National News

အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းပြန်ဖွင့်မည့်ရက်ကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်

အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းပြန်ဖွင့်မည့်ရက်ကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်

အခြေခံ ပညာ အလယ်တန်း နှင့် မူလတန်း အဆင့် ကျောင်းပြန်ဖွင့် မည့်ရက်ကို ပညာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်မရဘဲ ၊ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် ရမှာသာ ထုတ်ပြန် ပေးသွားမည်ဟု သိရ..

ယခုအချိန်သည် ကိုဗစ်ကပ် ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မရဘဲ ၊ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်ရကြောင်း၊ ညွှန်ကြားချက်ရပါကကျောင်း ဖွင့်မည့်ရက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာ တနိုင်ငံလုံးတွင် အထက်တန်း ကျောင်း ၆၀၀၀ကျော်ရှိသည့် အနက် ကိုဗစ်ကာလ သတ်မှတ်ချက် ဖြစ်သည့် အချက် ၈၀ လုံးကို ပြင်ဆင်ထားနိုင်သော အေ အဆင့်ရှိ

ကျောင်းပေါင်း ၃၇၀၀ ကျော်ကို စတင်ဖွင့်လှစ်ပေးထားကြောင်း၊ ကျန်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စစ်ဆေးမှုများ လုပ်ဆောင်နေ‌ကြောင်း သိရသည်။

“ခုအထက်တန်း တွေ ဖွင့်တယ် ပြီးမှ အလယ်တန်းတွေဖွင့်ဖို့ စီစဉ်မယ်၊ပြီးမှ မူလတန်းတွေ ဆက်ဖွင့်ဖို့ တဆင့်ချင်းစီ သွားရမှာဖြစ်တယ်၊အတိကျ မပြောနိုင်သေးဘူး၊ ကိုဗစ် ဗဟိုကော်မတီက ညွှန်ကြားချက် ကိုလိုက်နာရတာပါ ” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။

အထက်တန်းကျောင်း ၇၀၀၀ ကျော်လုံး ပြန်လည် ဖွင့်လှစ်နိုင်ပြီးမှသာ အခြေခံပညာအဆင့် မူလတန်းနှင့် အလယ်တန်းကျောင်းမျကို ပြန်ဖွင့်ရန် စီစဉ်သွားမည်ဖြစ်ဟု အခြေ ခံပညာ ဦးစီးဌာနမှ သိရသည်။

“အခြေ ခံပညာ မူလတန်းတွေ၊ အလယ်တန်းတွေ ပြန်ဖွင့်ရက်ကတော့ အတိအကျမသိရသေးဘူး၊ သေချာတာကတော့ ခုအထက်တန်းကျောင်း၇၀၀၀ ကျော်ကို ဆရာတို့ စစ်နေတယ်၊နောက်ဆုံး အထက်တန်းကျောင်းတွေ အကုန်လုံးဖွင့်သွားပြီဆိုတော့မှ အခြေအနေ တစ်လ စောင့်ကြည့်မယ်၊

ပြီးတော့မှ အလယ်တန်းတွေကို စစ်ဆေးဖို့စီစဉ်ပါဆိုပြီး ရှိပါတယ်” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပင် ပြောသည်။

အထက်တန်း ကျောင်းအားလုံးပြန်လည် ဖွင့်လှစ်နိုင်ပြီးအခြေအနေ အဆင်ပြေမှုရှိမရှိကို တစ် လအနည်းဆုံးစောင့်ကြည့်မည်ဖြစ်ကြောင်း၊ အခြေနေကောင်းမွန်မှသာ အလယ်တန်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။

Crd : TheFifthWave

အေျခခံပညာ အလယ္တန္းႏွင့္ မူလတန္းအဆင့္ ေက်ာင္းျပန္ဖြင့္မည့္ရက္ကို ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္

အေျခခံ ပညာ အလယ္တန္း ႏွင့္ မူလတန္း အဆင့္ ေက်ာင္းျပန္ဖြင့္ မည့္ရက္ကို ပညာေရးဝန္ႀကီး ဌာနမွ ထုတ္ျပန္မရဘဲ ၊ကိုဗစ္ဗဟိုေကာ္မတီ၏ ညႊန္ၾကားခ်က္ ရမွာသာ ထုတ္ျပန္ ေပးသြားမည္ဟု သိရ..

