Local News

ကိုဗစ်ကာလ ပြည်သူတွေစီက မဲရဖို့တောင်းဆိုရတာ အားနာကြောင်း ပြည်ခိုင်ဖြိုး ဥက္ကဌ ပြော

ကိုဗစ်ကာလ ပြည်သူတွေစီက မဲရဖို့တောင်းဆိုရတာ အားနာကြောင်း ပြည်ခိုင်ဖြိုး ဥက္ကဌ ပြော

ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့ကာလအတွင်း ပြည်သူတွေစီက မဲရဖို့တောင်းဆိုရတာ အားနာတယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။ စက်တင်ဘာလ (၁၈)ရက် ညပိုင်းက ပါတီရဲ့ လူမှုကွန်ရက် စာမျက်နှာ ဖေ့ဘွတ်ကနေတစ်ဆင့် ပြောကြားခဲ့တာပါ။

“ဒီအချိန်မှာ ကိုယ် အာဏာရဖို့ အနိုင်ရဖို့အတွက် လူထုဆီက မဲတောင်းရမှာကျတော့ တော်တော်မှ အားနာစရာ ကိစ္စတစ်ခုပါ။ အခက်အခဲပေါင်းစုံ ကြုံနေရတာတွေကို နှစ်သိမ့်ကူညီဖို့ တာဝန်ယူဖြေရှင်းဖို့ထက် ကိုယ့်အတွက်ပဲ လာတောင်းနေတဲ့သူမျိုး၊ ယဉ်ကျေးတဲ့ စကားလုံးကို ရှာကြံသုံးပြီး

ဥပမာ နှိုင်းရရင်တော့ ခန္ဓာပျက်သုန်း အသက်ဆုံးရှုံးလို့ သူတစ်ပါး ပူဆွေး ဒုက္ခရောက်နေတဲ့ အချိန်မှာ လောင်းကစားဝိုင်းလုပ်ပြီး စီးပွားလာရှာတဲ့ လူစားမျိုးနဲ့ တစ်တန်းတည်းသတ်မှတ်ခံရမှာတော့ အလွန်တရာ စိုးရိမ်ပါတယ်” လို့ ဦးသန်းဌေးက ပြောပါတယ်။

လက်ရှိမှာ နိုင်ငံအရေး၊ပြည်သူ့အရေး မျှော်တွေးပူပန်သူတွေက ကိုဗစ်ကာလ ရွေးကောက်ပွဲ ကျင်းပမယ့် အပေါ်ပြောဆိုနေကြပေမယ့် ရွေးကောက်ပွဲကတော့ ကြိုတင်စီစဉ်ထားတဲ့ အချိန်ဇယားအတိုင်း သွားမယ်လို့ ယူဆထားတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲကျင်းပရာမှာ မပြိုင်ဘဲ နေလို့ မရတာကြောင့် ပြိုင်ပွဲဝင်ဖို့ လိုအပ်တာတွေကို အကောင်းဆုံးပြင်ဆင်ထားတယ်လို့ ဦးသန်းဌေးက ပြောပါတယ်။

လာမယ့် ရွေးကောက်ပွဲက နန်းလုပွဲ ၊ ပလ္လင်လုပွဲမဟုတ်ဘဲ ဘက်ပေါင်းစုံက ပွေလိမ်ရှုပ်ထွေးနေတဲ့ နိုင်ငံတော် အရှုပ်ထုပ်ကြီး အမွေလုတဲ့ ပွဲ ဖြစ်တယ်လို့ ဦးသန်းဌေးကဆိုပါတယ်။

“ပြည်သူလူထုအနေနဲ့ ကိုယ့်တိုင်းပြည် အခြေအနေကို ဘယ်လို သဘောပေါက်ထားကြပါသလဲ။အဘက်ဘက်က ပြည့်စုံပြီး အေးချမ်းသာယာ ပျော်ရွှင်တင့်တယ် နေချင်စဖွယ်ဖြစ်နေပြီလို့ ယုံကြည်ကြရင်တော့ဖြင့် အသင့် နန်းထိုင် မယ့် ပုဂ္ဂိုလ်တွေကို ရွေးချယ်လိုက်ကြပါခင်ဗျာ။

