Local News

“Covi-19 ရောဂါဖြင့်ကွယ်လွန်ခဲ့သည့် ဗဟိုစည်ဆေးရုံမှ သူနာပြုအကူ မခင်မျိုးသူအား ဗဟိုစည်ဆေးရုံက ငွေတသိန်းသာပေးတယ်ဟုဖခင်ဖြစ်သူပြောပြီ”

“Covi-19 ရောဂါဖြင့်ကွယ်လွန်ခဲ့သည့် ဗဟိုစည်ဆေးရုံမှ သူနာပြုအကူ မခင်မျိုးသူအား ဗဟိုစည်ဆေးရုံက ငွေတသိန်းသာပေးတယ်ဟုဖခင်ဖြစ်သူပြောပြီ”

(Covi-19 ရောဂါဖြင့်ကွယ်လွန်ခဲ့သည့် ဗဟိုစည်ဆေးရုံမှ သူနာပြုအကူ မခင်မျိုးသူ၏ ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းနှင့် အင်တာဗျူး)

ဗဟိုစည်ဆေးရုံတွင် သူနာပြုအကူအဖြစ် တာဝန်ထမ်းဆောင်နေသည့် မခင်မျိုးသူ(အသက်၂၃နှစ်)သည် Covid19 ရောဂါဖြင့် စက်တင်ဘာ ၁၈ ရက် နံနက်ပိုင်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်ခဲ့သည်။

မခင်မျိုးသူသည် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ မင်ဂရုကျေးရွာအုပ်စု ကျောင်းရွာကျေးရွာတွင် နေထိုင်သည့် ဦးအောင်ဇော်လင်းနှင့်ဒေါ် ခင်ဌေးရီတို့၏ သမီးဖြစ်သည်။

သမီးဖြစ်သူ Covid19 ရောဂါဖြင့် ကွယ်လွန်ခဲ့သည့်အပေါ် ဖခင်ဖြစ်သူ ဦးအောင်ဇော်လင်းနှင့်ဆက်သွယ်မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်

မေး။ ဦးလေးရဲ့သမီး ရောဂါစဖြစ်တဲ့အချိန်ကနေ ကွယ်လွန်ချိန်အထိ ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်ကို ပြောပြပေးပါလား။
ဖြေ။ သူနဲ့အတူနေတဲ့ သူ့သူငယ်ချင်း မခင်သိုက်က ဦးဆီကို ဖုန်းဆက်တယ်။ဒီလ ၁ဝရက်နေ့လောက်က ထင်တယ်။

ဦးရေ ခင်မျိုးသူကတော့ ဒီမှာ အခြေအနေမကောင်းဘူး။ ရင်တွေတုန်တယ် ခေါင်းတွေမူးတယ် ဖြစ်နေတယ်တဲ့။ အဲဒီအချိန် သူတို့ဆေးရုံက Lockdown အချခံထားရတယ်။ သားသမီးဇောဆိုတော့ သမီးကို အပြင်မှာ ဆေးကုဖို့ ကျွန်တော် ရွာက ပရဟိတကားနဲ့ ရန်ကုန်တိုင်းက ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်ဘုတ်နားအထိ ကျွန်တော်လာတယ်။

အဲဒီအချိန်မှာ သမီးကို ရန်ကုန်မှာရှိတဲ့ ကျွန်တော့် ယောက်ဖကို တက္ကစီနဲ့ ခေါ်ခိုင်းလိုက်တယ်။ ပြီးတော့ တောင်ဥက္ကလာက ဆေးရုံတရုံမှာ သွားပြတော့ ဆေးရုံက ကိုယ်တွေပူနေလို့ လက်မခံဘူးလို့ပြောတယ်။

အဲဒါနဲ့ သင်္ကန်းကျွန်းစံပြဆေးရုံကို သွားပြကြတယ်။ တောင်ဥက္ကလာက ဆေးရုံကို သူနဲ့အတူနေတဲ့သူငယ်ချင်းတွေပါ လိုက်ပို့ကြတာ။ ပြီးတော့ အဲဒီမှာပဲကျန်ခဲ့ပြီး စံပြဆေးရုံကိုတော့ မလိုက်ကြတော့ဘူး။

ကျွန်တော်လည်း စံပြဆေးရုံကို လိုက်သွားတယ်။ သမီးကိုတွေ့တော့ ဝှီးချဲပေါ်မှာ သူ့ကိုယ်သူတောင် မသယ်နိုင်တော့ဘူး။ ခေါင်းလဲမထူနိုင်တော့ဘူး။ အဲဒီက အာထရာဆောင်းတွေ ဘာတွေရိုက်တယ်။

