Life Style

Quarantine Center များမှ စောင့်ကြည့်ခံထားရသူများအတွက် လိုအပ်သည်များကို ဈေးဝယ်ပေးသော လေးစားစရာ ပရဟိတသမားနှစ်ဦး

Quarantine Center များမှ စောင့်ကြည့်ခံထားရသူများအတွက် လိုအပ်သည်များကို ဈေးဝယ်ပေးသော လေးစားစရာ ပရဟိတသမားနှစ်ဦး

Quarantine Center များနှင့် အသွားအလာကန့်သတ်ထားသူများအတွက် ဈေးဝယ်ပေးသော Delivery ပရဟိတသမားနှစ်ဦး

ဧရာဝတီ၊ စက်တင်ဘာ ၁၅၊ ၂၀၂၀

မြန်မာနိုင်ငံတွင် COVID-19 ဒုတိယလှိုင်း စတင်လာချိန်တွင် ရောဂါပိုးတွေ့ရှိသူများ၊ Quarantine ဝင်နေသူများလည်း လွန်စွာများပြားလာခဲ့သည်။ဆေးရုံတက်နေရချိန်နှင့် Quarantine ဝင်နေရချိန်များတွင် လိုအပ်သော အစားအသောက်၊

အသုံးဆောင်ပစ္စည်းများ ဝယ်ယူရန်အခက်အခဲရှိနေသူများအတွက် YGN Time Delivery Service မှ ကိုသီဟထွန်းနှင့် ကိုအောင်ပိုင်စိုးက အခမဲ့ Delivery Service လုပ်ဆောင်ပေးလျှက်ရှိသည်။

”ကျွန်တော်တို့ကို လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဝေဘာဂီဘက်မှာ Quarantine ဝင်နေရတဲ့ ဆရာဝန်အမတစ်ယောက်ဆက်သွယ်လာတယ်။

လိုအပ်တဲ့ပစ္စည်းတွေဝယ်ပေးနိုင်လားဆိုပြီး အဲဒါနဲ့ကျွန်တော်တို့ကပစ္စည်းဝယ်ပေး ဘောင်ချာပို့ပေးတယ် သူက ငွေပြန်လွဲပေးတယ်။ အဲတုန်းကတော့ ကျွန်တော်တို့ Service ခယူလိုက်တယ်

။နောက်တော့ဆရာမရဲ့ အွန်လိုင်းမှာရေးထားတဲ့ အားတင်းထားပါ၊ စိတ်ဓာတ်မကျနဲ့ ဆိုတဲ့ စာဖတ်ရတော့ ငါတို့လည်း ငါတို့လုပ်တဲ့အလုပ်နဲ့ lockdown ကျနေတဲ့ မိသားစုဝင်တွေ၊

စောင့်ကြည့်ခံလူနာတွေ၊ Quarantine Center ကလူတွေကို ကူညီရမယ်ဆိုတဲ့ စိတ်ကူးရရှိပြီး လုပ်နေတဲ့ Delivery Service ကိုရပ်နားပြီး အခမဲ့ လုပ်ဆောင်ပေးနေတာပါ”ဟု ကိုသီဟထွန်းက ပြောသည်။

လက်ရှိတွင် Lockdown ကျနေသော မိသားစုဝင်များ၊ ကွာရန်တင်းစင်တာမှ လူများ၊ ဆေးရုံများမှ ဆရာဝန်များနှင့် စောင့်ကြည့်ခံလူနာများအတွက် ကွာရန်တင်းစင်တာများ၊ ဆေးရုံများအရောက် အခမဲ့ Delivery Service ကိုလုပ်ဆောင်ပေးလျက်ရှိသည်။

Quarantine Center များကို ပစ္စည်းများပို့ဆောင်ပေးရာတွင် ဆေးလိပ်၊ ကွမ်းယာ၊ အရက်၊ ဘီယာ၊ ဝိုင်၊ မူးယစ်ဆေးဝါးများ၊ ဓား ကတ်ကြေး စသည့် ချွန်ထက်သော လက်နက်များ၊ မီးခြစ်၊ ခြင်ဆေးခွေ၊ ခြင်ဆေးဗူး၊ ကြိုးခွေများကို ပို့ဆောင်ပေးလို့မရကြောင်း သိရသည်။

ထိုပြင် ကြက်ဥအစိမ်းပေးလို့မရပဲ ပြုတ်ပြီးမှသာ ပေးလို့ရပြီး အသီးအနှံများလည်း ခွဲစိပ်ပြီးသားတွေသာပေးပို့လို့ရကြောင်း ကိုသီဟထွန်းထံမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ ၃၂၉၉ ဦး ရှိလာပြီးသေဆုံးသူ ၃၂ ဦးထိရှိကာ ရန်ကုန်တိုင်းမှာ ရောဂါပိုးတွေ့ရှိမှု အများဆုံးဖြစ်သည်။

ဓာတ်ပုံ- အောင်ကျော်ထက် /ဧရာဝတီ

Quarantine Center မ်ားမွ ေစာင့္ၾကည့္ခံထားရသူမ်ားအတြက္ လိုအပ္သည္မ်ားကို ေဈးဝယ္ေပးေသာ ေလးစားစရာ ပရဟိတသမားႏွစ္ဦး

