Local News

၄ နှစ်အရွယ်သမီးငယ်လေး ၁ ဦး စိတ်မကောင်းစရာ ကိုဗစ်ပိုးကူးစက်ခံလိုက်ရ

ပဲခူးမြို့နယ်မှ ၄ နှစ်အရွယ်သမီးငယ် ၁ ဦးအပါအဝင်ယနေ့ပိုးတွေ့လူနာသစ် ၆ ဦးအား တိုင်းရင်းဆေးရုံကိုဗစ်ကုဆောင်တွင်ဆေးကုသမှုပေးမည်

ပဲခူး အောက်တိုဘာ ၁၈ ။

ယနေ့နံနက်ပိုင်း အသောက FQ စ်တာတွင်အသွားအလာစောင့်ကြည့်ခံနေရသူ ၆ ဦးအား ပိုးတွေ့အတည်ပြုလူနာအသစ်အဖြင့် သတ်မှတ်လိုက်ပြီး တိုင်းရင်ဆေးရုံကိုဗစ်ကုဆောင်တွင်ဆေးကုသမှုပေးသွားမည်ဖြစ်သည်။

အတည်ပြုလူနာသစ်များသည် ပိုးတွေ့လူနာနှင့်ထိတွေ့ခဲ့သည်ဟုဆိုကာ အသောက FQ တွင် အသွားအလာစောင့်ကြည့်ခံထားရသူ ၅ ဦးနှင့် ရန်ကုန်ပြန် ၁ ဦးတို့ဖြစ်ပြီး ယင်းတို့ထဲတွင် ၄ နှစ်အရွယ်သမီးငယ်တစ်ဦးပါဝင်သည်။

ပဲခူးမြို့နယ်သည် ပဲခူးတိုင်းတွင် ပိုးကူးစက်မှုအများဆုံခံထားရသည့်မြို့နယ်တစ်ခုဖြစ်ပြီး ယနေ့နံနက် ထပ်တိုးပိုးတွေ့လူနာသစ် ၆ ဦးအပါအဝင် မတ်လမှယနေ့နံနက်ပိုင်းအောက်တိုဘာ ၁၈ ရက်နံနက်ပိုင်းအထိ အတည်ပြုပိုးတွေ့လူနာစုစုပေါင်း ၁၉၉ ဦးသတ်မှတ်ခံခဲ့ရသည်ဟု ပဲခူးတိုင်းကျန်းမာရေးဦးစီးဌာမှသတင်းထုတ်ပြန်ထားသည်။

ပဲခူးတိုင်းတွင် ပိုးကူးသက်မှုအခြေအနေမှာ စစ်ဆေးသူတွေရဲ့ ၁၀ ရာနှုန်းကျော်မှာ ပိုးတွေ့ရှိနေကြောင်း ယနေ့စစ်ဆေးမှုများအရ သိရှိရပြီး ဒေသခံပြည်သူများအနေနဲ့ သတိကြီးစွာ ထားရမှာဖြစ်ပါတယ်၊

ပဲခူးမြို့နယ်အနေနဲ့တော့ ပိုးတွေ့မှုနှုန်း ၁၂-ရာနှုန်းကျော်ရှိပြီ မှနောက်ရက်တွေလည်း စစ်ဘို့ကျန်ပါသေးတယ် အထူးသတိပြုကြပါဟု ပဲခူးတိုင်းကျန်းမာရေးဦးစီးမှုး ဒေါက်တာရန်နိုင်မောင်ကပြောကြားထားသည်။

Photo သကျနွယ်
Bagoweeklyjournal

အတည်ပြုလူနာအဖြစ်သတ်မှတ်ခံလိုက်ရသည့် ၄ နှစ်အရွယ်သမီးငယ်အား အသောက မှ တိုင်းရင်းဆေးရုံသို့ပို့ဆောင်ရန် သကျနွယ်လူမှုကူညီရေးအသင်းမှ ကိုဆန်နီက အရုပ်ဖြင့်ကလေးအားချော့မော့ကာလူနာတင်ယာဉ်ကားပေါ်သို့ခေါ်တင်နေစဉ်။

