Life Style

တရုတ်တစ်သျှူးငှက်ပျောကုမ္ပဏီက ပေးလိုက်တဲ့ ဒုက္ခကို လှလှကြီးခံစားခဲ့ရသူ

တရုတ်တစ်သျှူးငှက်ပျောကုမ္ပဏီက ပေးလိုက်တဲ့ ဒုက္ခကို လှလှကြီးခံစားခဲ့ရသူ

( တရုတ်တစ်သျှူးငှက်ပျော ဒုက္ခသည်အမှုကိစ္စ ဘုန်းကြီးကို လာပတ်)

အလုပ်ရတယ်အဆင်ပြေတယ်အခွန်ရတယ်ဆိုတဲ့ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ကယ်တင်ကူညီတာဝန်ယူပေးနိုင်ရန်…

(မုန်းလို့ပြောတာ မဟုတ်ဘူး!အရှုံးအားကြီးနေမှုတွေကိုသိစေဖို့ပါ)

ဒီနေ့မနက် ၉နာရီကျော်လောက်က မိမိကို ကျောင်းသားလေးတွေကဧည့်သည်လာတယ်ဆိုတော့ ရင်ထိတ်ကနဲဖြစ်သွားပြီး ဒုက္ခအလည်လာပြီထင်ပါရဲ့ဆိုပြီး ထွက်ကြည့်လိုက်တော့ ထင်တဲ့အတိုင်း

ကဲ! ဘာ ကိစ္စလဲ? ပြော ဆိုတော့…တပည့်တော်က မန်းလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့နယ်ကလေးကျေးရွာကပါ နာမည်က သန်းထွန်း ပါ ဘုရား

ကိစ္စက တပည့်တော် ရွာပြန်မလို့ လမ်းစရိတ် လာတောင်းတာပါ ဘုရာ့ဘယ်လောက်လဲ?မေးတော့ ၆ထောင်ဆိုရင် ရပါပြီ ဘုရား တဲ့လေ!ဒါနဲ့ ဘယ်ကလာ ဘယ်လိုဖြစ်တယ်ဆိုတာပြော အသံဖမ်းထားမယ်

ဓါတ်ပုံရိုက်တင်ပေးမယ် သဘောတူလား?မေးလိုက်တော့…တူပါတယ် ဘုရား တဲ့!ဒါဆိုရင်ပြော လိမ်လို့တော့ ဒုက္ခရောက်မယ်နော် ဘုရားရှေ့ကြီးမှာ!တင်ပါ့! မလိမ်ရဲပါဘူး ဘုရား အမှန်တိုင်းပြောပြပါ့မယ်

တပည့်တော်တို့ ငှက်ပျောတောကိုတက်လာကြတာ သားအမိ/အဖ၃ယောက်ပါဘုရား! ပါဝါနိုင်း လုပ်ကွက် ၅မှာ လုပ်ကြတာပါရောက်တာ ၃လကျော်ပါပြီ!ဒီမှာက ဆန်တွေစားစရိတ်တွေက ဈေးကြီးသူတို့ ကုမ္ပဏီက ၁၅ရက် ၁ခါ ရှင်းပေးမယ်ဆိုပြီး မပြည့်စုံဘူး

သူတို့က ပြန်မှပဲ တလုံးတည်း ရှင်းပေးမယ်ဆိုပြီး စားစရိတ်ပဲ ပေးတာကျန်တဲ့အသုံးစားရိတ်က အကြွေးပဲ ဝယ်စားရတော့ အဲဒီပိုက်ဆံတွေကမစုမိဘူး! သူတို့က စာရင်းစာအုပ်တွေနဲ့မှတ်ထဲ့ပြီးအကြွေးတွေကဈေးကြီးတော့(အတိုးနဲ့ယူစားရ) အကြွေးနဲ့ပဲ လုံးပြီး ပြန်ပေးနေရတယ်

