Local News

ဒီရေရိုက်ခတ်မှုကြောင့် လူ (၅) ဦး မျောပါသွား မိခင်၊ ၂ နှစ်အရွယ် ကလေး ၁ ဦးနှင့် ၂ လသားအရွယ် ကလေး ၁ ဦး၊ စုစုပေါင်း (၃) ဦး မှာရေထဲမျောပါလျက်ရှိ

ဒီရေရိုက်ခတ်မှုကြောင့် လူ (၅) ဦး မျောပါသွား မိခင်၊ ၂ နှစ်အရွယ် ကလေး ၁ ဦးနှင့် ၂ လသားအရွယ် ကလေး ၁ ဦး၊ စုစုပေါင်း (၃) ဦး မှာရေထဲမျောပါလျက်ရှိ

ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာတွင် ဒီရေရိုက်ခတ်မှုကြောင့် လူ (၅) ဦး မျောပါမှုဖြစ်ပွား

ကျိုက်ထို စက်တင်ဘာ (၂၀)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာတွင်စက်တင်ဘာလ(၂၀)ရက်၊ နံနက် ၀၅:၁၅ ဝန်းကျင်အချိန်က ဒီရေ ရိုက်ခတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါဒီရေ ရိုက်ခတ်မှုကြောင့် နေအိမ် ၁ လုံးနှင့် လူ (၅) ဦး မျောပါသွားခဲ့ပြီး ကလေး (၂) ဦးအား နာရီဝက်ခန့်အကြာတွင် အသက်ရှင်လျက် ရှာဖွေတွေ့ ရှိကာ

၎င်းတို့၏ မိခင်၊ ၂ နှစ်အရွယ် ကလေး ၁ ဦးနှင့် ၂ လသားအရွယ် ကလေး ၁ ဦး၊ စုစုပေါင်း (၃) ဦး မှာရေထဲမျောပါလျက်ရှိကြောင်း သိရသည်။

၎င်းတို့ (၃) ဦးအား စစ်တောင်းလူမှုကယ်ဆယ်ရေးအသင်းမှ စက်လှေ ၂ စီးဖြင့် လိုက်လံ ကယ်ဆယ်ရှာဖွေလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်
Photo credit to > Pyae Sone Aung <



ကျိုက်ထို စက်တင်ဘာ (၂၀)





သတင်းစဉ်

ရွှေကျိုက်ထို

0 Shares

Leave a Reply

0 Shares
Share
Tweet