆိုပါတယ်။ အခုထိလူပေါင်း ၂၁၈၄၇ ယောက်ကို test စစ်ဆေးထားပြီးပါပြီတဲ့။

အဲ့ဒီ brucellosis ရောဂါဟာ brucella ဘက်တီးရီးယားကနေ ကူးစက်ပါတယ်။ brucellosis ရောဂါကို Malta fever (သို့) Mediterranean fever (မော်တာအဖျား (သို့) မြေထဲပင်လယ်အဖျား) လို့လည်းခေါ်ကြပါတယ်။

ရောဂါလက္ခဏာတွေ ကတော့ ခေါင်းကိုက်တာ၊ ကိုယ်ပူတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကြွက်သား တွေနာတာ တွေဖြစ်ပါတယ်တဲ့။

မှတ်သားစရာ တစ်ခုက တစ်ချို့ရောဂါလက္ခဏာတွေ က နာတာရှည်ဖြစ်သွားပြီး ကိုယ်အင်္ဂါတွေရောင်ရမ်းတာတွေဖြစ်ပွားတတ်တယ်လို့ အမေရိကန်ကူးစက်ရောဂါဌာန CDC ကဆိုထားပါတယ်။

ဘယ်လိုကူးစက်သလဲဆိုရင် ရောဂါပိုးပါတဲ့ အစားအသောက်ကို စားသောက်မိတာနဲ့ ပိုးပါတဲ့လေကို ရှုမိတာကနေ ကူးစက်ပါတယ်တဲ့။ အဲ့ဒီဘက်တီးရီးယားပိုးက နွားတွေမှာရှိတယ်ဆိုရင် နွားနို့ကို ပိုးမသတ်ထားရင် လူကိုကူးနိုင်ပါတယ်။

အခုစက်ရုံက တိရိစ္ဆာန်ကာကွယ် ဆေးထုတ်တဲ့ စက်ရုံပါ။ အဲ့ဒီလို ကာကွယ်ဆေးထုတ်လုပ်ရာမှာ စွန့်ပစ်ပစ္စည်းဓာတ်ငွေ့တွေကို ပိုးသတ်ရာမှာ ဒိတ်လွန်နေတဲ့ပိုးသတ်သန့်ရှင်းဆေးကို သုံးမိခြင်းပါပဲ။ အဲ့ဒီတော့ စွန့်ပစ်ဓာတ်ငွေ့ထဲမှာ ဘက်တီးရီးယားပါသွားပြီး လေထဲရောက်သွားတယ်။

အဲ့ဒီစက်ရုံခေါင်းတိုင်ကထွက်လာတဲ့ ပိုးပါတဲ့လေတွေဟာ လေတိုက်ရာကနေ Lanzhou Veterinary Research Institute (သုသေသနကျောင်း) ဘက်ကိုရောက်သွားပြီး Outbreak စပါတော့တယ်။

ကျနော်တို့အတွက် သင်ခန်းစာ ယူစရာက ပိုးသတ်ရာမှာ expired disinfectants and sanitizers (ဒိတ်လွန်တဲ့ပိုးသတ်ဆေးကို) မသုံးမိဖို့ပဲ။ ပိုးသတ်တဲ့အရည်၊ အမှုန့်တွေက ဒိတ်လွန်နေရင် ရောဂါပိုးကိုသေတယ်ထင်ပြီး မသေတာကနေ ကူးစက်ရောဂါအကြီးအကျယ်ဖြစ်တတ်ပါတယ်။ ဆေးရုံဆေးခန်းတွေမှာလည်း သတိထားရပါမယ်။

နောင်ပြီးတော့ စက်ရုံတွေကနေ ဇီဝဘေးအန္တရာယ် ရှိမှုပဲ။ ဒါကြောင့် ကျနော်တို့က စက်ရုံတွေကို Environmental Management ကို စနစ်တကျ လိုက်နာဖို့ပြောတာဖြစ်ပါတယ်။

ခုနက ကူးစက်မှုပြဿနာကိုဆက်ရရင် အဲ့ဒီလို သုသေသနကျောင်း ကို လေထဲကနေကူးစက်သွားရာကနေ နိုဝင်ဘာလမှာ ကူးစက်မှုသတင်းပို့မှုတွေများလာပါတယ်တဲ့။

