Local News

ကိုဗစ်ကုသရေးတွက် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂) သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းလိုက်ပါပြီ

ကိုဗစ်ကုသရေးတွက် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂) သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းလိုက်ပါပြီ

ဧရာဝတီဖောင်ဒေးရှင်းမှ ဒေါ်လာ(၂)သန်းတန်ဖိုးရှိ ဆေးရုံသုံးပစ္စည်းများ ပြည်ပမှ ဝယ်ယူရန် စာချုပ်ချုပ်ဆို ဧရာဝတီဖောင်ဒေးရှင်းသည် Covid-19 အခက်အခဲကို ကျော်လွှားနိုင်ရန်အတွက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဦးဆောင်မှုဖြင့် ကုတင်(၁၀၀၀) နှင့် Test and Care ဧရာဝတီစင်တာကို ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်း စုစုပေါင်း (၇၀၀)ကျော်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Covid-19 ကာကွယ်ကုသရေးအတွက် လိုအပ်သော ဆေးရုံသုံးကုတင် (၁၂၅၀)၊ ICU/HDU ကုတင် (၂၀၀)၊ ICU/HDU Monitor နှင့် Wireless Control System များ၊ ဆေးရုံအဆောက်အဦအဖြစ်

အသုံးပြုနိုင်မည့် Tent များ၊ Liquid Oxygen Storage Tank (20 Tons) နှင့် ဆက်စပ်ပစ္စည်းများ၊ PPE နှင့် N95 Mask များကို ပြည်ပနိုင်ငံများမှ ဒေါ်လာ(၂)သန်းဖိုး ဝယ်ယူတင်သွင်းသွားမည်ဖြစ်ပါသည်။

ထိုကဲ့သို့ ဝယ်ယူရန် AYA Bank နှင့် မက်စ်မြန်မာအုပ်စုမှ အမေရိကန်ဒေါ်လာ (၂)သန်းကို ဧရာဝတီဖောင်ဒေးရှင်းသို့ ထပ်မံလှူဒါန်းခဲ့ပြီး ဝယ်ယူတင်သွင်းပေးမည့် ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်ပါသည်။

ကြိုတင်ဝယ်ယူထားသော အချို့ပစ္စည်းများမှာ တစ်ပတ်အတွင်း စတင်ရောက်ရှိလာမည် ဖြစ်ပြီး ရက်သတ္တပတ် (၃)ပတ်ကြာတွင် မှာယူထားသော ပစ္စည်းများအားလုံး ရောက်ရှိလာမည် ဖြစ်ပါသည်။

ကိုဗစ္ကုသေရးတြက္ AYA Bank ႏွင့္ မက္စ္ျမန္မာအုပ္စုမွ အေမရိကန္ေဒၚလာ (၂) သန္းကို ဧရာဝတီေဖာင္ေဒးရွင္းသို႔ ထပ္မံလႉဒါန္းလိုက္ပါၿပီ

ဧရာဝတီေဖာင္ေဒးရွင္းမွ ေဒၚလာ(၂)သန္းတန္ဖိုးရွိ ေဆး႐ုံသုံးပစၥည္းမ်ား ျပည္ပမွ ဝယ္ယူရန္ စာခ်ဳပ္ခ်ဳပ္ဆို ဧရာဝတီေဖာင္ေဒးရွင္းသည္ Covid-19 အခက္အခဲကို ေက်ာ္လႊားႏိုင္ရန္အတြက္

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနဦးေဆာင္မႈျဖင့္ ကုတင္(၁၀၀၀) ႏွင့္ Test and Care ဧရာဝတီစင္တာကို ဆရာဝန္၊ သူနာျပဳ၊ ေစတနာ့ဝန္ထမ္း စုစုေပါင္း (၇၀၀)ေက်ာ္ျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။

Covid-19 ကာကြယ္ကုသေရးအတြက္ လိုအပ္ေသာ ေဆး႐ုံသုံးကုတင္ (၁၂၅၀)၊ ICU/HDU ကုတင္ (၂၀၀)၊ ICU/HDU Monitor ႏွင့္ Wireless Control System မ်ား၊ ေဆး႐ုံအေဆာက္အဦအျဖစ္

အသုံးျပဳႏိုင္မည့္ Tent မ်ား၊ Liquid Oxygen Storage Tank (20 Tons) ႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ PPE ႏွင့္ N95 Mask မ်ားကို ျပည္ပႏိုင္ငံမ်ားမွ ေဒၚလာ(၂)သန္းဖိုး ဝယ္ယူတင္သြင္းသြားမည္ျဖစ္ပါသည္။

ထိုကဲ့သို႔ ဝယ္ယူရန္ AYA Bank ႏွင့္ မက္စ္ျမန္မာအုပ္စုမွ အေမရိကန္ေဒၚလာ (၂)သန္းကို ဧရာဝတီေဖာင္ေဒးရွင္းသို႔ ထပ္မံလႉဒါန္းခဲ့ၿပီး ဝယ္ယူတင္သြင္းေပးမည့္ ကုမၸဏီမ်ားႏွင့္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီးျဖစ္ပါသည္။

ႀကိဳတင္ဝယ္ယူထားေသာ အခ်ိဳ႕ပစၥည္းမ်ားမွာ တစ္ပတ္အတြင္း စတင္ေရာက္ရွိလာမည္ ျဖစ္ၿပီး ရက္သတၱပတ္ (၃)ပတ္ၾကာတြင္ မွာယူထားေသာ ပစၥည္းမ်ားအားလုံး ေရာက္ရွိလာမည္ ျဖစ္ပါသည္။

0 Shares

Leave a Reply

0 Shares
Share
Tweet