Local News

Positive ဖြစ်နေတဲ့ သားလေး ၂ ယောက်က “ဦးလေး သားတို့အမေကို စောင့်ရှောက်ပေးပါတဲ့”

Positive ဖြစ်နေတဲ့ သားလေး ၂ ယောက်က “ဦးလေး သားတို့အမေကို စောင့်ရှောက်ပေးပါတဲ့”

ကိုယ်ပါတောင်ငိုချင်လာပြီ..

ပေါ့ပေါ့လေးမတွေးနဲ့……..Covid 19 ,Coronavirus ကူးစက်မခံရသေးလို့ အထင်မသေးနဲ့ပေါ့ပေါ့ဆဆ မနေကြနဲ့…..

မျက်မြင်ကိုယ်တွေ့ တွေ့နေရတော့ပြင်ပမှာ သွားလာလှုပ်ရှားသူတွေကို မြင်ပြီး စိုးရိမ်စိတ်တွေ ပိုမိတယ်….

မိသားစုတစ်စု….သားအမိသားအဖ လေးယောက်ရှိတယ်အဖေဖြစ်သူက လုပ်ငန်းခွင်သွားလာရင်းအလုပ်ထဲမှာ Quarantine ဝင်လိုက်ရတယ်……

အိမ်မှာကျန်ခဲ့တဲ့ သားအမိသုံးယောက်Home Q နေလိုက်ရတယ်….လေး,ငါးရက်မြောက်တော့….အဖေလုပ်တဲ့သူကိုစစ်ဆေးကြည့်တော့ Positive တွေ့တယ်…..

သားအမိသုံးယောက်လုံး Home Q ကနေ Facility Q ဝင်လိုက်ရတယ်……စစ်ဆေးကြည့်တော့ သားနှစ်ယောက် လူမမယ်လေးတွေက Positive ဖြစ်နေတယ် အမေကတော့ Nagative …….

အဲ့အချိန်ကို စဉ်းစားကြည့်ကြ…..အဖေလုပ်တဲ့သူက တောင်ဥက္ကလာဆေးရုံမှာ Positive,ဆေးရုံတက်နေတယ်….

သားနှစ်ယောက်ထပ်ဖြစ်တော့…..ကလေးနှစ်ယောက်ကို Q မှာထားလို့မရတော့ဘူး….ဆေးရုံပို့ရတော့မယ်……မိသားစုလေး လေးယောက်ရှိတာ….မိတစ်ကွဲ ဖတစ်ကွဲ ဖြစ်သွားပြီ…..

အမေလုပ်တဲ့သူလည်း ဟန်မဆောင်နိုင်တော့ဘူး…..အရင်က လင်ယောကျာၤးအတွက်ပဲပူရတာ အခုတော့ ရင်နဲ့လွယ်မွေးခဲ့ရတဲ့သားတွေအဖေအလုပ်သွားချိန် အမေဖြစ်သူနဲ့ ရင်အုပ်မကွာ စောင့်ရှောက်ရတဲ့ ကလေးတွေ…..ဆေးရုံကားရောက်လာတော့….

ညီအစ်ကို နှစ်ယောက် အိတ်ကလေးတွေ ဆွဲပြီးထွက်လာတယ် ကိုယ့်အိတ်ကိုယ်ဆွဲလို့ အငယ်လေးက မနိုင်တော့ အကြီးကောင်လေးက ကားပေါ်မတင် နေရာချ ဆေးရုံကားနောက်ခန်းထဲမှာ ညီအစ်ကိုနှစ်ယောက်ထဲ အမေမပါ….

ကားပေါ်အရောက် နေရာယူပြီး…ကားတံခါးမပိတ်ခင် ညီအစ်ကို နှစ်ယောက်လုံးက…..ဦးလေး…သားတို့အမေကို စောင့်ရှောက်ပေးပါတဲ့…..

အေးပါ ကလေးတို့ရယ် သားတို့ပြန်ကျန်းမာနေကောင်းလာအောင်အဘတို့ဆုတောင်းပေးပါ့မယ်…..သားတို့အမေကိုလည်း ဂရုစိုက်ပေးပါမယ် သားတို့ရယ်…..

သားတို့အမြန်ပြန်နေကောင်းပါစေ……ဆုတောင်းပေးရုံမှတစ်ပါး အမေလုပ်တဲ့သူက ကလေးတွေစစ်ဆေးချက် Positive အဖြေသိကတည်းက အခန်းခွဲနေရပြီလေ…..

