Local News

နေပြည်တော်မှာ သေဆုံးသွားတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးတွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိ

နေပြည်တော်မှာ သေဆုံးသွားတဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးတွင် ကိုဗစ်ရောဂါ ပိုးတွေ့ရှိ

စက်တင်ဘာ ၂၀

နေပြည်တော်ရှိ စက်မှုလယ်ယာဦးစီးဌာနက‌နေမကြာသေးခင်မှပင်စင်ယူခဲ့တဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးဟာစက်တင်ဘာလ ၁၉ရက်နေ့ နေ့လည်ပိုင်းက ၎င်းနေအိမ်တွင်းမှာမေ့မျောသွားတဲ့အတွက်

ကုတင်တစ်ထောင်ဆေးရုံကြီးကိုပို့ဆောင်ခဲ့ရာမှာ သေဆုံးလျှက်ရောက်ရှိလာတယ်လို့ ကုတင်တစ်ထောင်ဆေးရုံမှ ကျွမ်းကျင်သူ ဒေါက်တာပပ က ပြောပါတယ်။

ဆေးရုံမှာအဆိုပါလူနာဟာ ကိုဗစ်ကြောင့် သေဆုံးတာဟုတ်မဟုတ် စစ်ဆေးရာ COVID-19 ရောဂါပိုးကူးစက်ခံထားရတာကိုတွေ့ရှိရကြောင်း ဒေါက်တာပပ က ဆိုပါတယ်။

လောလောဆယ် ၎င်းနေထိုင်ခဲ့တဲ့ဝန်ထမ်းအိမ်ရာမှာနေထိုင်နေတဲ့ အရာထမ်း(၁၅)ဦးကိုStay at home နေထိုင်ရန်ညွှန်ကြားထားကြောင်းလည်းသိရပါတယ် ။

သတင်း ပိုးဥ ၊(နေပြည်တော်ရုံးခွဲ)


စက်တင်ဘာ ၂၀






0 Shares

Leave a Reply

0 Shares
Share
Tweet