Local News

မန္တလေးမှပိုးတွေ့သူတစ်ဦးသည် ကားကုမ္မဏီ ဝန်ထမ်းဖြစ်ကာ နေမကောင်းလို့ မန္တလေးဆေးရုံကြီးမှာ သွားပြတာကနေ ပိုးတွေ့သူဖြစ်နေ

မန္တလေးမှပိုးတွေ့သူတစ်ဦးသည် ကားကုမ္မဏီ ဝန်ထမ်းဖြစ်ကာ နေမကောင်းလို့ မန္တလေးဆေးရုံကြီးမှာ သွားပြတာကနေ ပိုးတွေ့သူဖြစ်နေ

မဟာအောင်မြေနှင့် ပြည်ကြီးတံခွန် မြို့နယ်တွင် ပိုးတွေ့လူနာ နှစ်ဦးစီတိုးပြီး မန္တလေးတွင် ည၊မနက် ပိုးတွေ့လူနာ ခုနှစ်ဦး တိုး၊

PHL (မန္တလေး) တွင် ဓာတ်ခွဲစစ်ဆေးမှုမှ ပိုးတွေ့သူ (၁၁)ဦး ရှိပြီး တစ်နိုင်ငံလုံးတွင် (၆၄၀)ကျော်တိုး

သူရိန်မင်း၊ ပါရမီဆန်း၊ စက်တင်ဘာ-၂၀

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နေ အမျိုးသမီးနှစ်ဦးနှင့် ပြည်ကြီးတံခွန်မြို့နယ်နေ အမျိုးသမီး နှစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိပြီး စက်တင်ဘာ(၁၉)ရက်ညပိုင်းနှင့် ယနေ့ စက်တင်ဘာ(၂၀)ရက် နံနက်ပိုင်း ထုတ်ပြန်ချက်များအရ မန္တလေးတွင် ပိုးတွေ့လူနာသစ် ခုနှစ်ဦးတိုးကြောင်း သတင်းရရှိသည်။

ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှု ရှိခဲ့သဖြင့် ကွာရန်တင်းဝင်နေသူများ ဖြစ်သော မဟာအောင်မြေမြို့နယ် မဟာမြိုင် အပိုင်း(၁)နေ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်သီးနှင့် မဟာအောင်မြေမြို့နယ် ဒေဝန်းအရှေ့ရပ်နေ

အသက်(၂၀)ကျော်အရွယ် အမျိုးသမီးတို့တွင် COVID-19 ပိုးတွေ့ခြင်း ဖြစ်သည်ဟု မဟာအောင်မြေမြို့နယ် အုပ်ချုပ်ရေးမှူးက Mandalay In-depth News အား အတည်ပြုသည်။

“တစ်ယောက်က အလှကုန် အဆက်။ ကွာရန်တင်း ဝင်နေတာ Second Test (ဒုတိယအကြိမ်စစ်) မှာ Positive (ပိုးရှိ) တွေ့တာပေါ့။ တစ်ယောက်ကတော့ အရာတော် Case အဆက်။ အဲ့တာလည်း ကွာရန်တင်း ဝင်နေရင်းနဲ့ စစ်တော့ ပိုးတွေ့တာ”ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ထို့အပြင် ပြည်ကြီးတံခွန်မြို့နယ် တမာတန်းရပ်နေ အသက်(၂၀)ကျော်နှင့် (၃၀)အရွယ် အမျိုးသမီး နှစ်သီးတွင်လည်း COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သတင်းရရှိသည်။

“တစ်ယောက်က ဇီးပင်ကြီးမှာ ကွာရန်တင်း ပို့ထားတာ၊ စစ်တော့ ပိုးတွေ့တာ။ နောက်တစ်ယောက်ကတော့ ကားကုမ္မဏီ ဝန်ထမ်း။ သူက နေမကောင်းလို့ မန္တလေးဆေးရုံကြီးမှာ သွားပြတာကနေ ပိုးတွေ့တာပေါ့”ဟု ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူက Mandalay In-depth News အား ပြောသည်။

အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်မှ ပိုးတွေ့လူနာသစ် နှစ်ဦးအနက် ကားကုမ္ပဏီဝန်ထမ်းသည် ယခင်နေ့က ပိုးတွေ့လူနာ အမျိုးသမီးနှင့် ဝန်းတစ်ဝန်းအတွင်း အတူနေသော်လည်း ခင်မင်မှုမရှိ၊ စကားပြောဆို ဆက်ဆံဖူးခြင်း မရှိဘဲ

နေမကောင်းသဖြင့် ဆေးစစ်ရာမှ ပိုးတွေ့ခြင်း ဖြစ်သည်ဟု အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများကို ကွာရန်တင်း စင်တာများသို့ ပို့ဆောင်ပေးထားသည်ဟု ဆိုသည်။

မန္တလေးခရိုင်တွင် စက်တင်ဘာ(၁၉)ရက် ညပိုင်းက ပိုးတွေ့လူနာသစ် သုံးဦး တွေ့ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ(၂၀)ရက် နံနက်ပိုင်း ထုတ်ပြန်ချက်တွင်လည်း ပိုးတွေ့လူနာသစ် လေးဦး တွေ့ရှိသဖြင့် တစ်နေ့တာအတွင်း ပိုးတွေ့လူနာသစ် ခုနှစ်ဦး တိုးခြင်း ဖြစ်သည်။

စက်တင်ဘာ(၁၉)ရက် ညပိုင်းထုတ်ပြန်ချက်အရ ပုသိမ်ကြီးမြို့ မြို့မရပ်ကွက် အောင်သိန္ဓိရပ်တွင် နေထိုင်ပြီး မန္တလေးမြို့ရှိ ဟိုတယ်ကြီးတစ်လုံးတွင် ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသော အသက်(၄၀)ကျော်အရွယ် အမျိုးသားနှင့်

၎င်း၏ ဇနီး အသက်(၃၀)ကျော်အရွယ် အမျိုးသမီးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ယင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များက ပြောသည်။

ထို့အပြင် ချမ်းအေးသာစံမြို့နယ် လမ်း၆၀နှင့် ၂၈လမ်းအနီးတွင် နေထိုင်ပြီး ကားအရောင်းပြခန်းတွင် လုပ်ကိုင်သူ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတွင်လည်း COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ချမ်းအေးသာစံမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သတင်းရရှိသည်။

ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL-Mdy)တွင် စက်တင်ဘာ(၁၉)ရက်အတွင်း COVID-19 ဓါတ်ခွဲနမူနာ စစ်ဆေးမှုအဖြစ် ပထမအသုတ် ဓာတ်ခွဲနမူနာ (၅၂၁)ခုနှင့် ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၉၈)ခု၊ စုစုပေါင်း (၉၁၉)ခု စစ်ဆေးခဲ့ရာ (၁၁)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသည်ဟု ယင်းဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ (၁၁)ဦးတွင် မန္တလေးခရိုင်အတွင်းမှ အထက်ဖော်ပြပါ ခုနှစ်ဦးနှင့် မြင်းခြံမှ ပိုးတွေ့လူနာသစ် နှစ်ဦး၊ စုစုပေါင်း မန္တလေးတိုင်းအတွင်းမှ ကိုးဦးပါဝင်ကြောင်း Mandalay In-depth News က ကနဦး သတင်းရရှိသည်။ ကျန်ပိုးတွေ့လူနာ နှစ်ဦးနှင့်ပတ်သက်၍ အချက်အလက်များ မရရှိသေးပါ။

ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သည် မန္တလေးတိုင်းအတွင်းမှ ဓာတ်ခွဲနမူနာများသာမက စစ်ကိုင်းတိုင်းမှ ဓာတ်ခွဲနမူနာများကိုလည်း စစ်ဆေးလျှက်ရှိသည်။

