International News

ထိုင်ဝမ်နယ်စပ်မှာပဲ တပ်အင်အားတွေ တိုးမြှင့်လိုက်ပြီး၊ စစ်ပြင်ထားကြဖို့ သမ္မတရှီက အမိန့်ပေးပြီ

ထိုင်ဝမ်နယ်စပ်မှာပဲ တပ်အင်အားတွေ တိုးမြှင့်လိုက်ပြီး၊ စစ်ပြင်ထားကြဖို့ သမ္မတရှီက အမိန့်ပေးပြီ

ထိုင် ဝမ်-တရုတ်အရေးအခင်းဟာနေ့လားညလားဖြစ်နေပါတယ်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေကလည်း တရုတ်ကိုလူလည်လုပ်ဗိုလ်ကျတယ်လို့ စွပ်စွဲပြီး၊စစ်ရေးတင်းမာမှုတွေကြားကတောင် တရုတ်ပင်လယ်ကနေရေတပ်တွေကိုတရွေ့ရွေ့တိုးလာနေပါတယ်။

အခုဆိုရင်နိုင်ငံပေါင်းစုံနဲ့တရုတ်တို့ထိပ်တိုက်တိုးဖို့အတွက်သိပ်မကြာတော့တဲ့ သဘောမျိုးမှာ ရှိနေပါပြီ။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့လတွေလောက်ကတည်းက တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက်အားလုံးနီးပါးကို၎င်းတို့ပိုင်ဆိုင်တယ်ဆိုပြီး အတိအလင်း ကြေညာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ထိစပ်နေတဲ့နိုင်ငံတွေနဲ့ စစ်ရေးအရ တင်းမာမှုတွေရှိလာခဲ့ရာ၊ ဥရောပနဲ့ ကန်တို့က ကြားဝင်လာသည်အထိ ဖြစ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းက တရုတ်အစိုးရ ကျောထောက်နောက်ခံပြုထားတဲ့သတင်းစာတွေကထိုင်ဝမ်ကို ဘယ်နိုင်ငံ့ခေါင်းဆောင်ကမှ နိုင်ငံအဖြစ် အသိအမှတ်မပြုဘူးလို့ ရန်စဖော်ပြခဲ့ပါတယ်။

ထိုင်ဝမ်ရဲ့တရားဝင်အမည်မှာ Republic of China (တရုတ်သမ္မတနိုင်ငံ)ဖြစ်ပါတယ်။ဒါပေမယ့် တရုတ်က ထိုင်ဝမ်ကို ပြည်နယ်တစ်ခုအဖြစ် ရှုမြင်နေဆဲဖြစ်ပြီး၊ ယခုနှစ်မှာ ရန်စမှုတွေ၊ ကျူးကျော်မှုတွေပြုလုပ်ခဲ့တာပါ။

အခုလည်း တရုတ်သမ္မတရှီက ထိုင်ဝမ်အနီးကိုရေတပ်အင်အားတွေ တိုးမြှင့်လိုက်ပါတယ်။နောက်ပြီးရေတပ်ဖွဲ့ဝင်တွေအနေနဲ့စစ်ရေးအမြင် အမြဲတမ်းသတိရှိဖို့ကိုလည်း ညွှန်ကြားထားပြီး၊လုံခြုံရေးသတိအမြင့်ဆုံး ထားရှိဖို့ကိုလည်း ညွှန်ကြားထားတယ်လို့ CCTV က ဖော်ပြခဲ့ပါတယ်။

နောက်ပြီး ရေတပ်အနေနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုစောင့်ရှောက်ရန်နဲ့ ရေပိုင်နက်သယံဇာတတွေကိုကာကွယ်ဖို့တာဝန်ခံရမယ်လို့ ပြောခဲ့ပါသေးသတဲ့။

သမ္မတရှီလက်ထက်မှာပဲ ထိုင်ဝမ်ကိုသာကမ ဟောင်ကောင်၊ မက္ကာတို့အပေါ်ကိုကြိုးကိုင်ခြယ်လှယ်ဖို့ အမျိုးမျိုးကြိုးပမ်းခဲ့ပါတယ်။အခုအချိန် ဟောင်ကောင်မှာဆို မငြိမ်မသက်မှုတွေ ဖြစ်နေပြီး၊