နေ့စားခဆိုတာ မရှိတော့ဘူး! ရတာက ၁ရက် ၆ထောင်!သူတို့ကပြန်အလုပ်သမားဆီက ဖြတ်တာက ၅ရာဆိုတော့ ၅၅၀၀ ကျန်တယ်!စားစရိတ်နဲ့ဆိုတော့ ဘယ်လိုမှကို မလုံလောက်ဘူး ပြီးရင် သူတို့ကကုမ္ပဏီက မီးစက်နိုးပေးတယ်ပြောပြီး မီးကြေးလို့ပြောပြန်ပြီး၁လကို ၆ထောင် ကောက်ပြန်တယ် ဘုရား

အဲဒါနဲ့ တပည့်တော်ရဲ့သမီးလေးနဲ့မိန်းမကိုပြီးခဲ့တဲ့ ၁၇ ရက်လောက်က ပြန်လွှတ်လိုက်ပြီးတပည့်တော် အကြွေးကျေအောင်ဆပ် မှတ်ပုံတင်တောင်းပြီးခြေလျင်လျှောက်လာခဲ့တာ သူငယ်ချင်းတွေကို လမ်းစားရိတ်ရအောင်အဝတ်အစားတွေ ယူထားပေးပါပြောတော့ သူတို့ကလည်းအလုပ်မပြီးတော့ ဆန်တွေပဲရှိတာ

ဒါနဲ့ တပည့်တော်က အဝတ်အစားလိုက်ရောင်းကြည့်တော့ ဘယ်သူမှ မဝယ်ဘဲ ဘုန်းကြီးကျောင်းကိုသွားကြည့်ပါ မင်း ဒီလိုတော့ မရနိုင်ဘူးလို့ ဆိုင်ကယ်ပြင်ဆိုင်ကလူတွေပြောလိုက်လို့ ရောက်လာတာပါ ရထားခ ရရင် ထမင်းမစားဘဲရေသောက်ပြီးပြန်မယ် ရွာရောက်ရင် ရပြီ ဘုရား

ရွာမှာ တခြားလုပ်စားရင်လည်း ၆ထောင် ရတယ် ခေါင်းကြေးဖြတ်တာမရှိဘူးဆိုပြီးပြောခဲ့တာပါ ဘုရားတဲ့လေ…ဒါနဲ့ မိမိကလည်း အေး ကောင်းပြီ ငါ လမ်းစားရိတ်ပေးလိုက်မယ်

၆ထောင် မဟုတ်ဘူး ၁၅၀၀၀ ပေးလိုက်မယ် အဝတ်တွေလည်းလိုက်ရောင်းမနေနဲ့ ရမှာ မဟုတ်ဘူး! နောက်ပြီးတော့မင်း ငါ့ကို လိမ်ရင်တော့ ဘုရားကိုလည်း လိမ် သံဃာကိုလည်း လိမ်မင်း ကျိန်စာသင့်သလိုမျိုးဖြစ်တတ်တယ် မင်းကိုယ်တိုင် သိပေါ့ကွာ

ပြောပြီး ၁၅၀၀၀ ပေးလိုက်ပါတယ် သူ့ကံပဲပေါ့လေ…ခွင့်ပြုပါဦး ဘုရား ဆိုပြီး ဝပ်ချကာ ပြန်သွားလေသတည်းပေါ့လေ…ရတနာမြတ် ၃ပါး ဘုန်းတန်ခိုးတော်နဲ့ကယ်တင်ခြင်း မနက်ခင်း အစီအစဉ် ၁ခန်းရပ် ပြီး၏…

(နာကျင်မှုများကို ကြင်နာမှုကမ်းလက်ဖြင့် ဝေးလွင့်စေအံ့)

(ရှည်လျားသော ဒုက္ခအသံဖိုင်ကို အကျဉ်းချုံး တင်ပြခြင်းသာ)

ဝါရှောင် ဆရာတော်

တရုတ္တစ္သ်ွဴးငွက္ေပ်ာကုမၸဏီက ေပးလိုက္တ့ဲ ဒုကၡကို လွလွၾကီးခံစားခ့ဲရသူ

( တရုတ္တစ္သ်ွဴးငွက္ေပ်ာ ဒုကၡသည္အမႈကိစၥ ဘုန္းႀကီးကို လာပတ္)