Quarantine Center မ်ားႏွင့္ အသြားအလာကန႔္သတ္ထားသူမ်ားအတြက္ ေဈးဝယ္ေပးေသာ Delivery ပရဟိတသမားႏွစ္ဦး

ဧရာဝတီ၊ စက္တင္ဘာ ၁၅၊ ၂၀၂၀

ျမန္မာႏိုင္ငံတြင္ COVID-19 ဒုတိယလႈိင္း စတင္လာခ်ိန္တြင္ ေရာဂါပိုးေတြ႕ရွိသူမ်ား၊ Quarantine ဝင္ေနသူမ်ားလည္း လြန္စြာမ်ားျပားလာခဲ့သည္။ေဆး႐ုံတက္ေနရခ်ိန္ႏွင့္ Quarantine ဝင္ေနရခ်ိန္မ်ားတြင္ လိုအပ္ေသာ အစားအေသာက္၊

အသုံးေဆာင္ပစၥည္းမ်ား ဝယ္ယူရန္အခက္အခဲရွိေနသူမ်ားအတြက္ YGN Time Delivery Service မွ ကိုသီဟထြန္းႏွင့္ ကိုေအာင္ပိုင္စိုးက အခမဲ့ Delivery Service လုပ္ေဆာင္ေပးလွ်က္ရွိသည္။

”ကြၽန္ေတာ္တို႔ကို လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က ေဝဘာဂီဘက္မွာ Quarantine ဝင္ေနရတဲ့ ဆရာဝန္အမတစ္ေယာက္ဆက္သြယ္လာတယ္။

လိုအပ္တဲ့ပစၥည္းေတြဝယ္ေပးႏိုင္လားဆိုၿပီး အဲဒါနဲ႔ကြၽန္ေတာ္တို႔ကပစၥည္းဝယ္ေပး ေဘာင္ခ်ာပို႔ေပးတယ္ သူက ေငြျပန္လြဲေပးတယ္။ အဲတုန္းကေတာ့ ကြၽန္ေတာ္တို႔ Service ခယူလိုက္တယ္

။ေနာက္ေတာ့ဆရာမရဲ႕ အြန္လိုင္းမွာေရးထားတဲ့ အားတင္းထားပါ၊ စိတ္ဓာတ္မက်နဲ႔ ဆိုတဲ့ စာဖတ္ရေတာ့ ငါတို႔လည္း ငါတို႔လုပ္တဲ့အလုပ္နဲ႔ lockdown က်ေနတဲ့ မိသားစုဝင္ေတြ၊

ေစာင့္ၾကည့္ခံလူနာေတြ၊ Quarantine Center ကလူေတြကို ကူညီရမယ္ဆိုတဲ့ စိတ္ကူးရရွိၿပီး လုပ္ေနတဲ့ Delivery Service ကိုရပ္နားၿပီး အခမဲ့ လုပ္ေဆာင္ေပးေနတာပါ”ဟု ကိုသီဟထြန္းက ေျပာသည္။

လက္ရွိတြင္ Lockdown က်ေနေသာ မိသားစုဝင္မ်ား၊ ကြာရန္တင္းစင္တာမွ လူမ်ား၊ ေဆး႐ုံမ်ားမွ ဆရာဝန္မ်ားႏွင့္ ေစာင့္ၾကည့္ခံလူနာမ်ားအတြက္ ကြာရန္တင္းစင္တာမ်ား၊ ေဆး႐ုံမ်ားအေရာက္ အခမဲ့ Delivery Service ကိုလုပ္ေဆာင္ေပးလ်က္ရွိသည္။

Quarantine Center မ်ားကို ပစၥည္းမ်ားပို႔ေဆာင္ေပးရာတြင္ ေဆးလိပ္၊ ကြမ္းယာ၊ အရက္၊ ဘီယာ၊ ဝိုင္၊ မူးယစ္ေဆးဝါးမ်ား၊ ဓား ကတ္ေၾကး စသည့္ ခြၽန္ထက္ေသာ လက္နက္မ်ား၊ မီးျခစ္၊ ျခင္ေဆးေခြ၊ ျခင္ေဆးဗူး၊ ႀကိဳးေခြမ်ားကို ပို႔ေဆာင္ေပးလို႔မရေၾကာင္း သိရသည္။

ထိုျပင္ ၾကက္ဥအစိမ္းေပးလို႔မရပဲ ျပဳတ္ၿပီးမွသာ ေပးလို႔ရၿပီး အသီးအႏွံမ်ားလည္း ခြဲစိပ္ၿပီးသားေတြသာေပးပို႔လို႔ရေၾကာင္း ကိုသီဟထြန္းထံမွ သိရသည္။

လက္ရွိအခ်ိန္တြင္ ျမန္မာႏိုင္ငံအတြင္း COVID-19 အတည္ျပဳလူနာ ၃၂၉၉ ဦး ရွိလာၿပီးေသဆုံးသူ ၃၂ ဦးထိရွိကာ ရန္ကုန္တိုင္းမွာ ေရာဂါပိုးေတြ႕ရွိမႈ အမ်ားဆုံးျဖစ္သည္။

ဓာတ္ပုံ- ေအာင္ေက်ာ္ထက္ /ဧရာဝတီ

0 Shares

Leave a Reply

0 Shares
Share
Tweet