Local News

ငွေကျပ် သိန်း(၃၀)ကို WaveMoney နှင့် လွှဲခိုင်းကာ ငွေမပေးပဲ တစ်ဖက်ငွေလက်ခံသူက ချက်ချင်း သိန်း(၂၀)ကျပ် ထုတ်ယူသွားသော ဖြစ်စဉ် video ရုပ်သံ

ငွေကျပ် သိန်း(၃၀)ကို WaveMoney နှင့် လွှဲခိုင်းကာ ငွေမပေးပဲ တစ်ဖက်ငွေလက်ခံသူက ချက်ချင်း သိန်း(၂၀)ကျပ် ထုတ်ယူသွားသော ဖြစ်စဉ် video ရုပ်သံ

( ငွေသိန်းသုံးဆယ် နဲ့ ထောင်နဲ့လဲ သွားတာငွေ လွှဲ ဆိုင်ကလည်းလာလွှဲခိုင်း သူ ငွေ မမြင်ပဲစိုက်လွှဲပေး…..)

ပိုက်စံမပါဘဲ Wave Money ဆိုင်ကို ငွေသိန်း(၃၀)ကျပ် လိမ်၍ လွှဲခိုင်းမှူဖြစ်ပွား

ငွေကျပ် သိန်း(၃၀)ကို WaveMoney နှင့် လွှဲခိုင်းကာ ငွေမပေးပဲ တစ်ဖက်ငွေလက်ခံသူက ချက်ချင်း သိန်း(၂၀)ကျပ် ထုတ်ယူသွားသော ဖြစ်စဉ်

အမှုဖြစ်စဉ်မှာ ၁၉.၉.၂၀၂၀ ရက် မွန်းလွဲ ၁၂နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ဖြူးမြို့၊ဈေးရပ်ကွက်၊(၇)လမ်းနေဦးရဲအောင်(၄၀)နှစ်၊ အရောင်းအဝယ်လုပ်သူက ၎င်းသည် ၎င်းပိုင်ဆိုင်သော Dr.Mobile အမည်ရှိ ဖုန်းဆိုင် တွင်ရှိနေစဉ်

ကျည်းမနိုးကျေးရွာအုပ်စု၊ ထန်းလက်ကုန်းကျေးရွာနေ မခင်မိုးဝေ၊(၃၀)နှစ်ခန့်၊ ကျဘမ်းလုပ်သူမှ Wave Money ဖြင့်၎င်းကိုင်ဆောင်လာသော(၀၉၇၇၄၈၅၅၉၉၅)ဖုန်းနံပါတ် အားပေးပြီး

ငွေလွှဲလိုကြောင်း၊ ငွေသိန်း(၃၀)ကျပ်အား (၀၉၆၆၂၆၁၀၉၄၀) ဖုန်းနံပါတ်သို့ ငွေလွှဲပေးရန် ပြောသောကြောင့်

ငွေ(၁၀)သိန်ကျပ်(၂)ကြိမ်၊ စုစုပေါင်းသိန်း(၂၀)ကျပ်အား ငွေလွှဲပြီးချိန်၌ လွှဲသည့်ငွေ သိန်း(၃၀)ကျပ်အား တောင်းရာ မခင်မိုးဝေမှ ငွေ(၆)ထောင်ကျပ်သာပါကြောင်း ပြောပြီး

လွှဲထားသော ငွေသိန်း(၂၀)ကျပ်အား ပြန်ထုတ်လိုက်ရန်ပြောသည့်အခါ ငွေသိန်း(၂၀)ကျပ်မှာ ချက်ချင်းထုတ်ယူသွားပြီဖြစ်ကြောင်း ဖုန်း Message မှ သိရှိခဲ့ရသဖြင့်

ငွေများ လွှဲပေးပြီးနောက် ပေးအပ်ရမည့်ငွေသိန်း(၂၀)ကျပ်အား ပေးဆောင်ခြင်းမရှိဘဲ ဆက်သွယ်ရေးကွန်ရက်အား အသုံးပြု၍လိမ်လည်သူ မခင်မိုးဝေအား အရေးယူပေးပါရန်တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ

၁၉.၉.၂၀၂၀ ရက် ည၈နာရီအချိန်ဖြူးမြို့မရဲစခန်း(ပ)၃၆၉/၂၀၂၀၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဂ)ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိခဲ့ပြီး အမှုအားဒုရဲအုပ် ကေသွယ်သိန်း မှ စစ်ဆေးဆောင်ရွက်နေကြောင်းသိရှိရသည်။

ဇော်မင်းနိုင်(ဖြူးမြို့)SH
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်

မောင် ကျော် ဇော

video ရုပ္သံ…













မောင် ကျော် ဇော

0 Shares

Leave a Reply

0 Shares
Share
Tweet