ယနေ့ စက်တင်ဘာ(၂၀)ရက်အထိ မန္တလေးတိုင်းအတွင်း COVID-19 အတည်ပြုလူနာ (၁၅၀)ဝန်းကျင် ရှိလာပြီး မြင်းခြံမြို့နယ်သည် ပိုးတွေ့လူနာ (၆၀)ဝန်းကျင်ဖြင့် အများဆုံးဖြစ်ကာ အမရပူရသည် ဒုတိယ အများဆုံးအဖြစ် ပိုးတွေ့လူနာ (၂၀)ကျော် ရှိနေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့်မူ စက်တင်ဘာ(၁၉)ရက်အတွင်း ဓာတ်ခွဲနမူနာ (၅,၂၉၈) ခု စစ်ဆေးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၆၄၂) ဦး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထို့အတွက် ယနေ့ စက်တင်ဘာ(၂၀)ရက် နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅,၂၆၃)ဦး ရှိပြီး ၎င်းတို့အနက် ရောဂါသက်သာပျောက်ကင်းသူ (၁၁၈၈)ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သေဆုံးသူ (၈၁)ဦးရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မႏၲေလးမွပိုးေတြ့သူတစ္ဦးသည္ ကားကုမၼဏီ ဝန္ထမ္းျဖစ္ကာ ေနမေကာင္းလို႔ မႏၲေလးေဆး႐ုံႀကီးမွာ သြားျပတာကေန ပိုးေတြ႕သူျဖစ္ေန

မဟာေအာင္ေျမႏွင့္ ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္တြင္ ပိုးေတြ႕လူနာ ႏွစ္ဦးစီတိုးၿပီး မႏၲေလးတြင္ ည၊မနက္ ပိုးေတြ႕လူနာ ခုႏွစ္ဦး တိုး၊

PHL (မႏၲေလး) တြင္ ဓာတ္ခြဲစစ္ေဆးမႈမွ ပိုးေတြ႕သူ (၁၁)ဦး ရွိၿပီး တစ္ႏိုင္ငံလုံးတြင္ (၆၄၀)ေက်ာ္တိုး

သူရိန္မင္း၊ ပါရမီဆန္း၊ စက္တင္ဘာ-၂၀

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ေန အမ်ိဳးသမီးႏွစ္ဦးႏွင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေန အမ်ိဳးသမီး ႏွစ္ဦးတြင္ COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိၿပီး စက္တင္ဘာ(၁၉)ရက္ညပိုင္းႏွင့္ ယေန႔ စက္တင္ဘာ(၂၀)ရက္ နံနက္ပိုင္း ထုတ္ျပန္ခ်က္မ်ားအရ မႏၲေလးတြင္ ပိုးေတြ႕လူနာသစ္ ခုႏွစ္ဦးတိုးေၾကာင္း သတင္းရရွိသည္။

ပိုးေတြ႕လူနာမ်ားႏွင့္ ထိေတြ႕ဆက္စပ္မႈ ရွိခဲ့သျဖင့္ ကြာရန္တင္းဝင္ေနသူမ်ား ျဖစ္ေသာ မဟာေအာင္ေျမၿမိဳ႕နယ္ မဟာၿမိဳင္ အပိုင္း(၁)ေန အသက္(၄၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတစ္သီးႏွင့္ မဟာေအာင္ေျမၿမိဳ႕နယ္ ေဒဝန္းအေရွ႕ရပ္ေန

အသက္(၂၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတို႔တြင္ COVID-19 ပိုးေတြ႕ျခင္း ျဖစ္သည္ဟု မဟာေအာင္ေျမၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက Mandalay In-depth News အား အတည္ျပဳသည္။

“တစ္ေယာက္က အလွကုန္ အဆက္။ ကြာရန္တင္း ဝင္ေနတာ Second Test (ဒုတိယအႀကိမ္စစ္) မွာ Positive (ပိုးရွိ) ေတြ႕တာေပါ့။ တစ္ေယာက္ကေတာ့ အရာေတာ္ Case အဆက္။ အဲ့တာလည္း ကြာရန္တင္း ဝင္ေနရင္းနဲ႔ စစ္ေတာ့ ပိုးေတြ႕တာ”ဟု ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

