International News

၆ ပေအကွာကနေပြီး mask ချွတ်စကားပြောရာကနေ လေထဲကနေ(airborne )ကူးစက်သွားနိုင်ပြီဟု CDC ကသိပ္ပံပညာရှင် ၂၃၉ ယောက်ရဲ့တွေ့ရှိချက်ကို ဖေါ်ပြလိုက်ကြပြီ

၆ ပေအကွာကနေပြီး mask ချွတ်စကားပြောရာကနေ လေထဲကနေ(airborne )ကူးစက်သွားနိုင်ပြီဟု CDC ကသိပ္ပံပညာရှင် ၂၃၉ ယောက်ရဲ့တွေ့ရှိချက်ကို ဖေါ်ပြလိုက်ကြပြီ

ကိုဗစ်ကလေထဲကကူးတယ်လို့ CDC က ဆိုလိုက်ပါတယ်။🇺🇸 အမေရိကန်နိုင်ငံကူးစက်ရောဂါဌာန CDC က ကိုရိုနာဗိုင်းရပ်စ်ဟာ (airborne ) လေထဲကကူးစက်နိုင်တယ်လို့ ဆိုလိုက်ပါတယ်။

သောကြာနေ့ကထုတ်ပြန်ချက်ထဲမှာ COVID-19 ဟာ လူအချင်းချင်းအနီးကပ်ထိတွေ့မှုကနေကူးစက်နိုင်တယ်လို့ ယူဆထားခဲ့ရာက အခုအခါလေထဲကနေအသက်ရှုရင်းကူးစက်နိုင်တယ်လို့ guideline ကို ပြင်လိုက်တာဖြစ်ပါတယ်။

အရင်ကတည်းက သိပ္ပံပညာရှင်တွေက အခုလိုပြင်ဆင်ဖို့ တိုက်တွန်းခဲ့တာပါ။

ဇူလိုင်လတုန်းက သိပ္ပံပညာရှင် ၂၃၉ ယောက်ဟာ Clinical Infectious Diseases မှာ Covid-19 ဟာ airborne transmission ဖြစ်တယ်ဆိုတာ အသိအမှတ်ပြုပေးဖို့ case reports တွေ ဓာတ်ခွဲခန်းသုသေသနတွေကို အခြေပြုပြီး WHO ကို တောင်းဆိုခဲ့ဖူးပါတယ်။

အခုလို ကိုဗစ်ဟာလေထဲကကူးနိုင်တယ်လို့သတ်မှတ်လိုက်တာနဲ့ ဘာလုပ်သင့်သလဲ

ဘက်စ်ကား၊ လေယာဉ်ပျံ၊ ရထားတွေထဲမှာ ကူးစက်မှုကိုကာကွယ်တားဆီးဖို့ Mask မတပ်မနေရစည်းကမ်းချသင့်ပါတယ်။

ကိုဗစ်လူနာကို Test စစ်ဖို့လိုက်ခေါ်ရင် အကုန်လုံးကိုကားတစ်စီးထဲ ကြာရှည်စွာမြို့ပတ်ပြီး စုခေါ်တာမလုပ်သင့်ပါ။

ကားပေါ်မှာ ရေသောက်၊ mask ချွတ်ရာကနေ၊ စကားပြောရာကနေ ကူးစက်သွားနိုင်ပါတယ်။

ရုံးတွေမှာ လေကောင်းလေသန့်ရဖို့ ဂရုစိုက်ရပါတော့မယ်။

စင်ကာပူမှာလိုအမြဲ mask တပ်ခိုင်းနိုင်ရင်ပိုကောင်းပါတယ်။

ရုံးတွေ၊ အလုပ်တွေမှာ ထမင်းစားချိန်မှာ ထမင်းအတူစုစားခြင်းကိုလုံးဝတားမြစ်ရပါတော့မယ်။

ထမင်းစားချိန်မှာ Mask ချွတ်ရတာမို့ အတူစားရင်ကျိန်းသေကူးစက်ဖို့များသွားပါပြီ

လေထဲကနေကူးစက်နိုင်မှုလျော့အောင် ပြတင်းပေါက်တွေဖွင့်ပြီး လေကောင်းလေသန့် လေအဝင်အထွက်ကောင်းအောင် လုပ်ပေးရပါတော့မယ်။

