Local News

ဇနီးဖြစ်သူနှင့်စကားများ၍ အဆိပ်သောက်ကာ ဆေးရုံရောက်ခဲ့သည့် အမျိုးသားတွင် ကိုဗစ်ရောဂါပိုးတွေ့ သွားရတဲ့ဖြစ်ရပ်

ဇနီးဖြစ်သူနှင့်စကားများ၍ အဆိပ်သောက်ကာ ဆေးရုံရောက်ခဲ့သည့် အမျိုးသားတွင် ကိုဗစ်ရောဂါပိုးတွေ့

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြိုနယ်(၁၆၈) ရပ်ကွက်အတွင်း ကျူးကျော်နေအိမ်တခုတွင် ဇနီးဖြစ်သူနှင့်စကားများခဲ့၍ အဆိပ်သောက်ခဲ့ပြီး ဆေးရုံရောက်လာသူ အမျိုးသားတဦးကို စစ်ဆေးခဲ့ရာ Civid-19 ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း သိရသည်။

အဆိုပါအမျိုးသားသည် အသက် ၂၃ နှစ်အရွယ် ဖြစ်ပြီးစက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဇနီးဖြစ်သူနှင့် စကားများခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံရှိ ကျန်းမာရေးဝန် ထမ်းများက ၎င်းအား ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၁၇ ရက် ည ထုတ်ပြန်ချက်တွင်လည်း အဆိုပါအမျိုးသားသည် အတည်ပြုလူနာအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယင်းအမျိုးသား ကိုဗစ်-၁၉ ပိုးကူးစက်ခံရမှုဖြစ်စဉ်မှာမှန် ကန်ကြောင်း ၁၆၈ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က အတည်ပြုပြောကြားသည်။

“လူနာကအခုစံပြဆေးရုံမှာပါ။ သူ့မိသားစုဝင်တွေကတော့ လောလောဆယ် ကွာရတင်းဝင်ရမှာပေါ့။ ကျန်တာတော့ကျန်းမာရေးအဖွဲ့တွေဆက်လက်လုပ်ဆောင်ပါလိမ့်မယ် “ဟု ၎င်းကပြောသည်။

ထို့အပြင် ယင်းပိုးတွေ့လူနာနေထိုင်ရာနေရာတွင် ကျူးအိမ်ခြေ ၄၀ ခန့်ရှိပြီး ပိုးတွေ့လူနာ နေထိုင်သည့် ကျူး ကျော်တဲတွင်လည်း အသက် ၂ နှစ်ခွဲနှင့် အသက် ၄ နှစ်အရွယ်ကလေးငယ်နှစ်ဦး အပါ အဝင် မိသားစုဝင် ၈ ဦးနေထိုင်ကြောင်း အုပ် ချုပ်ရေးမှူး ဦးတင့်လွင်က ပြောသည်။

လက်ရှိတွင် ကိုဗစ် ရောဂါပိုးတွေ့ခဲ့သည့် နေအိမ်ရှိမိသား စုဝင်များအား နေအိမ်ပြင်ပသို့ထွက်ခွင့်မပြုရန်ညွှန်ကြားထားပြီး Quarantine စင်တာသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ကျူးတွင်နေထိုင်သူ ဦးစိုးတင့်ကပြောသည်။

ကျော်သူ
News Watch

ဇနီးျဖစ္သူႏွင့္စကားမ်ား၍ အဆိပ္ေသာက္ကာ ေဆး႐ုံေရာက္ခဲ့သည့္ အမ်ိဳးသားတြင္ ကိုဗစ္ေရာဂါပိုးေတြ႕

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ့သစ္ (ဆိပ္ကမ္း)ၿမိဳနယ္(၁၆၈) ရပ္ကြက္အတြင္း က်ဴးေက်ာ္ေနအိမ္တခုတြင္ ဇနီးျဖစ္သူႏွင့္စကားမ်ားခဲ့၍ အဆိပ္ေသာက္ခဲ့ၿပီး ေဆး႐ုံေရာက္လာသူ အမ်ိဳးသားတဦးကို စစ္ေဆးခဲ့ရာ Civid-19 ေရာဂါပိုးေတြ႕ရွိခဲ့ ေၾကာင္း သိရသည္။

အဆုိပါအမ်ိဳးသားသည္ အသက္ ၂၃ ႏွစ္အရြယ္ ျဖစ္ၿပီးစက္တင္ဘာ ၁၇ ရက္ နံနက္ပိုင္းက ဇနီးျဖစ္သူႏွင့့္ စကားမ်ားခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဆး႐ုံရွိ က်န္းမာေရးဝန္ ထမ္းမ်ားက ၎အား ေဆးစစ္ၾကည့္ရာတြင္ ကိုဗစ္ပိုးေတြ႕ရွိခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

က်န္းမာေရးဝန္ႀကီးဌာန၏ စက္တင္ဘာ ၁၇ ရက္ ည ထုတ္ျပန္ခ်က္တြင္လည္း အဆုိပါအမ်ိဳးသားသည္ အတည္ျပဳလူနာအျဖစ္ ပါဝင္ခဲ့ျခင္းျဖစ္ၿပီး ယင္းအမ်ိဳးသား ကိုဗစ္-၁၉ ပိုးကူးစက္ခံရမွုျဖစ္စဥ္မွာမွန္ ကန္ေၾကာင္း ၁၆၈ ရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမွူး ဦးတင့္လြင္က အတည္ျပဳေျပာၾကားသည္။

“လူနာကအခုစံျပေဆး႐ုံမွာပါ။ သူ႔မိသားစုဝင္ေတြကေတာ့ ေလာေလာဆယ္ ကြာရတင္းဝင္ရမွာေပါ့။ က်န္တာေတာ့က်န္းမာေရးအဖြဲ႕ေတြဆက္လက္လုပ္ေဆာင္ပါလိမ့္မယ္ “ဟု ၎ကေျပာသည္။

ထို့အျပင္ ယင္းပိုးေတြ႕လူနာေနထိုင္ရာေနရာတြင္ က်ဴးအိမ္ေျခ ၄၀ ခန္႔ရွိၿပီး ပိုးေတြ႕လူနာ ေနထိုင္သည့္ က်ဴး ေက်ာ္တဲတြင္လည္း အသက္ ၂ ႏွစ္ခြဲႏွင့္ အသက္ ၄ ႏွစ္အရြယ္ကေလးငယ္ႏွစ္ဦး အပါ အဝင္ မိသားစုဝင္ ၈ ဦးေနထိုင္ေၾကာင္း အုပ္ ခ်ဳပ္ေရးမွူး ဦးတင့္လြင္က ေျပာသည္။

လက္ရွိတြင္ ကိုဗစ္ ေရာဂါပိုးေတြ႕ခဲ့သည့္ ေနအိမ္ရွိမိသား စုဝင္မ်ားအား ေနအိမ္ျပင္ပသို့ထြက္ခြင့္မျပဳရန္ညႊန္ၾကားထားၿပီး Quarantine စင္တာသို့ ပို့ေဆာင္ရန္ စီစဥ္ေနေၾကာင္း က်ဴးတြင္ေနထိုင္သူ ဦးစိုးတင့္ကေျပာသည္။

ေက်ာ္သူ
News Watch

0 Shares

Leave a Reply

0 Shares
Share
Tweet