အဲ့ဒီကနေကူးစက်မှုအရှိန်မြင့်လာခဲ့တယ်။ ဒီဇင်ဘာလကုန်မှာ ၁၈၁ ယောက်ကူးစက်ခဲ့တယ်လို့ စင်ဟွာသတင်းဌာနက ဒီဇင်ဘာလမှာ ရေးခဲ့ပါတယ်။

နောက်ထပ်ကူးစက်ခံရသူတွေကတော့ Lanzhou University က ဆရာနဲ့ကျောင်းသားတွေပါ။ အဲ့ဒီကနေအထက်ဖက်က Heilongjiang ပြည်နယ်ဖက် ကူးစက်ပြန့်နှံ့သွားပါတယ်တဲ့။ အခုတော့ စက်ရုံကို တိရိစ္ဆာန်ကာကွယ်ဆေးထုတ်ခွင့်လိုင်စင် ရုပ်သိမ်းပါတယ်။

ဖေဖဝါရီလမှာ အဲ့ဒီစဖြစ်တဲ့စက်ရုံက လူသိရှင်ကြား တောင်းပန်ပါတယ်။ တာဝန်ရှိတဲ့ လူ ၈ ယောက်ကိုလည်း ပြင်းပြင်းထန်ထန်အရေးယူပါတယ်တဲ့။ ကူးစက်ရောဂါပြန့်ပွားမှုသန့်ရှင်းရေးတွေလုပ်ပြီး လျှော်ကြေးပေးပါမယ်လို့ဆိုပါတယ်။

အဲ့ဒီအချိန်မှာ ကိုဗစ်ကလည်း အကြီးအကျယ် ဖြစ်နေတော့ လူတွေလန့်ဖြန့်နေကြပြီး သူတို့လည်းအရေးယူခံရမှာကို စိုးရိမ်တယ်ထင်ပါတယ်။ တကယ်တော့ အဲ့ဒီ မော်တာအဖျားရောဂါဟာ

၁၉၈၀ ကျော်လောက်က တရုတ်ပြည်မှာရှိခဲ့ပြီး ကာကွယ်ဆေးတွေပေါ်လာတာရယ်၊ လူတွေကကျန်းမာရေးအသိရှိလာပြီး မပြန့်ပွားအောင်ဂရုစိုက်လာတာရယ်ကြောင့် ဖြစ်ပွားမှုနည်းပါးခဲ့တာပါ။

ဘေ့ာစနီးယားမှာ ၂၀၀၈ ခုနှစ်မှာ လူအယောက် ၁၀၀၀ လောက်အကူး ခံရပြီး သိုးတွေ၊ နွားတွေ၊ ဆိတ်တွေ အစုလိုက်အပြုံလိုက် ရှင်းခံခဲ့ရပါတယ်။

အမေရိကန်ပြည်ထောင်စု မှာလည်း အဲ့ဒီရောဂါကို မွေးမြူရေးလုပ်ငန်းတွေမှာ နှစ်စဉ်ဒေါ်လာဘီလျံချီပြီး ကုန်ကျနေတာပါ။ အမေရိကန် Yellowstone National Park ထဲက Bison အမေရိကန်ကျွဲရိုင်းအမတွေရဲ့ ၆၀ ရာနှုန်းမှာ အဲ့ဒီ Brucella ဘက်တီးရီးယားကို သယ်ဆောင်တာကို တွေ့ရပါတယ်တဲ့။

အခု Lanzhou မှာဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရုတ် Global Times ကလည်း ထင်တာထက်ပိုဆိုးကြောင်း ရေးသားခဲ့ပါတယ်။ Nikki Asian Review မှာတော့ ခံစားရတဲ့မိသားစုတွေအကြောင်း အသေးစိတ်ပြည့်ပြည့်စုံစုံရေးထားတာတွေ့ရပါတယ်။