အခု CDC က အနည်းဆုံး ၆ ပေအကွာကနေပြီး mask တပ်ပြီးနေဖို့ ပြောနေပါပြီ။

Mask မတပ်မနေရကိုပိုမိုတင်းကျပ်စွာကျင့်သုံးရပါတော့မယ်။

ကျနော်တို့က အိမ်တံခါးဝက တံခါးခေါက်ရင် Mask တပ်ပြီးမှ မေးထူးခေါ်ပြောလုပ်လို့ရပါတော့မယ်။

နေမကောင်းရင် အိမ်မှာနေခိုင်းပြီး သီးသန့်ခွဲနေနိုင်ဖို့ ကြိုးစားရပါမယ်။

အရှင်းလင်းဆုံးပြောရရင် နဂိုက နှာချေခြင်း၊ ချောင်းဆိုးခြင်းကထွက်လာတဲ့ အမှုန်အမွှားကကူးတယ်လို့သတ်မှတ်ခဲ့ရာက အခုအခါ အသက်ရှုထုတ်ရာ၊ စကားပြောရာကနေလည်းကူးကြောင်း သတ်မှတ်ပါပြီ။

ဗိုင်းရပ်စ်ဟာ ၆ ပေထက်ပိုခွာပြီးနေလည်း ကူးနိုင်ပါပြီ။

ဩဂတ်စ်လက တွေ့ရှိခဲ့တဲ့စာတမ်းအရ ဆေးရုံကလေကို (culturing viable virus from air in a hospital) ပိုးမွေးမြူကြည့်ရာမှာ ဗိုင်းရပ်စ်တွေ့ခဲ့ရတဲ့အတွက် လေထဲမှာ ၆ ပေထက်ပိုပြီးသွားနိုင်တယ်ဆိုတာ သိပ္ပံနည်းကျသက်သေပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက WHO က အခုလိုသိပ္ပံနည်းကျတွေ့ရှိချက်တွေကို အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီလို့ ဆိုလိုက်ပါတယ်။

“It is time for WHO to acknowledge these advancements in the science.”

Richard Myo Thant
21-September-2020

၆ ေပအကြာကေနၿပီး mask ခၽြတ္စကားေျပာရာကေန ေလထဲကေန(airborne )ကူးစက္သြားနိုင္ျပီဟု CDC ကသိပၸံပညာရွင္ ၂၃၉ ေယာက္ရ့ဲေတြ့ရိွခ်က္ကို ေဖၚျပလိုက္ၾကျပီ

ကိုဗစ္ကေလထဲကကူးတယ္လို့ CDC က ဆိုလိုက္ပါတယ္။🇺🇸 အေမရိကန္နိုင္ငံကူးစက္ေရာဂါဌာန CDC က ကိုရိုနာဗိုင္းရပ္စ္ဟာ (airborne ) ေလထဲကကူးစက္နိုင္တယ္လို့ ဆိုလိုက္ပါတယ္။

ေသာၾကာေန႔ကထုတ္ျပန္ခ်က္ထဲမွာ COVID-19 ဟာ လူအခ်င္းခ်င္းအနီးကပ္ထိေတြ႕မွုကေနကူးစက္နိုင္တယ္လို့ ယူဆထားခဲ့ရာက အခုအခါေလထဲကေနအသက္ရွုရင္းကူးစက္နိုင္တယ္လို့ guideline ကို ျပင္လိုက္တာျဖစ္ပါတယ္။

အရင္ကတည္းက သိပၸံပညာရွင္ေတြက အခုလိုျပင္ဆင္ဖို့ တိုက္တြန္းခဲ့တာပါ။

ဇူလိုင္လတုန္းက သိပၸံပညာရွင္ ၂၃၉ ေယာက္ဟာ Clinical Infectious Diseases မွာ Covid-19 ဟာ airborne transmission ျဖစ္တယ္ဆိုတာ အသိအမွတ္ျပဳေပးဖို့ case reports ေတြ ဓာတ္ခြဲခန္းသုေသသနေတြကို အေျချပဳၿပီး WHO ကို ေတာင္းဆိုခဲ့ဖူးပါတယ္။

အခုလို ကိုဗစ္ဟာေလထဲကကူးနိုင္တယ္လို့သတ္မွတ္လိုက္တာနဲ႔ ဘာလုပ္သင့္သလဲ

ဘက္စ္ကား၊ ေလယာဥ္ပ်ံ၊ ရထားေတြထဲမွာ ကူးစက္မွုကိုကာကြယ္တားဆီးဖို့ Mask မတပ္မေနရစည္းကမ္းခ်သင့္ပါတယ္။

