Knowledge

ကိုရိုနာရောဂါပိုးရဲ့ နောက်ဆုံးစမ်းသပ်မှုအနေအထားအကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးရေးတဲ့စာ

ကိုရိုနာရောဂါပိုးရဲ့ နောက်ဆုံးစမ်းသပ်မှုအနေအထားအကြောင်း ဒေါက်တာဒေါ်ခင်ခင်ကြီးရေးတဲ့စာ

ဒီနေ့တော့ ကိုယ်တို့ရုံးမှာလဲ စာရွက်စာတမ်းတွေကနေ ကူးစက်မှာ စိုးရိမ်နေကြတာတွေ့မိလို့ ဒီဟာလေးတော့ ရေးအုံးမှလို့ တွေးမိလို့ အားလုံးလဲသိရအောင် ပို့စ်တင်လိုက်ပါတယ်

‘Modeling the stability of SARS-CoV-2 on skin, currency and clothing’ by MedRxiv 1/7/2020 ထုတ်ပြန်တဲ့ထဲက ဘာသာပြန် ဖော်ပြမှာဖြစ်ပါတယ်

လူ့ခန္ဓာကိုယ်အရေပြား ငွေကြေးနဲ့ အဝတ်အစားတွေကို အပူချိန်အမျိုးမျိုးမှာထားပြီး စမ်းသပ်ခဲ့တာဖြစ်ပါတယ် ။

စမ်းသပ်တဲ့ အပူချိန်တွေကတော့ 4C, 22C နဲ့ 37*C သုံးမျိုးမှာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

(၁)အရေပြားကို ကြည့်ကြစို့

လူ့အရေပြားကိုတော့ နှစ်မျိုးမှာပဲ စမ်းပါတယ်။

22*C မှာ ကိုဗစ်က ၉၆ နာရီနေပါတယ်။

37*C မှာတော့ ၈ နာရီနေကြောင်း သိရပါတယ်။

(၂)ငွေကြေးတွေနဲ့ ပတ်သက်လို့ရော

ဒီနေရာမှာတော့ တစ်ဒေါ်လာတန်နဲ့ ဒေါ်လာ ၂၀တန်မှာ စမ်းထားတာဖြစ်ပါတယ် ဘာလို့ဒီလိုနှစ်မျိုးစမ်းထားတာလဲဆိုရင် အသုံးများတဲ့အငယ်ဆုံးဒေါ်လာနဲ့ နည်းနည်းတန်ဖိုးကြီးတဲ့ ဒေါ်လာနဲ့ စမ်းတာဖြစ်ပါတယ် (ကျွန်မတို့ဆီမှာတော့တစ်ထောင်တန်နဲ့ တစ်သောင်းတန် သဘောမျိုးပါ စကားချပ်)။

1 $ တန်ကတော့ 4*C မှာ ၉၆ နာရီနေပါတယ်။

ဒီအချိန်မှာ 20 $ တန်ကတော့ ၇၂ နာရီပဲနေတာဖြစ်ပါတယ်။

နှစ်ခုလုံးကတော့ 22C မှာ ၈ နာရီကြာပြီး37C မှာတော့ ၄ နာရီပဲ နေပါတယ်။

(၃)အဝတ်အစားတွေကျတော့ရောငွေကြေးနဲ့ တူတာများပါတယ်။

4*C မှာဆို ၉၆ နာရီထိ ရှိနေပါတယ်

22*C မှာတော့ ၄ နာရီပဲ နေပါတယ်

အားရစရာကတော့ 37*C မှာဆိုရင်တော့အသက်ရှင်နေတဲ့ ဗိုင်းရပ်စ်ကို မတွေ့ရဘူးဆိုတာပါပဲ။

ဒီတွေ့ရှိချက်က ဘာကိုပြောချင်တာလဲဆိုရင် အဲကွန်းခန်းတွေမှာ အလုံပိတ်ပြီး လူတွေအများကြီး ရှိနေမယ်ဆိုရင် ဗိုင်းရပ်စ်က ကြာရှည်စွာ အသက်ရှင်နိုင်ပြီး တယောက်နဲ့တစ်ယောက် ကူးစက်ဖို့ အလွန်လွယ်ကူစေတယ်ဆိုတာ မီးမောင်းထိုးပြလိုရင်းဖြစ်ပါတယ်။

ဒီနေရာမှာ ကိုယ်ရုံးခန်း အလုပ်ခန်းသာလေကောင်းလေသန့်ရပြီး နေရောင်ခြည်သာ ရရှိနေရင် ပိုးက ကြာကြာမနေဘူး ဆိုချင်တာပါပဲ။

ဒီနေ့တော့ ရုံးမှာအချင်းချင်းစကားပြောဖြစ်ကြတယ် မိန်းခလေးတွေက အိမ်ပြန်ရင်အဝတ်တွေ အားလုံးလျှော် မီးပူတိုက်ဝတ်ချိန်မှာ အမျိုးသားတွေက တိုက်ပုံတွေတကားကား မလျှော်ပဲ ရုံးခန်းကတန်းမှာချိတ်ထား ရုံးရောက်ရင် ပြန်ပြန်ဝတ်နေရင်တော့ ဂွကျပြီလို့ နောက်မိကြသေးတယ်

