Knowledge

မြန်မာနိုင်ငံ COVID-19 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအကြောင်း

မြန်မာနိုင်ငံ COVID-19 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအကြောင်း

ရက် ၂၀ ကျော်အတွင်း လူကိုးဦး သေဆုံးခဲ့ပြီး ICU ၌ ကုသခံနေရသည့် လူနာ ၂၀ ခန့် ရှိနေရာ COVID-19 ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲသွားသောကြောင့် ရောဂါပြင်းထန်မှုလျော့ကျလာသည်ဆိုခြင်းအတွက် အထောက်အထားမရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

“ ရောဂါက ဘယ်လောက်ထိ ပြင်းထန်သလဲဆိုတာကို သုတေသနတွေ လုပ်နေဆဲ ရှိပါသေးတယ်။ အခုမျိုးရိုးဗီဇပြောင်းလဲမှုတွေလည်း ရှိနေတော့ ပိုးအသစ်က ပိုးအဟောင်းထက် ရောဂါပြင်းထန်မှု သိပ်မရှိဘူးဆိုတာကို ဘယ်သုတေသနစာစောင်ကမှ မဖော်ပြသေးပါဘူး။

သို့သော် တချို့သုတေသနစာစောင်မှာဆိုရင် ပိုးအသစ်က ပိုးအဟောင်းထက်စာလို့ရှိရင် နည်းနည်းတောင် ပိုပြီးတော့ပြင်းတယ်ဆိုတဲ့ တွေ့ရှိချက်ရှိတဲ့ စာစောင်တွေတော့ ရှိပါတယ်။ ပျော့တယ်ဆိုတဲ့ စာစောင်တော့ မရှိပါဘူး။ ပြင်းတယ်ဆိုတဲ့ စာစောင်တချို့တော့ တွေ့ပါတယ်။

သို့သော် သုတေသနစာစောင်တစ်ခုလောက်က ထွက်ရုံနဲ့တင် ဒါဟာလည်း ဟုတ်တယ်လို့ ကောက်ချက်ချလို့ မရနိုင်သေးပါဘူး။ သက်ဆိုင်ရာ တိုင်းပြည်တွေက သုတေသနဆက်လုပ်နေသေးတုန်းပဲ ရှိပါသေးတယ်။ လက်ရှိအခြေအနေမှာလည်း ရောဂါပိုးတွေ့တဲ့သူတွေ ၂,၀၀၀ ကျော်လာပြီပေါ့။

နဂိုအရှေ့ပိုင်း ငါးလလောက်က လူ ၃၀၀ ကျော်လောက်ပဲ ရှိနေရာကနေ အခုဆိုရင် ငါးဆခွဲ ခြောက်ဆလောက်က ၂၅ ရက်လောက်အတွင်းမှာ တက်လာတာဖြစ်ပါတယ်။ တစ်လလောက် မပြည့်တဲ့အချိန်မှာတင် ငါးဆလောက် တက်လာတာဖြစ်တဲ့အတွက် ပေါ့ဆလို့ လုံးဝမရပါဘူး။ ရောဂါကူးစက်မှုက တော်တော်မြန်နေတယ်ဆိုတာ သိနိုင်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောကြားခဲ့သည်။

ဆေးသုတေသနဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ ကိုးခုတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိကြောင်း သြဂုတ် ၂၈ ရက်က ရခိုင်ပြည်နယ်တွင် လျင်မြန်စွာ ကူးစက်ဖြစ်ပွားနေသော COVID-19 အား ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဗဟို၊

ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များမှ ကျန်းမာရေးကဏ္ဍ တာဝန်ရှိသူများနှင့် ကွင်းဆင်းအဖွဲ့များ ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သြဂုတ် ၁၆ ရက်မှ သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ ရခိုင်ပြည်နယ်တွင် COVID-19 ဖြစ်ပွားသူ ၂၁၆ ဦး တွေ့ရှိခဲ့ပြီး အခြားတိုင်းဒေသကြီးပြည်နယ်များမှ စစ်တွေမြို့သို့ ခရီးသွားရာဇဝင်ရှိသူ ခြောက်ဦးတွင်လည်း COVID-19 ကူးစက်ဖြစ်ပွားသည်ကို တွေ့ရှိရကြောင်း၊