တိုင်းပြည်အနှံ၊နန်းရင်ပြင်အနှံ အမှိုက်ဗလပွနဲ့ တစ်စစီကောက်ရှင်းရတော့မယ့် အခြေအနေလို့ ရှုမြင်ကျရင်လည်းပဲ ရှင်းနိုင် လင်းနိုင် သပ်ရပ်ခန့်ညားအောင် တည်ဆောက် ပြုပြင်နိုင်မယ့်သူကိုသာ တာဝန်ပေးကြရမှာပါခင်ဗျာ”လို့ ဦးသန်းဌေးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေက တစ်ဆင့် မတူကွဲပြားတဲ့ နိုင်ငံရေးပါတီ (၂)ခု ဦးဆောင်တဲ့ အစိုးရကာလ နှစ်ရပ်ကို ဖြတ်သန်းပြီးဖြစ်လို့ အပြောနဲ့ အလုပ် ပြီးမြောက်မှု ၊ တာဝန်ခံခြင်း တာဝန်လွှဲချခြင်း၊ ဝါဒဖြန့် ရေးသားပြောဆိုမှုတွေက ဘယ်လိုဖြစ်တယ်ဆိုတာကို နှိုင်းယှဉ်မှုနဲ့ သိမြင်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်

။ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက လာမယ့်ရွေးကောက်ပွဲမှာ နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ပါတီအနေနဲ့တော့ တစ်နိုင်ငံလုံးမှာ ကိုယ်စားလှယ်လောင်း (၁၁၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

သတင်း- ငြိမ်းချမ်းအောင်

ကိုဗစ္ကာလ ျပည္သူေတြစီက မဲရဖို႔ေတာင္းဆိုရတာ အားနာေၾကာင္း ျပည္ခိုင္ၿဖိဳး ဥကၠဌ ေျပာ

ကိုဗစ္-၁၉ ျဖစ္ပြားေနတဲ့ကာလအတြင္း ျပည္သူေတြစီက မဲရဖို႔ေတာင္းဆိုရတာ အားနာတယ္လို႔ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးက ေျပာပါတယ္။ စက္တင္ဘာလ (၁၈)ရက္ ညပိုင္းက ပါတီရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာ ေဖ့ဘြတ္ကေနတစ္ဆင့္ ေျပာၾကားခဲ့တာပါ။

“ဒီအခ်ိန္မွာ ကိုယ္ အာဏာရဖို႔ အႏိုင္ရဖို႔အတြက္ လူထုဆီက မဲေတာင္းရမွာက်ေတာ့ ေတာ္ေတာ္မွ အားနာစရာ ကိစၥတစ္ခုပါ။ အခက္အခဲေပါင္းစုံ ႀကဳံေနရတာေတြကို ႏွစ္သိမ့္ကူညီဖို႔ တာဝန္ယူေျဖရွင္းဖို႔ထက္ ကိုယ့္အတြက္ပဲ လာေတာင္းေနတဲ့သူမ်ိဳး၊ ယဥ္ေက်းတဲ့ စကားလုံးကို ရွာႀကံသုံးၿပီး

ဥပမာ ႏႈိင္းရရင္ေတာ့ ခႏၶာပ်က္သုန္း အသက္ဆုံးရႈံးလို႔ သူတစ္ပါး ပူေဆြး ဒုကၡေရာက္ေနတဲ့ အခ်ိန္မွာ ေလာင္းကစားဝိုင္းလုပ္ၿပီး စီးပြားလာရွာတဲ့ လူစားမ်ိဳးနဲ႔ တစ္တန္းတည္းသတ္မွတ္ခံရမွာေတာ့ အလြန္တရာ စိုးရိမ္ပါတယ္” လို႔ ဦးသန္းေဌးက ေျပာပါတယ္။

