Local News

ရောဂါလက္ခဏာပြင်းထန်သူတွေများနေပြီး ပြည်သူတွေ လုံးဝ(လုံးဝ)မပေါ့ပါနဲ့လို့ ဒေါက်တာဇော်ဝေစိုး သတိပေးပြီ

ရောဂါလက္ခဏာပြင်းထန်သူတွေများနေပြီး ပြည်သူတွေ လုံးဝ(လုံးဝ)မပေါ့ပါနဲ့လို့ ဒေါက်တာဇော်ဝေစိုး သတိပေးပြီ

အောက်တိုဘာ ၁၇

ရောဂါလက္ခာပြင်းထန်သူတွေများနေပြီး ပြည်သူများ လုံးဝ လုံးဝ မပေါ့ပါနဲ့ ကိုဗစ်ကို အသာစီးရရှိပြီး ကျဆင်းလာကြောင်း ပြောဖို့ စောနေသေးတယ်လို့ ရန်ကုန်ကိုဗစ်ကော်မတီဒုတိယဥက္ကဌ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောကြားလိုက်ပါတယ်။

ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “ပြည်သူတွေ လုံးဝ လုံးဝ မပေါ့ပါနဲ့ ကိုဗစ်ကို အသာစီးရရှိပြီး ကျဆင်းလာတယ်လို့ ပြောဖို့ ခက်ပါသေးတယ်။ စောပါသေးတယ်။

ဒါကြောင့် ပြည်သူလူထုအနေနဲ့ Social distancing နဲ့ Mask တပ်ခြင်း ၊ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းကမ်းလိုက်နာခြင်းဟာ သိပ်ကို အရေးကြီးပါတယ်။

နေတာထိုင်တာ အစားစားတာ အိမ်မှာ မိသားစုနဲ့ နေတာထိုင်တာ ကအစအရေးကြီးပါတယ်။ လုံးဝ လုံးဝ ပေါ့လို့မရပါဘူး။ကျွန်တော့်တို့အနေအထား ဒီအချိန်မှာ ပိုမို အာရုံစိုက်ဖို့လိုပါတယ်။ ပိုမိုတင်းကျပ်ပြီး လိုက်နာဖို့လိုပါတယ်။

လိုအပ်ချက်အရ အပြောင်းအလဲ နဲ့ ကုန်စည်စီးဆင်းမှုအရ အရောင်းအဝယ်တို့အ တွက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့အချိန်မှာ တစ်ဘက်ကလည်း ပိုမိုပြီး စည်းကမ်းတင်းကျပ် လိုက်နာမှုတွေ လိုအပ်ပါတယ်။ ပြည်သူလူထု တစ်ဦးချင်းတစ်ယောက်ချင်းစီအနေနဲ့ ပိုမိုအာရုံစိုက်ပြီး တော့

မကူးစက်အောင် နေထိုင်သွားလာဖို့ ဒီနေရာကနေ အထူး အလေးအနက်ထားပြီးတော့ သတိပေး လိုပါတယ်” လို့ ‌အောက်တိုဘာ ၁၆ ရက်နေ့အတွက်ရန်ကုန်ကိုဗစ်အခြေအနေကြောင်း ပြောကြားသည့် အစီအစဉ်တွင် ထည့်သွင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

ယင်းအပြင် ဒေါက်တာဇော်ဝေစိုးက “ရောဂါ လက္ခဏာပြရင် မြို့နယ်ဆေးရုံတွေနဲ့ဆေးရုံကြီးတွေမှာ သွား ရောက် ပြသလို့ရတယ်။ အဲဒီဆေးရုံတွေမှာ Facility အပြည့်အစုံရှိပါတယ်။ သွားရောက် ပြသရင် စစ်ဆေးမှုတွေ ကုသမှုတွေ လုပ်ပေးနိုင်အောင် ပြင်ဆင်ထားတယ်။

အဲဒီကနေ မှ စင်တာတွေကု ပို့ဆောင်ကုသတာ ဖြစ်ပါတယ်။ စင်တာတွေကို တိုက်ရိုက်သွားရောက် ပြသလို့မရပါဘူး ။ ရောဂါလက္ခဏာပြင်းထန်သူအရေအတွက်က များပြားလျက်ရှိပါတယ်။

ရောဂါလက္ခဏာရှိသူတွေဟာ ဆေးရုံကို ရောက်တာ နောက်ကျတာ တွေ့ရှိရတယ်”လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။

MyanmaPlatform

ေရာဂါလကၡဏာျပင္းထန္သူေတြမ်ားေနၿပီး ျပည္သူေတြ လုံးဝ(လုံးဝ)မေပါ့ပါနဲ႔လို႔ ေဒါက္တာေဇာ္ေဝစိုး သတိေပးျပီ