တကယ်လို့ မသက်သာရင် နောက်နေ့လာပြပါဆိုပြီး ပြောလိုက်တယ်။ အဲဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့သမီးနဲ့ ဒေါပုံက ကျွန်တော့်အစ်ကိုအိမ်မှာ ညအိပ်ဖို့သွားကြတယ်။ သူတို့က ငါးလွှာမှာနေတာ။

ကျွန်တော့်သမီးကို ငါးလွှာအထိ ကုန်းပိုးပြီးတော့ ကျွန်တော်ချီသွားတာ။ တိုက်ခန်းပေါ်ရောက်တော့ သမီးက သေးပေါက်လို့ ပေါက်မှန်းလည်း မသိတော့ဘူး။ ကျွန်တော်တို့လည်း တညလုံးပြုစုပေါ့လေ။ နောက်နေ့မနက်ကျတော့ ရန်ကုန်ပြည်သူ့ဆေးရုံကို သွားပြတယ်။

ဆေးရုံက နှာခေါင်းတို့ပတ်တို့ အာခေါင်တို့ပတ်တို့ ယူလိုက်တယ်။ပြီးတော့ သမီးက ဆီးချိုသွေးချိုတွေ တအားတက်နေတယ်တဲ့။ သူ့အမေမှာ ဆီးချိုရှိလားလို့မေးတယ်။ သူ့အမေမှာလည်း မရှိဘူး။ ကျွန်တော့်မှာလည်း မရှိဘူးလို့ ဖြေလိုက်တယ်။

ည ၉နာရီခွဲ ၁ဝနာရီလောက်ကျတော့ ဆေးရုံပြောင်းရမယ်ဆိုပြီးတော့ ဆေးရုံဝင်းထဲက တခြားနေရာကို ရွေ့လိုက်တယ်။ အဲဒီအချိန်မှာ သမီးက သတိမရတော့ဘူး။ နောက်နေ့ မနက်ကျတော့ ဆုံးသွားတာပေါ့လေ။
မေး။ ဆုံးပြီးသွားမှ Covid -19 လို့ သိရတာလား။ ဆေးရုံက ဦးလေးကို ဘယ်လိုလာပြောတာလဲ။

ဖြေ။ ဆုံးပြီးသွားမှ Covid-19 Positive လို့ ဆေးရုံကပြောတာ။ အဲဒီက တာဝန်ကျတဲ့ ဝန်ထမ်းတယောက်က ညီလေးရေ မင်းရဲ့သမီးကိုတော့ နိုင်ငံတော်က ကုန်ကျစရိတ်ခံပြီး အကုန်လုပ်ပေးပါ့မယ်လို့ လာပြောတယ်။ ကျွန်တော့်သမီးကို မီးသင်္ဂြိုလ်လိုက်လား။ မြေမြှုပ်လိုက်လား ကျွန်တော်မသိပါဘူး။

မေး။ ငွေကြေးကူညီထောက်ပံ့တာမျိုးရောရှိလား။

ဖြေ။ သမီးမဆုံးခင် တရက်မှာ ဗဟိုစည် ဆေးရုံက အန်တီစိုးဆိုတဲ့ အမျိုးသမီးတယောက် ဖုန်းဆက်တယ်။ ငွေတသိန်းလွှဲပေးပါ့မယ်ဆိုပြီး လွှဲပေးတယ်။ ကျေးဇူးတင်ပါတယ်လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ခဏနေတော့ ဆေးရုံကြီးက ဆရာမတယောက်က ဦးအောင်ဇော်လင်းကို ငွေတသိန်းလွှဲပေးလိုက်တယ်လို့ လာပြောတယ်။

သူတို့အချင်းချင်းလည်း သိတယ်နဲ့တူပါတယ်။ ကျွန်တော်လည်း တယောက်တည်းဖြစ်နေတော့ အဲဒီဆရာမကို ဆရာမပဲ ယူထားလိုက်ပါ။ ဆေးဖိုးလိုရင် အဲဒီထဲကပဲသုံးပါဆိုပြီး ပေးထားလိုက်တယ်။ ပြီးတော့ ဘောက်ချာလာပေးပါတယ်။ ရှစ်ထောင်ပဲ ပိုပါတော့တယ်။ ကျွန်တော့်မှာ အခု အဲဒီရှစ်ထောင်ရှိပါတယ်။ ဒါ ဆေးရုံက ကူညီတာပါ။ သမီးဆုံးပြီးတဲ့အချိန်ကနေ အခုထိတော့ ဆက်သွယ်တာ မရှိသေးပါဘူး။