အဓိကအားဖြင့်တော့ တရုတ်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေနဲ့အတူ ဟောင်ကောင်ပြည်သူတွေရဲ့ဒီမိုကရေစီစိတ်ဓာတ်တို့ထိပ်တိုက်တွေ့တဲ့သဘောပါ။

ဟောင်ကောင်အစိုးရကလည်း တရုတ်ရဲ့ ရုပ်သေးအစိုးရလို့ ဒီမိုကရေစီလှုပ်ရှားသူတွေက ရှုမြင်နေကြပါတယ်။

CCTV မှာ ဖော်ပြချက်အရတော့ တရုတ်ဟာ သူတို့ခြယ်လှယ်နေတဲ့ဧရိယာအဝန်းအဝိုင်းတွေအတွင်းကကျွန်းတွေဆီကို ရေတပ်အင်အားစု ခန့်မှန်းဖို့မလွယ်တဲ့ အင်အားတွေ အလုံးအရင်းပို့နေတယ်လို့ သိရပါတယ်။

အခုအခါမှာတော့ ခေတ်မီလက်နက်တွေ၊ တိုက်ခိုက်ရေးသင်္ဘောတွေ၊ လေကြောင်းဖိုက်တာတွေလည်းပါဝင်လို့၊မကြာမီမှာကန်-ဥရောပတို့ရဲ့ ထိပ်တိုက်တွေ့ကြလေမလား … စောင့်ကြည့်ရမယ့်သဘောပါ။

CRD_လင်းဇော်ကို

ထိုင္ဝမ္နယ္စပ္မွာပဲ တပ္အင္အားေတြ တိုးျမႇင့္လိုက္ၿပီး၊ စစ္ျပင္ထားၾကဖို႔ သမၼတရွီက အမိန႔္ေပးၿပီ

ထိုင္ ဝမ္-တ႐ုတ္အေရးအခင္းဟာေန႔လားညလားျဖစ္ေနပါတယ္။အေမရိကန္နဲ႔ဥေရာပနိုင္ငံေတြကလည္း တ႐ုတ္ကိုလူလည္လုပ္ဗိုလ္က်တယ္လို႔ စြပ္စြဲၿပီး၊စစ္ေရးတင္းမာမႈေတြၾကားကေတာင္ တ႐ုတ္ပင္လယ္ကေနေရတပ္ေတြကိုတေရြ႕ေရြ႕တိုးလာေနပါတယ္။

အခုဆိုရင္နိုင္ငံေပါင္းစုံနဲ႔တ႐ုတ္တို႔ထိပ္တိုက္တိုးဖို႔အတြက္သိပ္မၾကာေတာ့တဲ့ သေဘာမ်ိဳးမွာ ရွိေနပါၿပီ။

တ႐ုတ္နိုင္ငံဟာ ၿပီးခဲ့တဲ့လေတြေလာက္ကတည္းက ေတာင္တ႐ုတ္ပင္လယ္ရဲ့ ေရပိုင္နက္အားလုံးနီးပါးကို၎တို႔ပိုင္ဆိုင္တယ္ဆိုၿပီး အတိအလင္း ေၾကညာခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္နဲ႔ ထိစပ္ေနတဲ့နိုင္ငံေတြနဲ႔ စစ္ေရးအရ တင္းမာမႈေတြရွိလာခဲ့ရာ၊ ဥေရာပနဲ႔ ကန္တို႔က ၾကားဝင္လာသည္အထိ ျဖစ္ခဲ့ရပါတယ္။

ၿပီးခဲ့တဲ့ရက္အနည္းက တ႐ုတ္အစိုးရ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့သတင္းစာေတြကထိုင္ဝမ္ကို ဘယ္နိုင္ငံ့ေခါင္းေဆာင္ကမွ နိုင္ငံအျဖစ္ အသိအမွတ္မျပဳဘူးလို႔ ရန္စေဖာ္ျပခဲ့ပါတယ္။