ရခိုင်ပြည်နယ်၌ COVID-19 သည် အချိန်တိုကာလအတွင်း များပြားစွာ တွေ့ရှိလျက်ရှိပြီး ကပ်ရောဂါ၏ သဘောသဘာဝအရ ရက်အနည်းငယ်အကြာ ဆက်လက်များပြားနိုင်ကြောင်း၊ ဆေးသုတေသန ဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ

ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာကိုးခုတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ ကူးစက်မှု မြန်ဆန်နေသည်ဟု ယူဆပါကြောင်း၊ မျိုးဗီဇတစ်ခုလုံး (whole genome sequencing) ကို ဆေးသုတေနဦးစီးဌာနက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း စသည်တို့ကို ပြောကြားထားသည်။

“ စက်တင်ဘာ ၃ ရက်နေ့က စပြီးတော့ စက်တင်ဘာ ၁၁ ရက်အထိ ကိုးရက်အတွင်းမှာ ကိုးယောက် သေဆုံးတယ်ဆိုတော့ သူ့ရဲ့ပြင်းထန်အားကို လျှော့တွက်လို့ မရပါဘူး။ ပိုးသစ်နဲ့ ပိုးဟောင်း နှိုင်းယှဉ်မယ်ဆိုရင် ပိုးသစ်က ပျော့တယ်ဆိုတဲ့အထောက်အထားတော့ မရှိပါဘူး။

လက်ရှိအနေအထားအရဆို ရခိုင်မှာ ဖြစ်တဲ့ဟာက ဆေးသုတေသနက ပိုးအသစ်ဖြစ်ကြောင်း တွေ့ရှိပြီးဖြစ်ပါတယ်။ လက်ရှိ ပိုးအသစ်က ကိုးရက်မှာတင် လူနာ ကိုးယောက် သေဆုံးထားတယ်။ လက်ရှိအချိန်မှာလည်း အထူးကြပ်မတ်ကုသဆောင် ICU မှာ ကုသနေတဲ့ လူနာ ၂၀ ရှိပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆက်လက်ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 ဗိုင်းရပ်စ်ပိုးသည် ဗီဇပြောင်းလဲသွားသောကြောင့် ရောဂါပြင်းထန်မှု လျော့ကျလာသည်ဟူသည့် အချက်အတွက် အထောက်အထား ခိုင်မာစွာ မရှိသေးရာ COVID-19 ဗိုင်းရပ်စ်ပိုး၏ ကူးစက်မှုအန္တရာယ်ကို လျှော့မတွက်သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

Eleven Media Group

ျမန္မာနိုင္ငံ COVID-19 ဗိုင္းရပ္စ္ပိုး၏ ဗီဇေျပာင္းလဲမွုအေၾကာင္း

ရက္ ၂၀ ေက်ာ္အတြင္း လူကိုးဦး ေသဆုံးခဲ့ၿပီး ICU ၌ ကုသခံေနရသည့္ လူနာ ၂၀ ခန႔္ ရွိေနရာ COVID-19 ဗိုင္းရပ္စ္ပိုးသည္ ဗီဇေျပာင္းလဲသြားေသာေၾကာင့္ ေရာဂါျပင္းထန္မွုေလ်ာ့က်လာသည္ဆိုျခင္းအတြက္ အေထာက္အထားမရွိေသးေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနမွ ညႊန္ၾကားေရးမွူး ေဒါက္တာခင္ခင္ႀကီးက ေျပာၾကားခဲ့သည္။

“ ေရာဂါက ဘယ္ေလာက္ထိ ျပင္းထန္သလဲဆိုတာကို သုေတသနေတြ လုပ္ေနဆဲ ရွိပါေသးတယ္။ အခုမ်ိဳးရိုးဗီဇေျပာင္းလဲမွုေတြလည္း ရွိေနေတာ့ ပိုးအသစ္က ပိုးအေဟာင္းထက္ ေရာဂါျပင္းထန္မွု သိပ္မရွိဘူးဆိုတာကို ဘယ္သုေတသနစာေစာင္ကမွ မေဖာ္ျပေသးပါဘူး။