အမှန်တော့ တနေ့ဝတ်တာ တနေ့လျှော်ဖွပ်ပြီး ဝတ်ဆင်ခြင်းဖြင့် ဗိုင်းရပ်စ်အန္တရာယ်မှ လျှော့ပါးစေနိုင်မှာဖြစ်ပါကြောင်း လူကြီးလူကောင်းများကို စေတနာဖြင့် သတိပေးလိုက်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ ဗိုင်းရပ်စ်၏ရှင်သန်မှုသည် အပူချိန်မြင့်မားမှုနှင့် ပြောင်းပြန်အချိုးကျကြောင်း သိရပါတယ်။

ဒီအတိုင်းပါပဲ ခုလက်ရှိအခြေအနေဟာလဲ ရောဂါပိုးတွေ့ရှိမှု ထောင်တက်နေတဲ့အခြေအနေကနေ လျော့ကျသွားဖို့က ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပြောင်းပြန်အချိုးကျနေပါတယ်။

ပြည်သူသာ အပြည့်အဝ ပူးပေါင်းပါဝင်ရင် ကိုဗစ်ကလဲ မြန်မြန်ဆန်ဆန် ဒလိမ့်ထိုး ပြုတ်ကျမှာ ဖြစ်ပါတယ် ပြည်သူအားသိပ်မထည့်ရင် အားနည်းနေရင် ကိုဗစ်က ပျော်ပျော်ပါးပါး အဖော်အပေါင်းများနှင့် ကြာရှည်စွာ ကစားနေမှာ ဖြစ်ပါကြောင်း သိစေအပ်ပါတယ်။

ဒါ့ကြောင့် စုပေါင်းအားနဲ့ မြန်မြန်မောင်းထုတ်ကြစို့နော်။အားလုံးအသက်ဝဝ ရှူနိုင်တဲ့နေ့ အမြန်ရောက်ပါစေ

Dr Khin Khin Gyi

ကိုရိုနာေရာဂါပိုးရ့ဲ ေနာက္ဆံုးစမ္းသပ္မႈအေနအထားအေၾကာင္း ေဒါက္တာေဒၚခင္ခင္ႀကီးေရးတဲ့စာ

ဒီေန႔ေတာ့ ကိုယ္တို႔႐ုံးမွာလဲ စာ႐ြက္စာတမ္းေတြကေန ကူးစက္မွာ စိုးရိမ္ေနၾကတာေတြ႕မိလို႔ ဒီဟာေလးေတာ့ ေရးအုံးမွလို႔ ေတြးမိလို႔ အားလုံးလဲသိရေအာင္ ပို႔စ္တင္လိုက္ပါတယ္

‘Modeling the stability of SARS-CoV-2 on skin, currency and clothing’ by MedRxiv 1/7/2020 ထုတ္ျပန္တဲ့ထဲက ဘာသာျပန္ ေဖာ္ျပမွာျဖစ္ပါတယ္

လူ႔ခႏၶာကိုယ္အေရျပား ေငြေၾကးနဲ႔ အဝတ္အစားေတြကို အပူခ်ိန္အမ်ိဳးမ်ိဳးမွာထားၿပီး စမ္းသပ္ခဲ့တာျဖစ္ပါတယ္ ။

စမ္းသပ္တဲ့ အပူခ်ိန္ေတြကေတာ့ 4C, 22C နဲ႔ 37*C သုံးမ်ိဳးမွာ စမ္းသပ္ခဲ့တာျဖစ္ပါတယ္။

(၁)အေရျပားကို ၾကည့္ၾကစို႔

လူ႔အေရျပားကိုေတာ့ ႏွစ္မ်ိဳးမွာပဲ စမ္းပါတယ္။

22*C မွာ ကိုဗစ္က ၉၆ နာရီေနပါတယ္။

37*C မွာေတာ့ ၈ နာရီေနေၾကာင္း သိရပါတယ္။

(၂)ေငြေၾကးေတြနဲ႔ ပတ္သက္လို႔ေရာ

ဒီေနရာမွာေတာ့ တစ္​ေဒၚလာတန္နဲ႔ ​ေဒၚလာ ၂၀တန္မွာ စမ္းထားတာျဖစ္ပါတယ္ ဘာလို႔ဒီလိုႏွစ္မ်ိဳးစမ္းထားတာလဲဆိုရင္ အသုံးမ်ားတဲ့အငယ္ဆုံးေဒၚလာနဲ႔ နည္းနည္းတန္ဖိုးႀကီးတဲ့ ​​ေဒၚလာနဲ႔ စမ္းတာျဖစ္ပါတယ္ (ကြၽန္မတို႔ဆီမွာေတာ့တစ္ေထာင္တန္နဲ႔ တစ္ေသာင္းတန္ သေဘာမ်ိဳးပါ စကားခ်ပ္)။