ထိုင္ဝမ္ရဲ့တရားဝင္အမည္မွာ Republic of China (တ႐ုတ္သမၼတနိုင္ငံ)ျဖစ္ပါတယ္။ဒါေပမယ့္ တ႐ုတ္က ထိုင္ဝမ္ကို ျပည္နယ္တစ္ခုအျဖစ္ ရႈျမင္ေနဆဲျဖစ္ၿပီး၊ ယခုႏွစ္မွာ ရန္စမႈေတြ၊ က်ဴးေက်ာ္မႈေတြျပဳလုပ္ခဲ့တာပါ။

အခုလည္း တ႐ုတ္သမၼတရွီက ထိုင္ဝမ္အနီးကိုေရတပ္အင္အားေတြ တိုးျမႇင့္လိုက္ပါတယ္။ေနာက္ၿပီးေရတပ္ဖြဲ႕ဝင္ေတြအေနနဲ႔စစ္ေရးအျမင္ အျမဲတမ္းသတိရွိဖို႔ကိုလည္း ညႊန္ၾကားထားၿပီး၊လုံျခဳံေရးသတိအျမင့္ဆုံး ထားရွိဖို႔ကိုလည္း ညႊန္ၾကားထားတယ္လို႔ CCTV က ေဖာ္ျပခဲ့ပါတယ္။

ေနာက္ၿပီး ေရတပ္အေနနဲ႔ တိုင္းျပည္ရဲ့အခ်ဳပ္အျခာအာဏာကိုေစာင့္ေရွာက္ရန္နဲ႔ ေရပိုင္နက္သယံဇာတေတြကိုကာကြယ္ဖို႔တာဝန္ခံရမယ္လို႔ ေျပာခဲ့ပါေသးသတဲ့။

သမၼတရွီလက္ထက္မွာပဲ ထိုင္ဝမ္ကိုသာကမ ေဟာင္ေကာင္၊ မကၠာတို႔အေပၚကိုႀကိဳးကိုင္ျခယ္လွယ္ဖို႔ အမ်ိဳးမ်ိဳးႀကိဳးပမ္းခဲ့ပါတယ္။အခုအခ်ိန္ ေဟာင္ေကာင္မွာဆို မၿငိမ္မသက္မႈေတြ ျဖစ္ေနၿပီး၊

အဓိကအားျဖင့္ေတာ့ တ႐ုတ္ရဲ့ ႀကိဳးကိုင္ျခယ္လွယ္မႈေတြနဲ႔အတူ ေဟာင္ေကာင္ျပည္သူေတြရဲ့ဒီမိုကေရစီစိတ္ဓာတ္တို႔ထိပ္တိုက္ေတြ႕တဲ့သေဘာပါ။

ေဟာင္ေကာင္အစိုးရကလည္း တ႐ုတ္ရဲ့ ႐ုပ္ေသးအစိုးရလို႔ ဒီမိုကေရစီလႈပ္ရွားသူေတြက ရႈျမင္ေနၾကပါတယ္။

CCTV မွာ ေဖာ္ျပခ်က္အရေတာ့ တ႐ုတ္ဟာ သူတို႔ျခယ္လွယ္ေနတဲ့ဧရိယာအဝန္းအဝိုင္းေတြအတြင္းကကၽြန္းေတြဆီကို ေရတပ္အင္အားစု ခန႔္မွန္းဖို႔မလြယ္တဲ့ အင္အားေတြ အလုံးအရင္းပို႔ေနတယ္လို႔ သိရပါတယ္။

အခုအခါမွာေတာ့ ေခတ္မီလက္နက္ေတြ၊ တိုက္ခိုက္ေရးသေဘၤာေတြ၊ ေလေၾကာင္းဖိုက္တာေတြလည္းပါဝင္လို႔၊မၾကာမီမွာကန္-ဥေရာပတို႔ရဲ့ ထိပ္တိုက္ေတြ႕ၾကေလမလား … ေစာင့္ၾကည့္ရမယ့္သေဘာပါ။

CRD_လင္းေဇာ္ကို

0 Shares

Leave a Reply

0 Shares
Share
Tweet