National News

ဆိုင်ကယ်မောင်းရာမှ အရှိန်လွန်ပြီး လူရော ဆိုင်ကယ်ရော ရေတွင်းထဲကျပြီး လူသေဆုံးသွားတဲ့ဖြစ်ရပ်

ဆိုင်ကယ်မောင်းရာမှ အရှိန်လွန်ပြီး လူရော ဆိုင်ကယ်ရော ရေတွင်းထဲကျပြီး လူသေဆုံးသွားတဲ့ဖြစ်ရပ်

ဆိုင်ကယ်မောင်းစဉ် အရှိန်လွန်ပြီး လူရော ဆိုင်ကယ်ရော ရေတွင်းထဲထိုးကျသွားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက ကယ်ဆယ်ခဲ့ရသည့်ဖြစ်စဉ် ယနေ့မနက်က မင်းလှမြို့တွင်ဖြစ်ပွားခဲ့သည်။

ယနေ့မနက် ၈ နာရီ ဆယ်မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရုံးရပ်ကွက်မြောက်ပိုင်း၊

အမှတ်(၅)ရပ်ကွက်၊ စက်မှုမေတ္တာလမ်းဆုံတွင် လူ(၁)ဦးသည် ဆိုင်ကယ်အရှိန်လွန်၍ ရေတွင်းထဲသို့ ဆိုင်ကယ်နှင့်လူပါ ကျနေကြောင်း သတင်းရရှိသဖြင့်

မင်းလှမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ရေတွင်းထဲကျသူမှာ သေဆုံးသွားခဲ့ပြီး မနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး

အပ္ပမာဒ နာမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မင်းလှမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဆိုင္ကယ္ေမာင္းရာမွ အရွိန္လြန္ၿပီး လူေရာ ဆိုင္ကယ္ေရာ ေရတြင္းထဲက်ၿပီး လူေသဆုံးသြားတ့ဲျဖစ္ရပ္

ဆိုင္ကယ္ေမာင္းစဥ္ အရွိန္လြန္ၿပီး လူေရာ ဆိုင္ကယ္ေရာ ေရတြင္းထဲထိုးက်သြားသျဖင့္ ကယ္ဆယ္ေရးအဖြဲ႕မ်ားက ကယ္ဆယ္ခဲ့ရသည့္ျဖစ္စဥ္ ယေန႔မနက္က မင္းလွၿမိဳ့တြင္ျဖစ္ပြားခဲ့သည္။

ယေန႔မနက္ ၈ နာရီ ဆယ္မိနစ္အခ်ိန္တြင္ မေကြးတိုင္းေဒသႀကီး၊ သရက္ခရိုင္၊ မင္းလွၿမိဳ့နယ္၊ ႐ုံးရပ္ကြက္ေျမာက္ပိုင္း၊

အမွတ္(၅)ရပ္ကြက္၊ စက္မွုေမတၱာလမ္းဆုံတြင္ လူ(၁)ဦးသည္ ဆိုင္ကယ္အရွိန္လြန္၍ ေရတြင္းထဲသို့ ဆိုင္ကယ္ႏွင့္လူပါ က်ေနေၾကာင္း သတင္းရရွိသျဖင့္

မင္းလွၿမိဳ့နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ သြားေရာက္ကယ္ဆယ္ေရးေဆာင္ရြက္ခဲ့ေၾကာင္း ျမန္မာနိုင္ငံမီးသတ္တပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ေရတြင္းထဲက်သူမွာ ေသဆုံးသြားခဲ့ၿပီး မနက္ ၈ နာရီ မိနစ္ ၅၀ ခန႔္တြင္ ျပန္လည္ဆယ္ယူနိုင္ခဲ့ၿပီး

အပၸမာဒ နာမွုကူညီေရးအသင္းမွ သူနာတင္ယာဥ္ျဖင့္ မင္းလွၿမိဳ့နယ္ျပည္သူ႔ေဆး႐ုံႀကီးသို့ ပို့ေဆာင္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

374 Shares

Leave a Reply

374 Shares
Share374
Tweet