ဆေးရုံကားထွက်တော့ နောက်ခန်းအလုံပိတ်ထဲကနေ လက်ကလေးတွေပြလို့…..အဆောင်ခွဲနေရတဲ့ အမေလုပ်တဲ့သူကလည်း လက်ကလေးပြကလေးတွေကလည်း ပြန်ပြနဲ့……

တာဝန်ကျ ဆရာဝန်,နာ့စ်,Volunteerတွေ အားလုံးစိတ်နှလုံး မချမ်းမြေ့…..မျက်ရည်ရစ်ဝိုင်းသူက ဝိုင်း…..Covid ရောဂါကူးစက်ရင်…..

အဖေ,အမေ,ညီအစ်ကို မောင်နှမ အတူတစ်ကွ မရှိကြတော့ဘူး….ဒီကလေးတွေ ဟိုရောက်ရင် အနီးကပ်ပြုစုမဲ့ မိဘဆွေမျိုး မရှိဘူး ကျန်းမာရေးဝန်ထမ်းတွေတောင် PPE ဝတ်စုံတွေနဲ့ မျက်လုံးကလေးပဲ မြင်ရတာသူတို့ ညီအစ်ကိုကလည်း အတူမနေရတော့ဘူးလေ….

ခွဲနေကြရမှာ…..အဲ့သလိုအဖြစ်မျိုး အချိန်မျိုး ခင်ဗျားတို့ အရောက်ခံကြမှာလား….ကျန်းမာရေးကို အထူးဂရုစိုက်ကြပါဗျာမဖြစ်ရင် ဘာမှမဖြစ်ဘူး….

ဖြစ်လာရင်….အားလုံးမပေါ့ဆကြပါနဲ့……အခုအချိန်က ပြင်းထန်လာတဲ့ အချိန်ဖြစ်နေပါပြီ……ဒီလိုအဖြစ်မျိုးတွေ မတွေ့ကြုံရအောင်ပေါ့ပေါ့လေးမတွေးကြပါနဲ့…….

crd ကြီးဖက္တီး

Positive ျဖစ္ေနတ့ဲ သားေလး ၂ ေယာက္က “ဦးေလး သားတို႔အေမကို ေစာင့္ေရွာက္ေပးပါတဲ့”

ကိုယ္ပါေတာင္ငိုခ်င္လာၿပီ..

ေပါ့ေပါ့ေလးမေတြးနဲ႔……..Covid 19 ,Coronavirus ကူးစက္မခံရေသးလို႔ အထင္မေသးနဲ႔ေပါ့ေပါ့ဆဆ မေနၾကနဲ႔…..

မ်က္ျမင္ကိုယ္ေတြ႕ ေတြ႕ေနရေတာ့ျပင္ပမွာ သြားလာလႈပ္ရွားသူေတြကို ျမင္ၿပီး စိုးရိမ္စိတ္ေတြ ပိုမိတယ္….

မိသားစုတစ္စု….သားအမိသားအဖ ေလးေယာက္ရွိတယ္အေဖျဖစ္သူက လုပ္ငန္းခြင္သြားလာရင္းအလုပ္ထဲမွာ Quarantine ဝင္လိုက္ရတယ္……

အိမ္မွာက်န္ခဲ့တဲ့ သားအမိသုံးေယာက္Home Q ေနလိုက္ရတယ္….ေလး,ငါးရက္ေျမာက္ေတာ့….အေဖလုပ္တဲ့သူကိုစစ္ေဆးၾကည့္ေတာ့ Positive ေတြ႕တယ္…..

သားအမိသုံးေယာက္လုံး Home Q ကေန Facility Q ဝင္လိုက္ရတယ္……စစ္ေဆးၾကည့္ေတာ့ သားႏွစ္ေယာက္ လူမမယ္ေလးေတြက Positive ျဖစ္ေနတယ္ အေမကေတာ့ Nagative …….

အဲ့အခ်ိန္ကို စဥ္းစားၾကည့္ၾက…..အေဖလုပ္တဲ့သူက ေတာင္ဥကၠလာေဆး႐ုံမွာ Positive,ေဆး႐ုံတက္ေနတယ္….

သားႏွစ္ေယာက္ထပ္ျဖစ္ေတာ့…..ကေလးႏွစ္ေယာက္ကို Q မွာထားလို႔မရေတာ့ဘူး….ေဆး႐ုံပို႔ရေတာ့မယ္……မိသားစုေလး ေလးေယာက္ရွိတာ….မိတစ္ကြဲ ဖတစ္ကြဲ ျဖစ္သြားၿပီ…..

