Local News

နွားကို ကြံ့ခိုင်ရေးတံဆိပ်ပါ အင်္ကျီ ချိတ်ဆွဲပေးခဲ့တဲ့သူကို တရားစွဲ

နွားကို ကြံ့ခိုင်ရေးတံဆိပ်ပါ အင်္ကျီ ချိတ်ဆွဲပေးခဲ့တဲ့သူကို တရားစွဲ

ကြံ့ခိုင်ရေးပါတီတံဆိပ်ပါအင်္ကျ ီချိတ်ဆွဲပေး၍နွားကို မောင်းနှင်သူကို ရပ်ကျေးကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌက တရားစွဲလိုက်သည့်ဖြစ်စဉ် ငါန်းဇွန်မြို့၌ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆပ်ပျာကျင်းကျေးရွာနေ ထွန်းလွင် (၄၅)နှစ်ဆိုသူကို နွားပေါ်၌ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတံဆိပ်ပါ အင်္ကျ ီကိုချိတ်ဆွဲထားစေကာမောင်းနှင်မှုကြောင့်

ပါတီဂုဏ်သိက္ခာနှင့်ပုံရိပ်ကျဆင်းစေသောကြောင့်ဟုဆိုကာ ရပ်ကျေးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးအောင်ကိုက တရားလိုပြုလုပ်ကာ အောက်တိုဘာ ၁၅ ရက်တွင် မြို့မရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်ကြားခံရသူထွန်းလွင်သည် နွား၏ဦးချို၌အဆိုပါကြံ့ခိုင်ရေးတံဆိပ်ပါအင်္ကျ ီကိုချိတ်ဆွဲ၍ ရွာအတွင်းမောင်းနှင်နေသည်ကိုတွေ့ရှိကြောင်း တစ်ရွာတည်းနေ နွယ်နီစိုးဆိုသူ၏ သတင်းပေးချက်အရ ယခုလိုတရားစွဲခြင်းဖြစ်ကြောင်း တိုင်ကြားစာအရ သိရသည်။

သို့ဖြစ်၍ ထွန်းလွင်(၄၅)နှစ်၏လုပ်ရပ်မှာ ပါတီ၏ဂုဏ်သိက္ခာကျဆင်းစေသည့်အတွက်ကြောင့် အရေးယူပေးရန်ရပ်ကျေးကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးအောင်ကို(၄၀)နှစ်၏တိုင်ကြားချက်ကို ငါန်းဇွန်းမြို့မရဲတပ်ဖွဲ့က မြို့နယ်တရားရုံးသို့ဦးတိုက်လျှောက်ပေးခဲ့သဖြင့်

ရာကြီးအမှတ် ၂၅၉/၂၀၂၀၊ ပုဒ်မ- ၅၀၄ ဖြင့် အမှုဖွင့်လှစ်ကာ အောက်တိုဘာ ၂၃ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဌေးမြင့်မောင်
အကုန်သိသတင်းဌာန

ႏြားကို ႀကံ့ခိုင္ေရးတံဆိပ္ပါ အကၤ်ီ ခ်ိတ္ဆြဲေပးခ့ဲတ့ဲသူကို တရားစြဲ

ႀကံ့ခိုင္ေရးပါတီတံဆိပ္ပါအကၤ် ီခ်ိတ္ဆြဲေပး၍ႏြားကို ေမာင္းႏွင္သူကို ရပ္ေက်းႀကံ့ခိုင္ေရးပါတီဥကၠ႒က တရားစြဲလိုက္သည့္ျဖစ္စဥ္ ငါန္းဇြန္ၿမိဳ႕၌ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

မႏၲေလးတိုင္းေဒသႀကီး၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ဆပ္ပ်ာက်င္းေက်း႐ြာေန ထြန္းလြင္ (၄၅)ႏွစ္ဆိုသူကို ႏြားေပၚ၌ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီတံဆိပ္ပါ အကၤ် ီကိုခ်ိတ္ဆြဲထားေစကာေမာင္းႏွင္မႈေၾကာင့္

ပါတီဂုဏ္သိကၡာႏွင့္ပံုရိပ္က်ဆင္းေစေသာေၾကာင့္ဟုဆိုကာ ရပ္ေက်းျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးေအာင္ကိုက တရားလိုျပဳလုပ္ကာ ေအာက္တိုဘာ ၁၅ ရက္တြင္ ၿမိဳ႕မရဲစခန္းသို႔ တိုင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တိုင္ၾကားခံရသူထြန္းလြင္သည္ ႏြား၏ဦးခ်ိဳ၌အဆိုပါႀကံ့ခိုင္ေရးတံဆိပ္ပါအကၤ် ီကိုခ်ိတ္ဆြဲ၍ ရြာအတြင္းေမာင္းႏွင္ေနသည္ကိုေတြ႔ရွိေၾကာင္း တစ္ရြာတည္းေန ႏြယ္နီစိုးဆိုသူ၏ သတင္းေပးခ်က္အရ ယခုလိုတရားစြဲျခင္းျဖစ္ေၾကာင္း တိုင္ၾကားစာအရ သိရသည္။

သို႔ျဖစ္၍ ထြန္းလြင္(၄၅)ႏွစ္၏လုပ္ရပ္မွာ ပါတီ၏ဂုဏ္သိကၡာက်ဆင္းေစသည့္အတြက္ေၾကာင့္ အေရးယူေပးရန္ရပ္ေက်းႀကံ့ခိုင္ေရးပါတီဥကၠ႒ဦးေအာင္ကို(၄၀)ႏွစ္၏တိုင္ၾကားခ်က္ကို ငါန္းဇြန္းၿမိဳ႕မရဲတပ္ဖြဲ႔က ၿမိဳ႕နယ္တရားရံုးသို႔ဦးတိုက္ေလွ်ာက္ေပးခဲ့သျဖင့္

ရာႀကီးအမွတ္ ၂၅၉/၂၀၂၀၊ ပုဒ္မ- ၅၀၄ ျဖင့္ အမႈဖြင့္လွစ္ကာ ေအာက္တိုဘာ ၂၃ ရက္တြင္ ရံုးထုတ္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။

ေဌးျမင့္ေမာင္
အကုန္သိသတင္းဌာန

0 Shares

Leave a Reply

0 Shares
Share
Tweet