အဲ့ဒါကြောင့်မွေးမြူရေး လုပ်ငန်းနဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းတွေမှာ ပိုးသတ်မှု စနစ်ကျဖို့ အလွန်လိုအပ်တာဖြစ်ပါတယ်ခင်ဗျား။ Covid ကာလမှာ ဆေးရုံဆေးခန်းတွေမှာ ပိုးအသေအချာသန့်စင်ကြဖို့လိုပါတယ်။ expired disinfectants and sanitizers ကိုမသုံးမိဖို့ ဂရုပြုကြပါခင်ဗျား။

Richard Myo Thant (18.9.2020)

တ႐ုတ္ျပည္တြင္ ေလရႈရာမွ ျပင္းထန္ကူးစက္တတ္သည့္ ဘက္တီးရီယားပိုးတစ္မ်ိဳး ပ်ံ႕ႏွံ့မႈ ျဖစ္စဥ္ အျပည့္အစုံ

တ႐ုတ္ျပည္ အေနာက္ေျမာက္ပိုင္းမွာ ဘက္တီးရီးယား ကူးစက္ျပန႔္ပြားမွုရွိခဲ့တယ္လို႔ Lanzhou အာဏာပိုင္ ေတြက ေျပာၾကားခဲ့ပါတယ္။

ပထမဆုံးေျပာခ်င္တာက က်ေနာ္တို႔ဆီ ကူးစက္မွာကို မစိုးရိမ္ရတဲ့အတြက္ စိတ္မပူၾက ပါနဲ႔။ ဒီဘက္တီးရီးယား ဟာ လူကေန လူကို ျပန္ကူးစက္တာ အလြန္ရွားတဲ့အတြက္ က်ေနာ္တို႔ မစိုးရိမ္ရပါ။

ဒီျဖစ္ရပ္အဓိကျဖစ္ပြားခဲ့တာက မႏွစ္က ဇူလိုင္လကုန္နဲ႔ ဩဂတ္စ္လမွာ Zhongmu Lanzhou ဇီဝေဆးဝါး စက္႐ုံက စတင္ျဖစ္ပြားခဲ့ တာလို႔ဆိုပါတယ္။

ဘာလို႔ အခုမွ သတင္းျပန႔္တာလဲဆိုေတာ့ ေဒသအာဏာပိုင္ေတြက အခုမွ ဒီျဖစ္ရပ္ကို လူသိရွင္ၾကားေျပာလာလို႔ပါ။ တ႐ုတ္သတင္းဌာန စင္ဟြာက မႏွစ္က ဒီဇင္ဘာလမွာ ဒီသတင္းကို ေရးဖူးပါတယ္။

Lanzhou က်န္းမာေရး ေကာ္မရွင္က အဲ့ဒီျဖစ္ရပ္ကေန brucellosis ေရာဂါကို စုစုေပါင္း လူေပါင္း ၃၂၄၅ ေယာက္ကို ကူးစက္ခဲ့တယ္ လို႔ ဆိုပါတယ္။

ေနာက္ထပ္ လူေပါင္း ၁၄၀၁ ေယာက္မွာ positive ျဖစ္ေနၿပီး အခုထိလူ ေသဆုံးမွုမရွိ ဘူးလို႔ဆိုပါတယ္။ အခုထိလူေပါင္း ၂၁၈၄၇ ေယာက္ကို test စစ္ေဆးထားၿပီးပါၿပီတဲ့။

အဲ့ဒီ brucellosis ေရာဂါဟာ brucella ဘက္တီးရီးယားကေန ကူးစက္ပါတယ္။ brucellosis ေရာဂါကို Malta fever (သို႔) Mediterranean fever (ေမာ္တာအဖ်ား (သို႔) ေျမထဲပင္လယ္အဖ်ား) လို႔လည္းေခၚၾကပါတယ္။

ေရာဂါလကၡဏာေတြ ကေတာ့ ေခါင္းကိုက္တာ၊ ကိုယ္ပူတာ၊ ပင္ပန္းႏြမ္းနယ္တာ၊ ႂကြက္သား ေတြနာတာ ေတြျဖစ္ပါတယ္တဲ့။

မွတ္သားစရာ တစ္ခုက တစ္ခ်ိဳ႕ေရာဂါလကၡဏာေတြ က နာတာရွည္ျဖစ္သြားၿပီး ကိုယ္အဂၤါေတြေရာင္ရမ္းတာေတြျဖစ္ပြားတတ္တယ္လို႔ အေမရိကန္ကူးစက္ေရာဂါဌာန CDC ကဆိုထားပါတယ္။