မေး။ အခုဦးလေးရဲ့ ကျန်းမာရေးအခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ကျွန်တော့်ကျန်းမာရေးကတော့ ကောင်းပါတယ်။ အ ရန်ကုန်မှာ Quarantine ဝင်နေတာ ၃ ရက်ရှိပါပြီ။
မေး။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါ။

ဖြေ။ ကျွန်တော်တို့ကတော့ ဘာမှ မလိုချင်ပါဘူး။ သူရဲ့ကံကြမ္မာကိုယ်က ဒီရောဂါနဲ့သေရမယ်ဆိုတာ ပါလာပြီးမို့ ဒီလိုဖြစ်သွားတယ်လို့ပဲ သဘောထားပါတယ်။ နောင်တတော့ ရတာပေါ့ကွာ။ ငါ့သမီးလေး မသေခင်တုန်းက ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သူ့သူငယ်ချင်းတွေ သုံးလေးယောက်လောက် ရှိသေးတယ်ကွ။သူတို့အတွက် ငါစိတ်ပူတယ်ကွာ။

နန္ဒမျိုးဆောင်
News Watch

“Covi-19 ေရာဂါျဖင့္ကြယ္လြန္ခဲ့သည့္ ဗဟိုစည္ေဆး႐ုံမွ သူနာျပဳအကူ မခင္မ်ိဳးသူအား ဗဟိုစည္ေဆး႐ုံက ေငြတသိန္းသာေပးတယ္ဟုဖခင္ျဖစ္သူေျပာျပီ”

(Covi-19 ေရာဂါျဖင့္ကြယ္လြန္ခဲ့သည့္ ဗဟိုစည္ေဆး႐ုံမွ သူနာျပဳအကူ မခင္မ်ိဳးသူ၏ ဖခင္ျဖစ္သူ ဦးေအာင္ေဇာ္လင္းႏွင့္ အင္တာဗ်ဴး)

ဗဟိုစည္ေဆး႐ုံတြင္ သူနာျပဳအကူအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ မခင္မ်ိဳးသူ(အသက္၂၃ႏွစ္)သည္ Covid19 ေရာဂါျဖင့္ စက္တင္ဘာ ၁၈ ရက္ နံနက္ပိုင္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၌ ကြယ္လြန္ခဲ့သည္။

မခင္မ်ိဳးသူသည္ ဧရာဝတီတိုင္းေဒသႀကီး ပန္းတေနာ္ၿမိဳ႕နယ္၊ မင္ဂ႐ုေက်း႐ြာအုပ္စု ေက်ာင္း႐ြာေက်း႐ြာတြင္ ေနထိုင္သည့္ ဦးေအာင္ေဇာ္လင္းႏွင့္ေဒၚ ခင္ေဌးရီတို႔၏ သမီးျဖစ္သည္။

သမီးျဖစ္သူ Covid19 ေရာဂါျဖင့္ ကြယ္လြန္ခဲ့သည့္အေပၚ ဖခင္ျဖစ္သူ ဦးေအာင္ေဇာ္လင္းႏွင့္ဆက္သြယ္ေမးျမန္းထားမႈမ်ားကို ေဖာ္ျပလိုက္ပါသည္

ေမး။ ဦးေလးရဲ႕သမီး ေရာဂါစျဖစ္တဲ့အခ်ိန္ကေန ကြယ္လြန္ခ်ိန္အထိ ႀကဳံေတြ႕ခဲ့ရတဲ့ျဖစ္စဥ္ကို ေျပာျပေပးပါလား။
ေျဖ။ သူနဲ႔အတူေနတဲ့ သူ႔သူငယ္ခ်င္း မခင္သိုက္က ဦးဆီကို ဖုန္းဆက္တယ္။ဒီလ ၁ဝရက္ေန႔ေလာက္က ထင္တယ္။