ပဲခူးၿမိဳ႕နယ္မွ ၄ ႏွစ္အ႐ြယ္သမီးငယ္ ၁ ဦးအပါအဝင္ယေန႔ပိုးေတြ႕လူနာသစ္ ၆ ဦးအား တိုင္းရင္းေဆး႐ုံကိုဗစ္ကုေဆာင္တြင္ေဆးကုသမႈေပးမည္

ပဲခူး ေအာက္တိုဘာ ၁၈ ။

ယေန႔နံနက္ပိုင္း အေသာက FQ စ္တာတြင္အသြားအလာေစာင့္ၾကည့္ခံေနရသူ ၆ ဦးအား ပိုးေတြ႕အတည္ျပဳလူနာအသစ္အျဖင့္ သတ္မွတ္လိုက္ၿပီး တိုင္းရင္ေဆး႐ုံကိုဗစ္ကုေဆာင္တြင္ေဆးကုသမႈေပးသြားမည္ျဖစ္သည္။

အတည္ျပဳလူနာသစ္မ်ားသည္ ပိုးေတြ႕လူနာႏွင့္ထိေတြ႕ခဲ့သည္ဟုဆိုကာ အေသာက FQ တြင္ အသြားအလာေစာင့္ၾကည့္ခံထားရသူ ၅ ဦးႏွင့္ ရန္ကုန္ျပန္ ၁ ဦးတို႔ျဖစ္ၿပီး ယင္းတို႔ထဲတြင္ ၄ ႏွစ္အ႐ြယ္သမီးငယ္တစ္ဦးပါဝင္သည္။

ပဲခူးၿမိဳ႕နယ္သည္ ပဲခူးတိုင္းတြင္ ပိုးကူးစက္မႈအမ်ားဆုံခံထားရသည့္ၿမိဳ႕နယ္တစ္ခုျဖစ္ၿပီး ယေန႔နံနက္ ထပ္တိုးပိုးေတြ႕လူနာသစ္ ၆ ဦးအပါအဝင္ မတ္လမွယေန႔နံနက္ပိုင္းေအာက္တိုဘာ ၁၈ ရက္နံနက္ပိုင္းအထိ အတည္ျပဳပိုးေတြ႕လူနာစုစုေပါင္း ၁၉၉ ဦးသတ္မွတ္ခံခဲ့ရသည္ဟု ပဲခူးတိုင္းက်န္းမာေရးဦးစီးဌာမွသတင္းထုတ္ျပန္ထားသည္။

ပဲခူးတိုင္းတြင္ ပိုးကူးသက္မႈအေျခအေနမွာ စစ္ေဆးသူေတြရဲ႕ ၁၀ ရာႏႈန္းေက်ာ္မွာ ပိုးေတြ႕ရွိေနေၾကာင္း ယေန႔စစ္ေဆးမႈမ်ားအရ သိရွိရၿပီး ေဒသခံျပည္သူမ်ားအေနနဲ႔ သတိႀကီးစြာ ထားရမွာျဖစ္ပါတယ္၊

ပဲခူးၿမိဳ႕နယ္အေနနဲ႔ေတာ့ ပိုးေတြ႕မႈႏႈန္း ၁၂-ရာႏႈန္းေက်ာ္ရွိၿပီ မွေနာက္ရက္ေတြလည္း စစ္ဘို႔က်န္ပါေသးတယ္ အထူးသတိျပဳၾကပါဟု ပဲခူးတိုင္းက်န္းမာေရးဦးစီးမႈး ေဒါက္တာရန္ႏိုင္ေမာင္ကေျပာၾကားထားသည္။

Photo သက်ႏြယ္
Bagoweeklyjournal

အတည္ျပဳလူနာအျဖစ္သတ္မွတ္ခံလိုက္ရသည့္ ၄ ႏွစ္အ႐ြယ္သမီးငယ္အား အေသာက မွ တိုင္းရင္းေဆး႐ုံသို႔ပို႔ေဆာင္ရန္ သက်ႏြယ္လူမႈကူညီေရးအသင္းမွ ကိုဆန္နီက အ႐ုပ္ျဖင့္ကေလးအားေခ်ာ့ေမာ့ကာလူနာတင္ယာဥ္ကားေပၚသို႔ေခၚတင္ေနစဥ္။

0 Shares

Leave a Reply

0 Shares
Share
Tweet