ဘယ္လိုကူးစက္သလဲဆိုရင္ ေရာဂါပိုးပါတဲ့ အစားအေသာက္ကို စားေသာက္မိတာနဲ႔ ပိုးပါတဲ့ေလကို ရွုမိတာကေန ကူးစက္ပါတယ္တဲ့။ အဲ့ဒီဘက္တီးရီးယားပိုးက ႏြားေတြမွာရွိတယ္ဆိုရင္ ႏြားနို႔ကို ပိုးမသတ္ထားရင္ လူကိုကူးနိုင္ပါတယ္။

အခုစက္႐ုံက တိရိစၧာန္ကာကြယ္ ေဆးထုတ္တဲ့ စက္႐ုံပါ။ အဲ့ဒီလို ကာကြယ္ေဆးထုတ္လုပ္ရာမွာ စြန႔္ပစ္ပစၥည္းဓာတ္ေငြ႕ေတြကို ပိုးသတ္ရာမွာ ဒိတ္လြန္ေနတဲ့ပိုးသတ္သန႔္ရွင္းေဆးကို သုံးမိျခင္းပါပဲ။ အဲ့ဒီေတာ့ စြန႔္ပစ္ဓာတ္ေငြ႕ထဲမွာ ဘက္တီးရီးယားပါသြားၿပီး ေလထဲေရာက္သြားတယ္။

အဲ့ဒီစက္႐ုံေခါင္းတိုင္ကထြက္လာတဲ့ ပိုးပါတဲ့ေလေတြဟာ ေလတိုက္ရာကေန Lanzhou Veterinary Research Institute (သုေသသနေက်ာင္း) ဘက္ကိုေရာက္သြားၿပီး Outbreak စပါေတာ့တယ္။

က်ေနာ္တို႔အတြက္ သင္ခန္းစာ ယူစရာက ပိုးသတ္ရာမွာ expired disinfectants and sanitizers (ဒိတ္လြန္တဲ့ပိုးသတ္ေဆးကို) မသုံးမိဖို႔ပဲ။ ပိုးသတ္တဲ့အရည္၊ အမွုန႔္ေတြက ဒိတ္လြန္ေနရင္ ေရာဂါပိုးကိုေသတယ္ထင္ၿပီး မေသတာကေန ကူးစက္ေရာဂါအႀကီးအက်ယ္ျဖစ္တတ္ပါတယ္။ ေဆး႐ုံေဆးခန္းေတြမွာလည္း သတိထားရပါမယ္။

ေနာင္ၿပီးေတာ့ စက္႐ုံေတြကေန ဇီဝေဘးအႏၲရာယ္ ရွိမွုပဲ။ ဒါေၾကာင့္ က်ေနာ္တို႔က စက္႐ုံေတြကို Environmental Management ကို စနစ္တက် လိုက္နာဖို႔ေျပာတာျဖစ္ပါတယ္။

ခုနက ကူးစက္မွုျပႆနာကိုဆက္ရရင္ အဲ့ဒီလို သုေသသနေက်ာင္း ကို ေလထဲကေနကူးစက္သြားရာကေန နိုဝင္ဘာလမွာ ကူးစက္မွုသတင္းပို႔မွုေတြမ်ားလာပါတယ္တဲ့။

အဲ့ဒီကေနကူးစက္မွုအရွိန္ျမင့္လာခဲ့တယ္။ ဒီဇင္ဘာလကုန္မွာ ၁၈၁ ေယာက္ကူးစက္ခဲ့တယ္လို႔ စင္ဟြာသတင္းဌာနက ဒီဇင္ဘာလမွာ ေရးခဲ့ပါတယ္။

ေနာက္ထပ္ကူးစက္ခံရသူေတြကေတာ့ Lanzhou University က ဆရာနဲ႔ေက်ာင္းသားေတြပါ။ အဲ့ဒီကေနအထက္ဖက္က Heilongjiang ျပည္နယ္ဖက္ ကူးစက္ျပန႔္ႏွံ့သြားပါတယ္တဲ့။ အခုေတာ့ စက္႐ုံကို တိရိစၧာန္ကာကြယ္ေဆးထုတ္ခြင့္လိုင္စင္ ႐ုပ္သိမ္းပါတယ္။