ဦးေရ ခင္မ်ိဳးသူကေတာ့ ဒီမွာ အေျခအေနမေကာင္းဘူး။ ရင္​ေတြတုန္တယ္ ေခါင္းေတြမူးတယ္ ျဖစ္ေနတယ္တဲ့။ အဲဒီအခ်ိန္ သူတို႔ေဆး႐ုံက Lockdown အခ်ခံထားရတယ္။ သားသမီးေဇာဆိုေတာ့ သမီးကို အျပင္မွာ ေဆးကုဖို႔ ကြၽန္ေတာ္ ႐ြာက ပရဟိတကားနဲ႔ ရန္ကုန္တိုင္းက ႀကိဳဆိုပါ၏ဆိုတဲ့ ဆိုင္ဘုတ္နားအထိ ကြၽန္ေတာ္လာတယ္။

အဲဒီအခ်ိန္မွာ သမီးကို ရန္ကုန္မွာရွိတဲ့ ကြၽန္ေတာ့္ ေယာက္ဖကို တကၠစီနဲ႔ ေခၚခိုင္းလိုက္တယ္။ ၿပီးေတာ့ ေတာင္ဥကၠလာက ေဆး႐ုံတ႐ုံမွာ သြားျပေတာ့ ေဆး႐ုံက ကိုယ္ေတြပူေနလို႔ လက္မခံဘူးလို႔​ေျပာတယ္။

အဲဒါနဲ႔ သကၤန္းကြၽန္းစံျပေဆး႐ုံကို သြားျပၾကတယ္။ ေတာင္ဥကၠလာက ေဆး႐ုံကို သူနဲ႔အတူေနတဲ့သူငယ္ခ်င္းေတြပါ လိုက္ပို႔ၾကတာ။ ၿပီးေတာ့ အဲဒီမွာပဲက်န္ခဲ့ၿပီး စံျပေဆး႐ုံကိုေတာ့ မလိုက္ၾကေတာ့ဘူး။

ကြၽန္ေတာ္လည္း စံျပေဆး႐ုံကို လိုက္သြားတယ္။ သမီးကိုေတြ႕ေတာ့ ဝွီးခ်ဲေပၚမွာ သူ႔ကိုယ္သူေတာင္ မသယ္ႏိုင္ေတာ့ဘူး။ ေခါင္းလဲမထူႏိုင္ေတာ့ဘူး။ အဲဒီက အာထရာေဆာင္းေတြ ဘာေတြ႐ိုက္တယ္။

တကယ္လို႔ မသက္သာရင္ ေနာက္ေန႔လာျပပါဆိုၿပီး ေျပာလိုက္တယ္။ အဲဒါနဲ႔ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့သမီးနဲ႔ ေဒါပုံက ကြၽန္ေတာ့္အစ္ကိုအိမ္မွာ ညအိပ္ဖို႔သြားၾကတယ္။ သူတို႔က ငါးလႊာမွာေနတာ။

ကြၽန္ေတာ့္သမီးကို ငါးလႊာအထိ ကုန္းပိုးၿပီးေတာ့ ကြၽန္ေတာ္ခ်ီသြားတာ။ တိုက္ခန္းေပၚေရာက္ေတာ့ သမီးက ေသးေပါက္လို႔ ေပါက္မွန္းလည္း မသိေတာ့ဘူး။ ကြၽန္ေတာ္တို႔လည္း တညလုံးျပဳစုေပါ့ေလ။ ေနာက္ေန႔မနက္က်ေတာ့ ရန္ကုန္ျပည္သူ႔ေဆး႐ုံကို သြားျပတယ္။

ေဆး႐ုံက ႏွာေခါင္းတို႔ပတ္တို႔ အာေခါင္တို႔ပတ္တို႔ ယူလိုက္တယ္။ၿပီးေတာ့ သမီးက ဆီးခ်ိဳေသြးခ်ိဳေတြ တအားတက္ေနတယ္တဲ့။ သူ႔အေမမွာ ဆီးခ်ိဳရွိလားလို႔ေမးတယ္။ သူ႔အေမမွာလည္း မရွိဘူး။ ကြၽန္ေတာ့္မွာလည္း မရွိဘူးလို႔ ေျဖလိုက္တယ္။

ည ၉နာရီခြဲ ၁ဝနာရီေလာက္က်ေတာ့ ေဆး႐ုံေျပာင္းရမယ္ဆိုၿပီးေတာ့ ေဆး႐ုံဝင္းထဲက တျခားေနရာကို ေ႐ြ႕လိုက္တယ္။ အဲဒီအခ်ိန္မွာ သမီးက သတိမရေတာ့ဘူး။ ေနာက္ေန႔ မနက္က်ေတာ့ ဆုံးသြားတာေပါ့ေလ။
ေမး။ ဆုံးၿပီးသြားမွ Covid -19 လို႔ သိရတာလား။ ေဆး႐ုံက ဦးေလးကို ဘယ္လိုလာေျပာတာလဲ။