ထို႔အျပင္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တမာတန္းရပ္ေန အသက္(၂၀)ေက်ာ္ႏွင့္ (၃၀)အ႐ြယ္ အမ်ိဳးသမီး ႏွစ္သီးတြင္လည္း COVID-19 ေရာဂါပိုး ေတြ႕ရွိေၾကာင္း ယင္းၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီမွ သတင္းရရွိသည္။

“တစ္ေယာက္က ဇီးပင္ႀကီးမွာ ကြာရန္တင္း ပို႔ထားတာ၊ စစ္ေတာ့ ပိုးေတြ႕တာ။ ေနာက္တစ္ေယာက္ကေတာ့ ကားကုမၼဏီ ဝန္ထမ္း။ သူက ေနမေကာင္းလို႔ မႏၲေလးေဆး႐ုံႀကီးမွာ သြားျပတာကေန ပိုးေတြ႕တာေပါ့”ဟု ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန တာဝန္ရွိသူက Mandalay In-depth News အား ေျပာသည္။

အဆိုပါ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္မွ ပိုးေတြ႕လူနာသစ္ ႏွစ္ဦးအနက္ ကားကုမၸဏီဝန္ထမ္းသည္ ယခင္ေန႔က ပိုးေတြ႕လူနာ အမ်ိဳးသမီးႏွင့္ ဝန္းတစ္ဝန္းအတြင္း အတူေနေသာ္လည္း ခင္မင္မႈမရွိ၊ စကားေျပာဆို ဆက္ဆံဖူးျခင္း မရွိဘဲ

ေနမေကာင္းသျဖင့္ ေဆးစစ္ရာမွ ပိုးေတြ႕ျခင္း ျဖစ္သည္ဟု အထက္ပါ တာဝန္ရွိသူက ရွင္းျပသည္။
လက္ရွိတြင္ ၎တို႔ႏွင့္ ထိေတြ႕ဆက္စပ္သူမ်ားကို ကြာရန္တင္း စင္တာမ်ားသို႔ ပို႔ေဆာင္ေပးထားသည္ဟု ဆိုသည္။

မႏၲေလးခ႐ိုင္တြင္ စက္တင္ဘာ(၁၉)ရက္ ညပိုင္းက ပိုးေတြ႕လူနာသစ္ သုံးဦး ေတြ႕ရွိခဲ့ၿပီး ယေန႔ စက္တင္ဘာ(၂၀)ရက္ နံနက္ပိုင္း ထုတ္ျပန္ခ်က္တြင္လည္း ပိုးေတြ႕လူနာသစ္ ေလးဦး ေတြ႕ရွိသျဖင့္ တစ္ေန႔တာအတြင္း ပိုးေတြ႕လူနာသစ္ ခုႏွစ္ဦး တိုးျခင္း ျဖစ္သည္။

စက္တင္ဘာ(၁၉)ရက္ ညပိုင္းထုတ္ျပန္ခ်က္အရ ပုသိမ္ႀကီးၿမိဳ႕ ၿမိဳ႕မရပ္ကြက္ ေအာင္သိႏၶိရပ္တြင္ ေနထိုင္ၿပီး မႏၲေလးၿမိဳ႕ရွိ ဟိုတယ္ႀကီးတစ္လုံးတြင္ ဝန္ထမ္းအျဖစ္ လုပ္ကိုင္ေနေသာ အသက္(၄၀)ေက်ာ္အ႐ြယ္ အမ်ိဳးသားႏွင့္

၎၏ ဇနီး အသက္(၃၀)ေက်ာ္အ႐ြယ္ အမ်ိဳးသမီးတို႔တြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္း ယင္းၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီဝင္မ်ားက ေျပာသည္။