ေဖဖဝါရီလမွာ အဲ့ဒီစျဖစ္တဲ့စက္႐ုံက လူသိရွင္ၾကား ေတာင္းပန္ပါတယ္။ တာဝန္ရွိတဲ့ လူ ၈ ေယာက္ကိုလည္း ျပင္းျပင္းထန္ထန္အေရးယူပါတယ္တဲ့။ ကူးစက္ေရာဂါျပန႔္ပြားမွုသန႔္ရွင္းေရးေတြလုပ္ၿပီး ေလၽွာ္ေၾကးေပးပါမယ္လို႔ဆိုပါတယ္။

အဲ့ဒီအခ်ိန္မွာ ကိုဗစ္ကလည္း အႀကီးအက်ယ္ ျဖစ္ေနေတာ့ လူေတြလန႔္ျဖန႔္ေနၾကၿပီး သူတို႔လည္းအေရးယူခံရမွာကို စိုးရိမ္တယ္ထင္ပါတယ္။ တကယ္ေတာ့ အဲ့ဒီ ေမာ္တာအဖ်ားေရာဂါဟာ

၁၉၈၀ ေက်ာ္ေလာက္က တ႐ုတ္ျပည္မွာရွိခဲ့ၿပီး ကာကြယ္ေဆးေတြေပၚလာတာရယ္၊ လူေတြကက်န္းမာေရးအသိရွိလာၿပီး မျပန႔္ပြားေအာင္ဂ႐ုစိုက္လာတာရယ္ေၾကာင့္ ျဖစ္ပြားမွုနည္းပါးခဲ့တာပါ။

ေဘ့ာစနီးယားမွာ ၂၀၀၈ ခုႏွစ္မွာ လူအေယာက္ ၁၀၀၀ ေလာက္အကူး ခံရၿပီး သိုးေတြ၊ ႏြားေတြ၊ ဆိတ္ေတြ အစုလိုက္အျပဳံလိုက္ ရွင္းခံခဲ့ရပါတယ္။

အေမရိကန္ျပည္ေထာင္စု မွာလည္း အဲ့ဒီေရာဂါကို ေမြးျမဴေရးလုပ္ငန္းေတြမွာ ႏွစ္စဥ္ေဒၚလာဘီလ်ံခ်ီၿပီး ကုန္က်ေနတာပါ။ အေမရိကန္ Yellowstone National Park ထဲက Bison အေမရိကန္ကၽြဲရိုင္းအမေတြရဲ့ ၆၀ ရာႏွုန္းမွာ အဲ့ဒီ Brucella ဘက္တီးရီးယားကို သယ္ေဆာင္တာကို ေတြ႕ရပါတယ္တဲ့။

အခု Lanzhou မွာျဖစ္ခဲ့တဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး တ႐ုတ္ Global Times ကလည္း ထင္တာထက္ပိုဆိုးေၾကာင္း ေရးသားခဲ့ပါတယ္။ Nikki Asian Review မွာေတာ့ ခံစားရတဲ့မိသားစုေတြအေၾကာင္း အေသးစိတ္ျပည့္ျပည့္စုံစုံေရးထားတာေတြ႕ရပါတယ္။

အဲ့ဒါေၾကာင့္ေမြးျမဴေရး လုပ္ငန္းနဲ႔ ကာကြယ္ေဆး ထုတ္လုပ္မွုလုပ္ငန္းေတြမွာ ပိုးသတ္မွု စနစ္က်ဖို႔ အလြန္လိုအပ္တာျဖစ္ပါတယ္ခင္ဗ်ား။ Covid ကာလမွာ ေဆး႐ုံေဆးခန္းေတြမွာ ပိုးအေသအခ်ာသန႔္စင္ၾကဖို႔လိုပါတယ္။ expired disinfectants and sanitizers ကိုမသုံးမိဖို႔ ဂ႐ုျပဳၾကပါခင္ဗ်ား။

Richard Myo Thant (18.9.2020)

0 Shares

Leave a Reply

0 Shares
Share
Tweet