Local News

ဦးကျော်မြင့်ရဲ့ နှင်းဆီပါတီ (UDP) ကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေငြာလိုက်ပြီ

ဦးကျော်မြင့်ရဲ့ နှင်းဆီပါတီ (UDP) ကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်ကြေငြာလိုက်ပြီ

ဥက္ကဌဦးကျော်မြင့်မှာ ထောင်ပြေးဖြစ်ခြင်း၊ တရားမဝင်ငွေကြေးများသုံးစွဲခြင်းတို့ကြောင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအရေအတွက်အားဖြင့် ဒုတိယမြောက် အကြီးမားဆုံးပါတီအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ ခေါ် နှင်းဆီပါတီသည်

ဥပဒေပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသဖြင့် တရားဝင်နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ညတွင် ထုတ်ပြန်ကြေငြာလိုက်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၄)နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၊ နည်းဥပဒေခွဲ (ခ)၊ (ဂ)၊ (စ) တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသည့်အတွက်

၁၇-၁၀-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅၀/၂၀၂၀)၏ ဆုံးဖြတ်ချက်အရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း

ဥပဒေ ပုဒ်မ၁၂၊ ပုဒ်မခွဲ(ခ)နှင့်အညီ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

crd Myanmar Now

ဦးေက်ာ္ျမင့္ရ့ဲ ႏွင္းဆီပါတီ (UDP) ကို ဖ်က္သိမ္းေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ေၾကျငာလိုက္ျပီ

ဥကၠဌဦးေက်ာ္ျမင့္မွာ ေထာင္ေျပးျဖစ္ျခင္း၊ တရားမဝင္ေငြေၾကးမ်ားသုံးစြဲျခင္းတို႔ေၾကာင့္ ႏိုင္ငံေရးပါတီအျဖစ္ ဆက္လက္ရပ္တည္ခြင့္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ႐ုပ္သိမ္းလိုက္ျခင္းျဖစ္သည္

၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ ကိုယ္စားလွယ္ေလာင္းအေရအတြက္အားျဖင့္ ဒုတိယေျမာက္ အႀကီးမားဆုံးပါတီအျဖစ္ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ ေခၚ ႏွင္းဆီပါတီသည္

ဥပေဒျပဌာန္းခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိသျဖင့္ တရားဝင္ႏိုင္ငံေရးပါတီအျဖစ္မွ ပယ္ဖ်က္ေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ယေန႔ညတြင္ ထုတ္ျပန္ေၾကျငာလိုက္သည္။

ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒပုဒ္မ ၁၂၊ ပုဒ္မခြဲ (က)၊ ပုဒ္မခြဲငယ္ (၄)ႏွင့္ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္းနည္းဥပေဒမ်ား၊ နည္းဥပေဒ ၁၅၊ နည္းဥပေဒခြဲ (ခ)၊ (ဂ)၊ (စ) တို႔ပါ ျပ႒ာန္းခ်က္မ်ားႏွင့္ ၿငိစြန္းေၾကာင္း စိစစ္ေတြ႕ရွိရသည့္အတြက္

၁၇-၁၀-၂၀၂၀ ရက္ေန႔တြင္ က်င္းပေသာ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ စုံညီလုပ္ငန္းညႇိႏႈိင္းအစည္းအေဝး အမွတ္စဥ္ (၅၀/၂၀၂၀)၏ ဆုံးျဖတ္ခ်က္အရ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း

ဥပေဒ ပုဒ္မ၁၂၊ ပုဒ္မခြဲ(ခ)ႏွင့္အညီ ညီၫြတ္ေသာဒီမိုကရက္တစ္ပါတီ(UDP)ကို ႏိုင္ငံေရးပါတီအျဖစ္မွ ဖ်က္သိမ္းေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

crd Myanmar Now

0 Shares

Leave a Reply

0 Shares
Share
Tweet