Local News

ကိုဗစ်ကပ်အမြန်ပျောက်ကင်းရေးအတွက် ပရိတ်နှင့်ပဌာန်းတရားများကို ဆရာတော်ကြီးများတစ်ညလုံးရွတ်ဆိုပူဇော်မည်

ကိုဗစ်ကပ်အမြန်ပျောက်ကင်းရေးအတွက် ပရိတ်နှင့်ပဌာန်းတရားများကို ဆရာတော်ကြီးများတစ်ညလုံးရွတ်ဆိုပူဇော်မည်

ကိုဗစ် ရောဂါ အန္တရာယ် အမြန်ပျောက်ကင်း စေဖို့ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး ကျင်းပတဲ့ ပရိတ်တရားတော် နဲ့ ပဋ္ဌာန်းဒေသနာ တော်ကြီးတွေ ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနား ကို စက်တင်ဘာ (၁၉)ရက် ညနေပိုင်းက စတင်ပြီး တိုင်းအစိုးရ အဖွဲ့ရုံး ဘုရားဆောင်မှာကျင်းပနေပါတယ်။

ပရိတ်တရားတော်၊ ပဋ္ဌာန်းဒေသနာ တော်တွေကို ဩဝါဒါစရိယ ဆရာတော်ကြီးတွေက ကိုဗစ်ရောဂါအန္တရာယ်ကင်း ဝေးစေဖို့အတွက် ညည့်သုံးယံကာလပတ်လုံး ရွတ်ဖက်ပူဇော်သွားမှာဖြစ်တယ်လို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ကုန်တိုင်း သာသနာရေးမှူး ဦးစိန်မော်ကပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ကိုဗစ် ရောဂါအန္တရာယ် ကင်းဝေးစေဖို့အတွက် အခုထုတ်လွှင့်နေတဲ့ ပရိတ်တရားတော်နဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးတွေ ရွတ်ဖက် ပူဇော်မှုကို နာယူပေးဖို့ အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းအစိုးရအဖွဲ့က တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

ကိုဗစ် ရောဂါ အန္တရာယ် အမြန်ပျောက်ကင်းစေဖို့ရည်ရွယ်ပြီးပြုလုပ်တဲ့ ပရိတ်တရား တော်နဲ့ ပဋ္ဌာန်းဒေသနာ တော်ကြီးတွေ ရွတ်ဖတ်ပူဇော်တဲ့ ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ တိုင်းအစိုးရအဖွဲ့ကတာဝန်ရှိသူတွေတက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မြို့အတွင်းမှာ အန္တရာယ်ကင်း ပရိတ်တရားတော် တွေကို တိုင်းသံဃနာယက အဖွဲ့ကဦးဆောင်ပြီး ရွတ်ဖတ် ပူဇော်ခဲ့ကြ ပါတယ်။

ကိုဗစ်ရောဂါအန္တရာယ် အမြန်ပျောက်ကင်းစေဖို့ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပတဲ့ ပရိတ်တရားတော်နဲ့ ပဋ္ဌာန်းဒေသနာတော်ကြီးတွေ ရွတ်ဖတ်ပူဇော်တဲ့ အခမ်းအနားကို စကိုင်းနက်ဗုဒ္ဓချန်နယက် ကနေလည်း ညည့်သုံးယံပတ်လုံး တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။

ကိုဗစ္ကပ္အျမန္ေပ်ာက္ကင္းေရးအတြက္ ပရိတ္ႏွင့္ပဌာန္းတရားမ်ားကို ဆရာေတာ္ႀကီးမ်ားတစ္ညလုံးရြတ္ဆိုပူေဇာ္မည္

ကိုဗစ္ ေရာဂါ အႏၲရာယ္ အျမန္ေပ်ာက္ကင္း ေစဖို႔ရည္ရြယ္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က ႀကီးမွူး က်င္းပတဲ့ ပရိတ္တရားေတာ္ နဲ႔ ပ႒ာန္းေဒသနာ ေတာ္ႀကီးေတြ ရြတ္ဖတ္ပူေဇာ္တဲ့ အခမ္းအနား ကို စက္တင္ဘာ (၁၉)ရက္ ညေနပိုင္းက စတင္ၿပီး တိုင္းအစိုးရ အဖြဲ႕႐ုံး ဘုရားေဆာင္မွာက်င္းပေနပါတယ္။

ပရိတ္တရားေတာ္၊ ပ႒ာန္းေဒသနာ ေတာ္ေတြကို ဩဝါဒါစရိယ ဆရာေတာ္ႀကီးေတြက ကိုဗစ္ေရာဂါအႏၲရာယ္ကင္း ေဝးေစဖို ႔အတြက္ ညည့္သုံးယံကာလပတ္လုံး ရြတ္ဖက္ပူေဇာ္သြားမွာျဖစ္တယ္လို႔ သာသနာေရးႏွင့္ယဥ္ေက်းမွုဝန္ႀကီးဌာန ရန္ကုန္တိုင္း သာသနာေရးမွူး ဦးစိန္ေမာ္ကေျပာပါတယ္။

ျပည္သူေတြအေနနဲ႔လည္း ကိုဗစ္ ေရာဂါအႏၲရာယ္ ကင္းေဝးေစဖို႔အတြက္ အခုထုတ္လႊင့္ေနတဲ့ ပရိတ္တရားေတာ္နဲ႔ ပ႒ာန္းေဒသနာေတာ္ႀကီးေတြ ရြတ္ဖက္ ပူေဇာ္မွုကို နာယူေပးဖို႔ အဲဒီအခမ္းအနားကို တက္ေရာက္လာတဲ့ တိုင္းအစိုးရအဖြဲ႕က တာဝန္ရွိသူတစ္ဦးက တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

ကိုဗစ္ ေရာဂါ အႏၲရာယ္ အျမန္ေပ်ာက္ကင္းေစဖို ႔ရည္ရြယ္ၿပီးျပဳလုပ္တဲ့ ပရိတ္တရား ေတာ္နဲ႔ ပ႒ာန္းေဒသနာ ေတာ္ႀကီးေတြ ရြတ္ဖတ္ပူေဇာ္တဲ့ ဖြင့္ပြဲအခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္း၊ လူဝင္မွုႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္နဲ႔ တိုင္းအစိုးရအဖြဲ႕ကတာဝန္ရွိသူေတြတက္ေရာက္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ရန္ကုန္ၿမိဳ႕အတြင္းမွာ အႏၲရာယ္ကင္း ပရိတ္တရားေတာ္ ေတြကို တိုင္းသံဃနာယက အဖြဲ႕ကဦးေဆာင္ၿပီး ရြတ္ဖတ္ ပူေဇာ္ခဲ့ၾက ပါတယ္။

ကိုဗစ္ေရာဂါအႏၲရာယ္ အျမန္ေပ်ာက္ကင္းေစဖို႔ရည္ရြယ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ႀကီးမွူး က်င္းပတဲ့ ပရိတ္တရားေတာ္နဲ႔ ပ႒ာန္းေဒသနာေတာ္ႀကီးေတြ ရြတ္ဖတ္ပူေဇာ္တဲ့ အခမ္းအနားကို စကိုင္းနက္ဗုဒၶခ်န္နယက္ ကေနလည္း ညည့္သုံးယံပတ္လုံး တိုက္ရိုက္ ထုတ္လႊင့္ေပးေနပါတယ္။

0 Shares

Leave a Reply

0 Shares
Share
Tweet