ကိုဗစ္လူနာကို Test စစ္ဖို့လိုက္ေခၚရင္ အကုန္လုံးကိုကားတစ္စီးထဲ ၾကာရွည္စြာၿမိဳ့ပတ္ၿပီး စုေခၚတာမလုပ္သင့္ပါ။

ကားေပၚမွာ ေရေသာက္၊ mask ခၽြတ္ရာကေန၊ စကားေျပာရာကေန ကူးစက္သြားနိုင္ပါတယ္။

႐ုံးေတြမွာ ေလေကာင္းေလသန႔္ရဖို့ ဂ႐ုစိုက္ရပါေတာ့မယ္။

စင္ကာပူမွာလိုအျမဲ mask တပ္ခိုင္းနိုင္ရင္ပိုေကာင္းပါတယ္။

႐ုံးေတြ၊ အလုပ္ေတြမွာ ထမင္းစားခ်ိန္မွာ ထမင္းအတူစုစားျခင္းကိုလုံးဝတားျမစ္ရပါေတာ့မယ္။

ထမင္းစားခ်ိန္မွာ Mask ခၽြတ္ရတာမို့ အတူစားရင္က်ိန္းေသကူးစက္ဖို့မ်ားသြားပါၿပီ

ေလထဲကေနကူးစက္နိုင္မွုေလ်ာ့ေအာင္ ျပတင္းေပါက္ေတြဖြင့္ၿပီး ေလေကာင္းေလသန႔္ ေလအဝင္အထြက္ေကာင္းေအာင္ လုပ္ေပးရပါေတာ့မယ္။

အခု CDC က အနည္းဆုံး ၆ ေပအကြာကေနၿပီး mask တပ္ၿပီးေနဖို့ ေျပာေနပါၿပီ။

Mask မတပ္မေနရကိုပိုမိုတင္းက်ပ္စြာက်င့္သုံးရပါေတာ့မယ္။

က်ေနာ္တို့က အိမ္တံခါးဝက တံခါးေခါက္ရင္ Mask တပ္ၿပီးမွ ေမးထူးေခၚေျပာလုပ္လို့ရပါေတာ့မယ္။

ေနမေကာင္းရင္ အိမ္မွာေနခိုင္းၿပီး သီးသန႔္ခြဲေနနိုင္ဖို့ ႀကိဳးစားရပါမယ္။

အရွင္းလင္းဆုံးေျပာရရင္ နဂိုက ႏွာေခ်ျခင္း၊ ေခ်ာင္းဆိုးျခင္းကထြက္လာတဲ့ အမွုန္အမႊားကကူးတယ္လို့သတ္မွတ္ခဲ့ရာက အခုအခါ အသက္ရွုထုတ္ရာ၊ စကားေျပာရာကေနလည္းကူးေၾကာင္း သတ္မွတ္ပါၿပီ။

ဗိုင္းရပ္စ္ဟာ ၆ ေပထက္ပိုခြာၿပီးေနလည္း ကူးနိုင္ပါၿပီ။

ဩဂတ္စ္လက ေတြ႕ရွိခဲ့တဲ့စာတမ္းအရ ေဆး႐ုံကေလကို (culturing viable virus from air in a hospital) ပိုးေမြးျမဴၾကည့္ရာမွာ ဗိုင္းရပ္စ္ေတြ႕ခဲ့ရတဲ့အတြက္ ေလထဲမွာ ၆ ေပထက္ပိုၿပီးသြားနိုင္တယ္ဆိုတာ သိပၸံနည္းက်သက္ေသျပနိုင္ခဲ့ျခင္းျဖစ္ပါတယ္။

သိပၸံပညာရွင္ေတြက WHO က အခုလိုသိပၸံနည္းက်ေတြ႕ရွိခ်က္ေတြကို အသိအမွတ္ျပဳဖို့အခ်ိန္က်ေရာက္ၿပီလို့ ဆိုလိုက္ပါတယ္။

“It is time for WHO to acknowledge these advancements in the science.”

Richard Myo Thant
21-September-2020

0 Shares

Leave a Reply

0 Shares
Share
Tweet