အလုပ္ရတယ္အဆင္ေျပတယ္အခြန္ရတယ္ဆိုတဲ႔ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္နဲ႔အစိုးရအဖြဲ႕ကယ္တင္ကူညီတာဝန္ယူေပးႏိုင္ရန္…

(မုန္းလို႔ေျပာတာ မဟုတ္ဘူး!အရႈံးအားႀကီးေနမႈေတြကိုသိေစဖို႔ပါ)

ဒီေန႔မနက္ ၉နာရီေက်ာ္ေလာက္က မိမိကို ေက်ာင္းသားေလးေတြကဧည့္သည္လာတယ္ဆိုေတာ့ ရင္ထိတ္ကနဲျဖစ္သြားၿပီး ဒုကၡအလည္လာၿပီထင္ပါရဲ႕ဆိုၿပီး ထြက္ၾကည့္လိုက္ေတာ့ ထင္တဲ႔အတိုင္း

ကဲ! ဘာ ကိစၥလဲ? ေျပာ ဆိုေတာ့…တပည့္ေတာ္က မန္းေလးတို္င္း ေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္ကေလးေက်းရြာကပါ နာမည္က သန္းထြန္း ပါ ဘုရား

ကိစၥက တပည့္ေတာ္ ရြာျပန္မလို႔ လမ္းစရိတ္ လာေတာင္းတာပါ ဘုရာ့ဘယ္ေလာက္လဲ?ေမးေတာ့ ၆ေထာင္ဆိုရင္ ရပါၿပီ ဘုရား တဲ႔ေလ!ဒါနဲ႔ ဘယ္ကလာ ဘယ္လိုျဖစ္တယ္ဆိုတာေျပာ အသံဖမ္းထားမယ္

ဓါတ္ပုံရိုက္တင္ေပးမယ္ သေဘာတူလား?ေမးလိုက္ေတာ့…တူပါတယ္ ဘုရား တဲ႔!ဒါဆိုရင္ေျပာ လိမ္လို႔ေတာ့ ဒုကၡေရာက္မယ္ေနာ္ ဘုရားေရွ႕ႀကီးမွာ!တင္ပါ့! မလိမ္ရဲပါဘူး ဘုရား အမွန္တိုင္းေျပာျပပါ့မယ္

တပည့္ေတာ္တို႔ ငွက္ေပ်ာေတာကိုတက္လာၾကတာ သားအမိ/အဖ၃ေယာက္ပါဘုရား! ပါဝါႏိုင္း လုပ္ကြက္ ၅မွာ လုပ္ၾကတာပါေရာက္တာ ၃လေက်ာ္ပါၿပီ!ဒီမွာက ဆန္ေတြစားစရိတ္ေတြက ေစ်းႀကီးသူတို႔ ကုမၸဏီက ၁၅ရက္ ၁ခါ ရွင္းေပးမယ္ဆိုၿပီး မျပည့္စုံဘူး

သူတို႔က ျပန္မွပဲ တလုံးတည္း ရွင္းေပးမယ္ဆိုၿပီး စားစရိတ္ပဲ ေပးတာက်န္တဲ႔အသုံးစားရိတ္က အေၾကြးပဲ ဝယ္စားရေတာ့ အဲဒီပိုက္ဆံေတြကမစုမိဘူး! သူတို႔က စာရင္းစာအုပ္ေတြနဲ႔မွတ္ထဲ႔ၿပီးအေၾကြးေတြကေစ်းႀကီးေတာ့(အတိုးနဲ႔ယူစားရ) အေၾကြးနဲ႔ပဲ လုံးၿပီး ျပန္ေပးေနရတယ္