1 $ တန္ကေတာ့ 4*C မွာ ၉၆ နာရီေနပါတယ္။

ဒီအခ်ိန္မွာ 20 $ တန္ကေတာ့ ၇၂ နာရီပဲေနတာျဖစ္ပါတယ္။

ႏွစ္ခုလုံးကေတာ့ 22C မွာ ၈ နာရီၾကာၿပီး37C မွာေတာ့ ၄ နာရီပဲ ေနပါတယ္။

(၃)အဝတ္အစားေတြက်ေတာ့ေရာေငြေၾကးနဲ႔ တူတာမ်ားပါတယ္။

4*C မွာဆို ၉၆ နာရီထိ ရွိေနပါတယ္

22*C မွာေတာ့ ၄ နာရီပဲ ေနပါတယ္

အားရစရာကေတာ့ 37*C မွာဆိုရင္ေတာ့အသက္ရွင္ေနတဲ့ ဗိုင္းရပ္စ္ကို မေတြ႕ရဘူးဆိုတာပါပဲ။

ဒီေတြ႕ရွိခ်က္က ဘာကိုေျပာခ်င္တာလဲဆိုရင္ အဲကြန္းခန္းေတြမွာ အလုံပိတ္ၿပီး လူေတြအမ်ားႀကီး ရွိေနမယ္ဆိုရင္ ဗိုင္းရပ္စ္က ၾကာရွည္စြာ အသက္ရွင္ႏိုင္ၿပီး တေယာက္နဲ႔တစ္ေယာက္ ကူးစက္ဖို႔ အလြန္လြယ္ကူေစတယ္ဆိုတာ မီးေမာင္းထိုးျပလိုရင္းျဖစ္ပါတယ္။

ဒီေနရာမွာ ကိုယ္႐ုံးခန္း အလုပ္ခန္းသာေလေကာင္းေလသန႔္ရၿပီး ေနေရာင္ျခည္သာ ရရွိေနရင္ ပိုးက ၾကာၾကာမေနဘူး ဆိုခ်င္တာပါပဲ။

ဒီေန႔ေတာ့ ႐ုံးမွာအခ်င္းခ်င္းစကားေျပာျဖစ္ၾကတယ္ မိန္းခေလးေတြက အိမ္ျပန္ရင္အဝတ္ေတြ အားလုံးေလွ်ာ္ မီးပူတိုက္ဝတ္ခ်ိန္မွာ အမ်ိဳးသားေတြက တိုက္ပုံေတြတကားကား မေလွ်ာ္ပဲ ႐ုံးခန္းကတန္းမွာခ်ိတ္ထား ႐ုံးေရာက္ရင္ ျပန္ျပန္ဝတ္ေနရင္ေတာ့ ဂြက်ၿပီလို႔ ေနာက္မိၾကေသးတယ္

အမွန္ေတာ့ တေန႔ဝတ္တာ တေန႔ေလွ်ာ္ဖြပ္ၿပီး ဝတ္ဆင္ျခင္းျဖင့္ ဗိုင္းရပ္စ္အႏၲရာယ္မွ ေလွ်ာ့ပါးေစႏိုင္မွာျဖစ္ပါေၾကာင္း လူႀကီးလူေကာင္းမ်ားကို ေစတနာျဖင့္ သတိေပးလိုက္ပါတယ္။

အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆိုရင္ေတာ့ ဗိုင္းရပ္စ္၏ရွင္သန္မႈသည္ အပူခ်ိန္ျမင့္မားမႈႏွင့္ ေျပာင္းျပန္အခ်ိဳးက်ေၾကာင္း သိရပါတယ္။

ဒီအတိုင္းပါပဲ ခုလက္ရွိအေျခအေနဟာလဲ ေရာဂါပိုးေတြ႕ရွိမႈ ေထာင္တက္ေနတဲ့အေျခအေနကေန ေလ်ာ့က်သြားဖို႔က ျပည္သူလူထုရဲ႕ ပူးေပါင္းပါဝင္မႈနဲ႔ ေျပာင္းျပန္အခ်ိဳးက်ေနပါတယ္။

ျပည္သူသာ အျပည့္အဝ ပူးေပါင္းပါဝင္ရင္ ကိုဗစ္ကလဲ ျမန္ျမန္ဆန္ဆန္ ဒလိမ့္ထိုး ျပဳတ္က်မွာ ျဖစ္ပါတယ္ ျပည္သူအားသိပ္မထည့္ရင္ အားနည္းေနရင္ ကိုဗစ္က ေပ်ာ္ေပ်ာ္ပါးပါး အေဖာ္အေပါင္းမ်ားႏွင့္ ၾကာရွည္စြာ ကစားေနမွာ ျဖစ္ပါေၾကာင္း သိေစအပ္ပါတယ္။

ဒါ့ေၾကာင့္ စုေပါင္းအားနဲ႔ ျမန္ျမန္ေမာင္းထုတ္ၾကစို႔ေနာ္။အားလုံးအသက္ဝဝ ရႉႏိုင္တဲ့ေန႔ အျမန္ေရာက္ပါေစ

Dr Khin Khin Gyi

279 Shares

Leave a Reply

279 Shares
Share279
Tweet