သို့ေသာ္ တခ်ိဳ့သုေတသနစာေစာင္မွာဆိုရင္ ပိုးအသစ္က ပိုးအေဟာင္းထက္စာလို့ရွိရင္ နည္းနည္းေတာင္ ပိုၿပီးေတာ့ျပင္းတယ္ဆိုတဲ့ ေတြ႕ရွိခ်က္ရွိတဲ့ စာေစာင္ေတြေတာ့ ရွိပါတယ္။ ေပ်ာ့တယ္ဆိုတဲ့ စာေစာင္ေတာ့ မရွိပါဘူး။ ျပင္းတယ္ဆိုတဲ့ စာေစာင္တခ်ိဳ့ေတာ့ ေတြ႕ပါတယ္။

သို့ေသာ္ သုေတသနစာေစာင္တစ္ခုေလာက္က ထြက္႐ုံနဲ႔တင္ ဒါဟာလည္း ဟုတ္တယ္လို့ ေကာက္ခ်က္ခ်လို့ မရနိုင္ေသးပါဘူး။ သက္ဆိုင္ရာ တိုင္းျပည္ေတြက သုေတသနဆက္လုပ္ေနေသးတုန္းပဲ ရွိပါေသးတယ္။ လက္ရွိအေျခအေနမွာလည္း ေရာဂါပိုးေတြ႕တဲ့သူေတြ ၂,၀၀၀ ေက်ာ္လာၿပီေပါ့။

နဂိုအေရွ႕ပိုင္း ငါးလေလာက္က လူ ၃၀၀ ေက်ာ္ေလာက္ပဲ ရွိေနရာကေန အခုဆိုရင္ ငါးဆခြဲ ေျခာက္ဆေလာက္က ၂၅ ရက္ေလာက္အတြင္းမွာ တက္လာတာျဖစ္ပါတယ္။ တစ္လေလာက္ မျပည့္တဲ့အခ်ိန္မွာတင္ ငါးဆေလာက္ တက္လာတာျဖစ္တဲ့အတြက္ ေပါ့ဆလို့ လုံးဝမရပါဘူး။ ေရာဂါကူးစက္မွုက ေတာ္ေတာ္ျမန္ေနတယ္ဆိုတာ သိနိုင္ပါတယ္” ဟု ညႊန္ၾကားေရးမွူး ေဒါက္တာခင္ခင္ႀကီးက ေျပာၾကားခဲ့သည္။

ေဆးသုေတသနဦးစီးဌာနတြင္ ကနဦးစစ္ေဆးခ်က္အရ ရခိုင္ျပည္နယ္မွ ဓာတ္ခြဲနမူနာ ကိုးခုတြင္ COVID-19 ေရာဂါပိုး၏ မ်ိဳးဗီဇအစိတ္အပိုင္းတစ္ခုသည္ ေျပာင္းလဲလ်က္ရွိေၾကာင္း ၾသဂုတ္ ၂၈ ရက္က ရခိုင္ျပည္နယ္တြင္ လ်င္ျမန္စြာ ကူးစက္ျဖစ္ပြားေနေသာ COVID-19 အား ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ဗဟို၊

ရခိုင္ျပည္နယ္ႏွင့္ အျခားတိုင္းေဒသႀကီး ျပည္နယ္မ်ားမွ က်န္းမာေရးက႑ တာဝန္ရွိသူမ်ားႏွင့္ ကြင္းဆင္းအဖြဲ႕မ်ား ေဆြးေႏြးပြဲတြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။

ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားရာတြင္ ၾသဂုတ္ ၁၆ ရက္မွ ၾသဂုတ္ ၂၈ ရက္ နံနက္ပိုင္းအထိ ရခိုင္ျပည္နယ္တြင္ COVID-19 ျဖစ္ပြားသူ ၂၁၆ ဦး ေတြ႕ရွိခဲ့ၿပီး အျခားတိုင္းေဒသႀကီးျပည္နယ္မ်ားမွ စစ္ေတြၿမိဳ့သို့ ခရီးသြားရာဇဝင္ရွိသူ ေျခာက္ဦးတြင္လည္း COVID-19 ကူးစက္ျဖစ္ပြားသည္ကို ေတြ႕ရွိရေၾကာင္း၊

ရခိုင္ျပည္နယ္၌ COVID-19 သည္ အခ်ိန္တိုကာလအတြင္း မ်ားျပားစြာ ေတြ႕ရွိလ်က္ရွိၿပီး ကပ္ေရာဂါ၏ သေဘာသဘာဝအရ ရက္အနည္းငယ္အၾကာ ဆက္လက္မ်ားျပားနိုင္ေၾကာင္း၊ ေဆးသုေတသန ဦးစီးဌာနတြင္ ကနဦးစစ္ေဆးခ်က္အရ

ရခိုင္ျပည္နယ္မွ ဓာတ္ခြဲနမူနာကိုးခုတြင္ COVID-19 ေရာဂါပိုး၏ မ်ိဳးဗီဇအစိတ္အပိုင္းတစ္ခုသည္ ေျပာင္းလဲလ်က္ရွိသည္ကို ေတြ႕ရွိရသျဖင့္ ယခုကဲ့သို့ ကူးစက္မွု ျမန္ဆန္ေနသည္ဟု ယူဆပါေၾကာင္း၊ မ်ိဳးဗီဇတစ္ခုလုံး (whole genome sequencing) ကို ေဆးသုေတနဦးစီးဌာနက ဆက္လက္စစ္ေဆးလ်က္ရွိေၾကာင္း စသည္တို့ကို ေျပာၾကားထားသည္။

“ စက္တင္ဘာ ၃ ရက္ေန႔က စၿပီးေတာ့ စက္တင္ဘာ ၁၁ ရက္အထိ ကိုးရက္အတြင္းမွာ ကိုးေယာက္ ေသဆုံးတယ္ဆိုေတာ့ သူ႔ရဲ့ျပင္းထန္အားကို ေလၽွာ့တြက္လို့ မရပါဘူး။ ပိုးသစ္နဲ႔ ပိုးေဟာင္း ႏွိုင္းယွဥ္မယ္ဆိုရင္ ပိုးသစ္က ေပ်ာ့တယ္ဆိုတဲ့အေထာက္အထားေတာ့ မရွိပါဘူး။

လက္ရွိအေနအထားအရဆို ရခိုင္မွာ ျဖစ္တဲ့ဟာက ေဆးသုေတသနက ပိုးအသစ္ျဖစ္ေၾကာင္း ေတြ႕ရွိၿပီးျဖစ္ပါတယ္။ လက္ရွိ ပိုးအသစ္က ကိုးရက္မွာတင္ လူနာ ကိုးေယာက္ ေသဆုံးထားတယ္။ လက္ရွိအခ်ိန္မွာလည္း အထူးၾကပ္မတ္ကုသေဆာင္ ICU မွာ ကုသေနတဲ့ လူနာ ၂၀ ရွိပါတယ္” ဟု ေဒါက္တာခင္ခင္ႀကီးက ဆက္လက္ေျပာၾကားသည္။

မည္သို့ပင္ဆိုေစကာမူ COVID-19 ဗိုင္းရပ္စ္ပိုးသည္ ဗီဇေျပာင္းလဲသြားေသာေၾကာင့္ ေရာဂါျပင္းထန္မွု ေလ်ာ့က်လာသည္ဟူသည့္ အခ်က္အတြက္ အေထာက္အထား ခိုင္မာစြာ မရွိေသးရာ COVID-19 ဗိုင္းရပ္စ္ပိုး၏ ကူးစက္မွုအႏၲရာယ္ကို ေလၽွာ့မတြက္သင့္ပါေၾကာင္း The Daily Eleven သတင္းစာက ေရးသားအပ္ပါသည္။

Eleven Media Group

64 Shares

Leave a Reply

64 Shares
Share64
Tweet