Local News

စံပြဆေးရုံက ထွက်ပြေးလူနာ မိန်းကလေး နဲ့အတူ ရှိနေတဲ့ သူ့ရည်းစားဆိုသူပါ Quarantine ဝင်လိုက်ရတဲ့ ဗီဒီယို

စံပြဆေးရုံက ထွက်ပြေးလူနာ မိန်းကလေး နဲ့အတူ ရှိနေတဲ့ သူ့ရည်းစားဆိုသူပါ Quarantine ဝင်လိုက်ရတဲ့ ဗီဒီယို

ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်စံပြဆေးရုံမှ ထွက်ပြေးသွားသည့် တာမွေမြို့နယ် မေတ္တာညွှန်ရပ်ကွက်နေ ကိုဗစ် Positive လူနာကို ပြန်လည်တွေ့ရှိ ခဲ့ကြောင်း သိရသည်။

အဆိုပါလူနာမှာ မေတ္တာညွှန့်ရပ်ကွက်၊ ဇာတိဂုဏ်လမ်းနေ အမျိုးသမီးဖြစ်ပြီး (စက်တင်ဘာ ၁၈)မွန်းလွဲပိုင်းက စံပြဆေးရုံမှ ကိုဗစ်လူနာများထားရှိသည့် ‌ ဖောင်ကြီး Quarantine ကုသရေးစင်တာသို့ ပို့ဆောင်စဉ် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးခဲ့သည့် ကိုဗစ် Positive လူနာအမျိုးသမီးကို သက်ဆိုင်ရာတာဝန်ရှိသူများက အပူတပြင်းရှာဖွေခဲ့ရာ မနေ့ည ၇နာရီအချိန်တွင် ၉မိုင် အိုးရှင်းရှေ့မှ ပြန်လည်တွေ့ ရှိခဲ့တာပဲဖြစ်ပါတယ်။

ထွက်ပြေးလူနာဟာ သူ့ကောင်လေးလို့ထင်ရသူနဲ့အတူရှိနေခဲ့တာပဲဖြစ်ပါတယ်။ ကောင်လေးလည်း ရောဂါတော့ကူးလောက်ပြီ။ ဘာလို့လဲဆို ကောင်မလေးက maskလည်း မတပ်ထားဘူး။

နှစ်ယောက်သား နီးနီးကပ်ကပ်လည်းရှိနေတာ လို့ ပုလဲမီးသတ်တပ်ဖွဲ့တာဝန်ခံ ကိုထင်လင်းအောင်က ပြောခဲ့ပါတယ်။

မနေ့ကပဲ ထွက်ပြေးလူနာနဲ့အတူ ကောင်လေးကိုလဲ Quarantine ဝင်ခိုင်းလိုက်ပြီပဲဖြစ်ပါတယ်။ စိုးရိမ်နေကြတဲ့ ပြည်သူတွေကလဲ တစ်ယောက်ထဲကိုဗစ်ဖြစ်လို့ ချစ်သူကိုပါအပါခေါ်သွားတယ်လို့ ပြောနေကြပါတယ်။

ပရိတ်သတ်ကြီးလဲ ကိုဗစ်ကာလမှာ ကျန်းမာရေးအထူး ဂရုစိုက်ပါနော်။ Quarantine ဝင်ခဲ့ရတဲ့ ကောင်းလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလဲဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်…









Video ကြည့်ရန်

0 Shares

Leave a Reply

0 Shares
Share
Tweet