ေန႔စားခဆိုတာ မရွိေတာ့ဘူး! ရတာက ၁ရက္ ၆ေထာင္!သူတို႔ကျပန္အလုပ္သမားဆီက ျဖတ္တာက ၅ရာဆိုေတာ့ ၅၅၀၀ က်န္တယ္!စားစရိတ္နဲ႔ဆိုေတာ့ ဘယ္လိုမွကို မလုံေလာက္ဘူး ၿပီးရင္ သူတို႔ကကုမၸဏီက မီးစက္ႏိုးေပးတယ္ေျပာၿပီး မီးေၾကးလို႕ေျပာျပန္ၿပီး၁လကို ၆ေထာင္ ေကာက္ျပန္တယ္ ဘုရား

အဲဒါနဲ႔ တပည့္ေတာ္ရဲ႕သမီးေလးနဲ႔မိန္းမကိုၿပီးခဲ႔တဲ႔ ၁၇ ရက္ေလာက္က ျပန္လႊတ္လိုက္ၿပီးတပည့္ေတာ္ အေၾကြးေက်ေအာင္ဆပ္ မွတ္ပုံတင္ေတာင္းၿပီးေျခလ်င္ေလ်ွာက္လာခဲ႔တာ သူငယ္ခ်င္းေတြကို လမ္းစားရိတ္ရေအာင္အဝတ္အစားေတြ ယူထားေပးပါေျပာေတာ့ သူတို႔ကလည္းအလုပ္မၿပီးေတာ့ ဆန္ေတြပဲရွိတာ

ဒါနဲ႔ တပည့္ေတာ္က အဝတ္အစားလိုက္ေရာင္းၾကည့္ေတာ့ ဘယ္သူမွ မဝယ္ဘဲ ဘုန္းႀကီးေက်ာင္းကိုသြားၾကည့္ပါ မင္း ဒီလိုေတာ့ မရႏိုင္ဘူးလို႔ ဆိုင္ကယ္ျပင္ဆိုင္ကလူေတြေျပာလိုက္လို႔ ေရာက္လာတာပါ ရထားခ ရရင္ ထမင္းမစားဘဲေရေသာက္ၿပီးျပန္မယ္ ရြာေရာက္ရင္ ရၿပီ ဘုရား

ရြာမွာ တျခားလုပ္စားရင္လည္း ၆ေထာင္ ရတယ္ ေခါင္းေၾကးျဖတ္တာမရွိဘူးဆိုၿပီးေျပာခဲ႔တာပါ ဘုရားတဲ႔ေလ…ဒါနဲ႔ မိမိကလည္း ေအး ေကာင္းၿပီ ငါ လမ္းစားရိတ္ေပးလိုက္မယ္

၆ေထာင္ မဟုတ္ဘူး ၁၅၀၀၀ ေပးလိုက္မယ္ အဝတ္ေတြလည္းလိုက္ေရာင္းမေနနဲ႔ ရမွာ မဟုတ္ဘူး! ေနာက္ၿပီးေတာ့မင္း ငါ့ကို လိမ္ရင္ေတာ့ ဘုရားကိုလည္း လိမ္ သံဃာကိုလည္း လိမ္မင္း က်ိန္စာသင့္သလိုမ်ိဳးျဖစ္တတ္တယ္ မင္းကိုယ္တိုင္ သိေပါ့ကြာ

ေျပာၿပီး ၁၅၀၀၀ ေပးလိုက္ပါတယ္ သူ႕ကံပဲေပါ့ေလ…ခြင့္ျပဳပါဦး ဘုရား ဆိုၿပီး ဝပ္ခ်ကာ ျပန္သြားေလသတည္းေပါ့ေလ…ရတနာျမတ္ ၃ပါး ဘုန္းတန္ခိုးေတာ္နဲ႔ကယ္တင္ျခင္း မနက္ခင္း အစီအစဥ္ ၁ခန္းရပ္ ၿပီး၏…

(နာက်င္မႈမ်ားကို ၾကင္နာမႈကမ္းလက္ျဖင့္ ေဝးလြင့္ေစအ့ံ)

(ရွည္လ်ားေသာ ဒုကၡအသံဖိုင္ကို အက်ဥ္းခ်ဳံး တင္ျပျခင္းသာ)

ဝါေရွာင္ ဆရာေတာ္

38 Shares

Leave a Reply

38 Shares
Share38
Tweet