ေျဖ။ ဆုံးၿပီးသြားမွ Covid-19 Positive လို႔ ေဆး႐ုံကေျပာတာ။ အဲဒီက တာဝန္က်တဲ့ ဝန္ထမ္းတေယာက္က ညီေလးေရ မင္းရဲ႕သမီးကိုေတာ့ ႏိုင္ငံေတာ္က ကုန္က်စရိတ္ခံၿပီး အကုန္လုပ္ေပးပါ့မယ္လို႔ လာေျပာတယ္။ ကြၽန္ေတာ့္သမီးကို မီးသၿဂႋဳလ္လိုက္လား။ ေျမျမႇဳပ္လိုက္လား ကြၽန္ေတာ္မသိပါဘူး။

ေမး။ ေငြေၾကးကူညီေထာက္ပံ့တာမ်ိဳးေရာရွိလား။

ေျဖ။ သမီးမဆုံးခင္ တရက္မွာ ဗဟိုစည္ ေဆး႐ုံက အန္တီစိုးဆိုတဲ့ အမ်ိဳးသမီးတေယာက္ ဖုန္းဆက္တယ္။ ေငြတသိန္းလႊဲေပးပါ့မယ္ဆိုၿပီး လႊဲေပးတယ္။ ေက်းဇူးတင္ပါတယ္လို႔ ကြၽန္ေတာ္ျပန္ေျပာလိုက္ပါတယ္။ခဏေနေတာ့ ေဆး႐ုံႀကီးက ဆရာမတေယာက္က ဦးေအာင္ေဇာ္လင္းကို ေငြတသိန္းလႊဲေပးလိုက္တယ္လို႔ လာေျပာတယ္။

သူတို႔အခ်င္းခ်င္းလည္း သိတယ္နဲ႔တူပါတယ္။ ကြၽန္ေတာ္လည္း တ​ေယာက္တည္းျဖစ္ေနေတာ့ အဲဒီဆရာမကို ဆရာမပဲ ယူထားလိုက္ပါ။ ေဆးဖိုးလိုရင္ အဲဒီထဲကပဲသုံးပါဆိုၿပီး ေပးထားလိုက္တယ္။ ၿပီးေတာ့ ေဘာက္ခ်ာလာေပးပါတယ္။ ရွစ္ေထာင္ပဲ ပိုပါေတာ့တယ္။ ကြၽန္ေတာ့္မွာ အခု အဲဒီရွစ္ေထာင္ရွိပါတယ္။ ဒါ ေဆး႐ုံက ကူညီတာပါ။ သမီးဆုံးၿပီးတဲ့အခ်ိန္ကေန အခုထိေတာ့ ဆက္သြယ္တာ မရွိေသးပါဘူး။

ေမး။ အခုဦးေလးရဲ႕ က်န္းမာေရးအေျခအေနေရာ ဘယ္လိိုရွိပါလဲ။

ေျဖ။ ကြၽန္ေတာ့္က်န္းမာေရးကေတာ့ ေကာင္းပါတယ္။ အ ရန္ကုန္မွာ Quarantine ဝင္ေနတာ ၃ ရက္ရွိပါၿပီ။
ေမး။ ျဖည့္စြက္ေျပာခ်င္တာရွိရင္ ေျပာျပေပးပါ။

ေျဖ။ ကြၽန္ေတာ္တို႔ကေတာ့ ဘာမွ မလိုခ်င္ပါဘူး။ သူရဲ႕ကံၾကမၼာကိုယ္က ဒီေရာဂါနဲ႔ေသရမယ္ဆိုတာ ပါလာၿပီးမို႔ ဒီလိုျဖစ္သြားတယ္လို႔ပဲ သေဘာထားပါတယ္။ ေနာင္တေတာ့ ရတာေပါ့ကြာ။ ငါ့သမီးေလး မေသခင္တုန္းက ျပဳစုေစာင့္ေရွာက္ေပးခဲ့တဲ့ သူ႔သူငယ္ခ်င္းေတြ သုံးေလးေယာက္ေလာက္ ရွိေသးတယ္ကြ။သူတို႔အတြက္ ငါစိတ္ပူတယ္ကြာ။

နႏၵမ်ိဳးေဆာင္
News Watch

0 Shares

Leave a Reply

0 Shares
Share
Tweet