လက္ရွိမွာ ႏိုင္ငံအေရး၊ျပည္သူ႔အေရး ေမွ်ာ္ေတြးပူပန္သူေတြက ကိုဗစ္ကာလ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ အေပၚေျပာဆိုေနၾကေပမယ့္ ေ႐ြးေကာက္ပြဲကေတာ့ ႀကိဳတင္စီစဥ္ထားတဲ့ အခ်ိန္ဇယားအတိုင္း သြားမယ္လို႔ ယူဆထားတယ္လို႔လည္း ဆိုပါတယ္။

ဒါေၾကာင့္ ႏိုင္ငံေရးပါတီတစ္ခုအေနနဲ႔ ေ႐ြးေကာက္ပြဲက်င္းပရာမွာ မၿပိဳင္ဘဲ ေနလို႔ မရတာေၾကာင့္ ၿပိဳင္ပြဲဝင္ဖို႔ လိုအပ္တာေတြကို အေကာင္းဆုံးျပင္ဆင္ထားတယ္လို႔ ဦးသန္းေဌးက ေျပာပါတယ္။

လာမယ့္ ေ႐ြးေကာက္ပြဲက နန္းလုပြဲ ၊ ပလႅင္လုပြဲမဟုတ္ဘဲ ဘက္ေပါင္းစုံက ေပြလိမ္ရႈပ္ေထြးေနတဲ့ ႏိုင္ငံေတာ္ အရႈပ္ထုပ္ႀကီး အေမြလုတဲ့ ပြဲ ျဖစ္တယ္လို႔ ဦးသန္းေဌးကဆိုပါတယ္။

“ျပည္သူလူထုအေနနဲ႔ ကိုယ့္တိုင္းျပည္ အေျခအေနကို ဘယ္လို သေဘာေပါက္ထားၾကပါသလဲ။အဘက္ဘက္က ျပည့္စုံၿပီး ေအးခ်မ္းသာယာ ေပ်ာ္႐ႊင္တင့္တယ္ ေနခ်င္စဖြယ္ျဖစ္ေနၿပီလို႔ ယုံၾကည္ၾကရင္ေတာ့ျဖင့္ အသင့္ နန္းထိုင္ မယ့္ ပုဂၢိဳလ္ေတြကို ေ႐ြးခ်ယ္လိုက္ၾကပါခင္ဗ်ာ။

တိုင္းျပည္အႏွံ၊နန္းရင္ျပင္အႏွံ အမႈိက္ဗလပြနဲ႔ တစ္စစီေကာက္ရွင္းရေတာ့မယ့္ အေျခအေနလို႔ ရႈျမင္က်ရင္လည္းပဲ ရွင္းႏိုင္ လင္းႏိုင္ သပ္ရပ္ခန႔္ညားေအာင္ တည္ေဆာက္ ျပဳျပင္ႏိုင္မယ့္သူကိုသာ တာဝန္ေပးၾကရမွာပါခင္ဗ်ာ”လို႔ ဦးသန္းေဌးက ေျပာပါတယ္။

ျပည္သူေတြအေနနဲ႔ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲေတြက တစ္ဆင့္ မတူကြဲျပားတဲ့ ႏိုင္ငံေရးပါတီ (၂)ခု ဦးေဆာင္တဲ့ အစိုးရကာလ ႏွစ္ရပ္ကို ျဖတ္သန္းၿပီးျဖစ္လို႔ အေျပာနဲ႔ အလုပ္ ၿပီးေျမာက္မႈ ၊ တာဝန္ခံျခင္း တာဝန္လႊဲခ်ျခင္း၊ ဝါဒျဖန႔္ ေရးသားေျပာဆိုမႈေတြက ဘယ္လိုျဖစ္တယ္ဆိုတာကို ႏႈိင္းယွဥ္မႈနဲ႔ သိျမင္ထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္

။ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးသန္းေဌးက လာမယ့္ေ႐ြးေကာက္ပြဲမွာ ေနျပည္ေတာ္ ေဇယ်ာသီရိ မဲဆႏၵနယ္က ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ပါတီအေနနဲ႔ေတာ့ တစ္ႏိုင္ငံလုံးမွာ ကိုယ္စားလွယ္ေလာင္း (၁၁၀၀)ေက်ာ္ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

သတင္း- ၿငိမ္းခ်မ္းေအာင္

0 Shares

Leave a Reply

0 Shares
Share
Tweet