ထို႔အျပင္ ခ်မ္းေအးသာစံၿမိဳ႕နယ္ လမ္း၆၀ႏွင့္ ၂၈လမ္းအနီးတြင္ ေနထိုင္ၿပီး ကားအေရာင္းျပခန္းတြင္ လုပ္ကိုင္သူ အသက္(၂၅)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္လည္း COVID-19 ေရာဂါပိုး စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ခ်မ္းေအးသာစံၿမိဳ႕နယ္ COVID-19 ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုန႔္ျပန္ေရး ေကာ္မတီမွ သတင္းရရွိသည္။

ျပည္သူ႔က်န္းမာေရး ဓါတ္ခြဲမႈဆိုင္ရာဌာန(မႏၲေလး) (PHL-Mdy)တြင္ စက္တင္ဘာ(၁၉)ရက္အတြင္း COVID-19 ဓါတ္ခြဲနမူနာ စစ္ေဆးမႈအျဖစ္ ပထမအသုတ္ ဓာတ္ခြဲနမူနာ (၅၂၁)ခုႏွင့္ ဒုတိယအသုတ္ ဓာတ္ခြဲနမူနာ (၃၉၈)ခု၊ စုစုေပါင္း (၉၁၉)ခု စစ္ေဆးခဲ့ရာ (၁၁)ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိသည္ဟု ယင္းဌာနက သတင္းထုတ္ျပန္သည္။

အဆိုပါ (၁၁)ဦးတြင္ မႏၲေလးခ႐ိုင္အတြင္းမွ အထက္ေဖာ္ျပပါ ခုႏွစ္ဦးႏွင့္ ျမင္းၿခံမွ ပိုးေတြ႕လူနာသစ္ ႏွစ္ဦး၊ စုစုေပါင္း မႏၲေလးတိုင္းအတြင္းမွ ကိုးဦးပါဝင္ေၾကာင္း Mandalay In-depth News က ကနဦး သတင္းရရွိသည္။ က်န္ပိုးေတြ႕လူနာ ႏွစ္ဦးႏွင့္ပတ္သက္၍ အခ်က္အလက္မ်ား မရရွိေသးပါ။

ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး)သည္ မႏၲေလးတိုင္းအတြင္းမွ ဓာတ္ခြဲနမူနာမ်ားသာမက စစ္ကိုင္းတိုင္းမွ ဓာတ္ခြဲနမူနာမ်ားကိုလည္း စစ္ေဆးလွ်က္ရွိသည္။

ယေန႔ စက္တင္ဘာ(၂၀)ရက္အထိ မႏၲေလးတိုင္းအတြင္း COVID-19 အတည္ျပဳလူနာ (၁၅၀)ဝန္းက်င္ ရွိလာၿပီး ျမင္းၿခံၿမိဳ႕နယ္သည္ ပိုးေတြ႕လူနာ (၆၀)ဝန္းက်င္ျဖင့္ အမ်ားဆုံးျဖစ္ကာ အမရပူရသည္ ဒုတိယ အမ်ားဆုံးအျဖစ္ ပိုးေတြ႕လူနာ (၂၀)ေက်ာ္ ရွိေနသည္။

တစ္ႏိုင္ငံလုံး အတိုင္းအတာ အေနျဖင့္မူ စက္တင္ဘာ(၁၉)ရက္အတြင္း ဓာတ္ခြဲနမူနာ (၅,၂၉၈) ခု စစ္ေဆးခဲ့ရာ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳ လူနာသစ္ (၆၄၂) ဦး ေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

ထို႔အတြက္ ယေန႔ စက္တင္ဘာ(၂၀)ရက္ နံနက္ပိုင္းအထိ ျမန္မာႏိုင္ငံတြင္း COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၅,၂၆၃)ဦး ရွိၿပီး ၎တို႔အနက္ ေရာဂါသက္သာေပ်ာက္ကင္းသူ (၁၁၈၈)ဦးကို ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီး ျဖစ္ကာ ေသဆုံးသူ (၈၁)ဦးရွိေၾကာင္း ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

0 Shares

Leave a Reply

0 Shares
Share
Tweet