ေအာက္တိုဘာ ၁၇

ေရာဂါလကၡာျပင္းထန္သူေတြမ်ားေနၿပီး ျပည္သူမ်ား လုံးဝ လုံးဝ မေပါ့ပါနဲ႔ ကိုဗစ္ကို အသာစီးရရွိၿပီး က်ဆင္းလာေၾကာင္း ေျပာဖို႔ ေစာေနေသးတယ္လို႔ ရန္ကုန္ကိုဗစ္ေကာ္မတီဒုတိယဥကၠဌ ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက ေျပာၾကားလိုက္ပါတယ္။

ပါေမာကၡခ်ဳပ္ ေဒါက္တာေဇာ္ေဝစိုးက “ျပည္သူေတြ လုံးဝ လုံးဝ မေပါ့ပါနဲ႔ ကိုဗစ္ကို အသာစီးရရွိၿပီး က်ဆင္းလာတယ္လို႔ ေျပာဖို႔ ခက္ပါေသးတယ္။ ေစာပါေသးတယ္။

ဒါေၾကာင့္ ျပည္သူလူထုအေနနဲ႔ Social distancing နဲ႔ Mask တပ္ျခင္း ၊ ကိုဗစ္နဲ႔ပတ္သက္တဲ့ စည္းကမ္းလိုက္နာျခင္းဟာ သိပ္ကို အေရးႀကီးပါတယ္။

ေနတာထိုင္တာ အစားစားတာ အိမ္မွာ မိသားစုနဲ႔ ေနတာထိုင္တာ ကအစအေရးႀကီးပါတယ္။ လုံးဝ လုံးဝ ေပါ့လို႔မရပါဘူး။ကြၽန္ေတာ့္တို႔အေနအထား ဒီအခ်ိန္မွာ ပိုမို အာ႐ုံစိုက္ဖို႔လိုပါတယ္။ ပိုမိုတင္းက်ပ္ၿပီး လိုက္နာဖို႔လိုပါတယ္။

လိုအပ္ခ်က္အရ အေျပာင္းအလဲ နဲ႔ ကုန္စည္စီးဆင္းမႈအရ အေရာင္းအဝယ္တို႔အ တြက္ ျပဳျပင္ေျပာင္းလဲမႈေတြ ေဆာင္႐ြက္ေနတဲ့အခ်ိန္မွာ တစ္ဘက္ကလည္း ပိုမိုၿပီး စည္းကမ္းတင္းက်ပ္ လိုက္နာမႈေတြ လိုအပ္ပါတယ္။ ျပည္သူလူထု တစ္ဦးခ်င္းတစ္ေယာက္ခ်င္းစီအေနနဲ႔ ပိုမိုအာ႐ုံစိုက္ၿပီး ေတာ့

မကူးစက္ေအာင္ ေနထိုင္သြားလာဖို႔ ဒီေနရာကေန အထူး အေလးအနက္ထားၿပီးေတာ့ သတိေပး လိုပါတယ္” လို႔ ‌ေအာက္တိုဘာ ၁၆ ရက္ေန႔အတြက္ရန္ကုန္ကိုဗစ္အေျခအေနေၾကာင္း ေျပာၾကားသည့္ အစီအစဥ္တြင္ ထည့္သြင္း ေျပာၾကားခဲ့ တာျဖစ္ပါတယ္။

ယင္းအျပင္ ေဒါက္တာေဇာ္ေဝစိုးက “ေရာဂါ လကၡဏာျပရင္ ၿမိဳ႕နယ္ေဆး႐ုံေတြနဲ႔ေဆး႐ုံႀကီးေတြမွာ သြား ေရာက္ ျပသလို႔ရတယ္။ အဲဒီေဆး႐ုံေတြမွာ Facility အျပည့္အစုံရွိပါတယ္။ သြားေရာက္ ျပသရင္ စစ္ေဆးမႈေတြ ကုသမႈေတြ လုပ္ေပးႏိုင္ေအာင္ ျပင္ဆင္ထားတယ္။

အဲဒီကေန မွ စင္တာေတြကု ပို႔ေဆာင္ကုသတာ ျဖစ္ပါတယ္။ စင္တာေတြကို တိုက္႐ိုက္သြားေရာက္ ျပသလို႔မရပါဘူး ။ ေရာဂါလကၡဏာျပင္းထန္သူအေရအတြက္က မ်ားျပားလ်က္ရွိပါတယ္။

ေရာဂါလကၡဏာရွိသူေတြဟာ ေဆး႐ုံကို ေရာက္တာ ေနာက္က်တာ ေတြ႕ရွိရတယ္”လို႔လည္းထည့္သြင္းေျပာၾကားခဲ့ပါတယ္။

MyanmaPlatform

0 Shares

Leave a Reply

0 Shares
Share
Tweet