အေမလုပ္တဲ့သူလည္း ဟန္မေဆာင္ႏိုင္ေတာ့ဘူး…..အရင္က လင္ေယာက်ာၤးအတြက္ပဲပူရတာ အခုေတာ့ ရင္နဲ႔လြယ္ေမြးခဲ့ရတဲ့သားေတြအေဖအလုပ္သြားခ်ိန္ အေမျဖစ္သူနဲ႔ ရင္အုပ္မကြာ ေစာင့္ေရွာက္ရတဲ့ ကေလးေတြ…..ေဆး႐ုံကားေရာက္လာေတာ့….

ညီအစ္ကို ႏွစ္ေယာက္ အိတ္ကေလးေတြ ဆြဲၿပီးထြက္လာတယ္ ကိုယ့္အိတ္ကိုယ္ဆြဲလို႔ အငယ္ေလးက မႏိုင္ေတာ့ အႀကီးေကာင္ေလးက ကားေပၚမတင္ ေနရာခ် ေဆး႐ုံကားေနာက္ခန္းထဲမွာ ညီအစ္ကိုႏွစ္ေယာက္ထဲ အေမမပါ….

ကားေပၚအေရာက္ ေနရာယူၿပီး…ကားတံခါးမပိတ္ခင္ ညီအစ္ကို ႏွစ္ေယာက္လုံးက…..ဦးေလး…သားတို႔အေမကို ေစာင့္ေရွာက္ေပးပါတဲ့…..

ေအးပါ ကေလးတို႔ရယ္ သားတို႔ျပန္က်န္းမာေနေကာင္းလာေအာင္အဘတို႔ဆုေတာင္းေပးပါ့မယ္…..သားတို႔အေမကိုလည္း ဂ႐ုစိုက္ေပးပါမယ္ သားတို႔ရယ္…..

သားတို႔အျမန္ျပန္ေနေကာင္းပါေစ……ဆုေတာင္းေပး႐ုံမွတစ္ပါး အေမလုပ္တဲ့သူက ကေလးေတြစစ္ေဆးခ်က္ Positive အေျဖသိကတည္းက အခန္းခြဲေနရၿပီေလ…..

ေဆး႐ုံကားထြက္ေတာ့ ေနာက္ခန္းအလုံပိတ္ထဲကေန လက္ကေလးေတြျပလို႔…..အေဆာင္ခြဲေနရတဲ့ အေမလုပ္တဲ့သူကလည္း လက္ကေလးျပကေလးေတြကလည္း ျပန္ျပနဲ႔……

တာဝန္က် ဆရာဝန္,နာ့စ္,Volunteerေတြ အားလုံးစိတ္ႏွလုံး မခ်မ္းေျမ့…..မ်က္ရည္ရစ္ဝိုင္းသူက ဝိုင္း…..Covid ေရာဂါကူးစက္ရင္…..

အေဖ,အေမ,ညီအစ္ကို ေမာင္ႏွမ အတူတစ္ကြ မရွိၾကေတာ့ဘူး….ဒီကေလးေတြ ဟိုေရာက္ရင္ အနီးကပ္ျပဳစုမဲ့ မိဘေဆြမ်ိဳး မရွိဘူး က်န္းမာေရးဝန္ထမ္းေတြေတာင္ PPE ဝတ္စုံေတြနဲ႔ မ်က္လုံးကေလးပဲ ျမင္ရတာသူတို႔ ညီအစ္ကိုကလည္း အတူမေနရေတာ့ဘူးေလ….

ခြဲေနၾကရမွာ…..အဲ့သလိုအျဖစ္မ်ိဳး အခ်ိန္မ်ိဳး ခင္ဗ်ားတို႔ အေရာက္ခံၾကမွာလား….က်န္းမာေရးကို အထူးဂ႐ုစိုက္ၾကပါဗ်ာမျဖစ္ရင္ ဘာမွမျဖစ္ဘူး….

ျဖစ္လာရင္….အားလုံးမေပါ့ဆၾကပါနဲ႔……အခုအခ်ိန္က ျပင္းထန္လာတဲ့ အခ်ိန္ျဖစ္ေနပါၿပီ……ဒီလိုအျဖစ္မ်ိဳးေတြ မေတြ႕ႀကဳံရေအာင္ေပါ့ေပါ့ေလးမေတြးၾကပါနဲ႔…….

crd ႀကီးဖကၱီး

0 Shares

Leave a Reply

0 Shares
Share
Tweet