ယခုအခ်ိန္သည္ ကိုဗစ္ကပ္ ေရာဂါျဖစ္ပြားေနသည့္ ကာလျဖစ္သည့္အတြက္ ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္မရဘဲ ၊ကိုဗစ္ဗဟိုေကာ္မတီ၏ ညႊန္ၾကားခ်က္ အတိုင္း လုပ္ေဆာင္ရေၾကာင္း၊ ညႊန္ၾကားခ်က္ရပါကေက်ာင္း ဖြင့္မည့္ရက္ကို ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိ ျမန္မာ တနိုင္ငံလုံးတြင္ အထက္တန္း ေက်ာင္း ၆၀၀၀ေက်ာ္ရွိသည့္ အနက္ ကိုဗစ္ကာလ သတ္မွတ္ခ်က္ ျဖစ္သည့္ အခ်က္ ၈၀ လုံးကို ျပင္ဆင္ထားနိုင္ေသာ ေအ အဆင့္ရွိ

ေက်ာင္းေပါင္း ၃၇၀၀ ေက်ာ္ကို စတင္ဖြင့္လွစ္ေပးထားေၾကာင္း၊ က်န္ေက်ာင္းမ်ားကိုလည္း ဆက္လက္ဖြင့္လွစ္နိုင္ေရး စစ္ေဆးမႈမ်ား လုပ္ေဆာင္ေန‌ေၾကာင္း သိရသည္။

“ခုအထက္တန္း ေတြ ဖြင့္တယ္ ၿပီးမွ အလယ္တန္းေတြဖြင့္ဖို႔ စီစဥ္မယ္၊ၿပီးမွ မူလတန္းေတြ ဆက္ဖြင့္ဖို႔ တဆင့္ခ်င္းစီ သြားရမွာျဖစ္တယ္၊အတိက် မေျပာနိုင္ေသးဘူး၊ ကိုဗစ္ ဗဟိုေကာ္မတီက ညႊန္ၾကားခ်က္ ကိုလိုက္နာရတာပါ ” ဟု အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္း က ေျပာသည္။

အထက္တန္းေက်ာင္း ၇၀၀၀ ေက်ာ္လုံး ျပန္လည္ ဖြင့္လွစ္နိုင္ၿပီးမွသာ အေျခခံပညာအဆင့္ မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ကို ျပန္ဖြင့္ရန္ စီစဥ္သြားမည္ျဖစ္ဟု အေၿခ ခံပညာ ဦးစီးဌာနမွ သိရသည္။

“အေၿခ ခံပညာ မူလတန္းေတြ၊ အလယ္တန္းေတြ ျပန္ဖြင့္ရက္ကေတာ့ အတိအက်မသိရေသးဘူး၊ ေသခ်ာတာကေတာ့ ခုအထက္တန္းေက်ာင္း၇၀၀၀ ေက်ာ္ကို ဆရာတို႔ စစ္ေနတယ္၊ေနာက္ဆုံး အထက္တန္းေက်ာင္းေတြ အကုန္လုံးဖြင့္သြားၿပီဆိုေတာ့မွ အေျခအေန တစ္လ ေစာင့္ၾကည့္မယ္၊

ၿပီးေတာ့မွ အလယ္တန္းေတြကို စစ္ေဆးဖို႔စီစဥ္ပါဆိုၿပီး ရွိပါတယ္” ဟု အေျခခံပညာဦးစီးဌာန ဒုတိယညႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာတင္ေမာင္ဝင္းကပင္ ေျပာသည္။

အထက္တန္း ေက်ာင္းအားလုံးျပန္လည္ ဖြင့္လွစ္နိုင္ၿပီးအေျခအေန အဆင္ေျပမႈရွိမရွိကို တစ္ လအနည္းဆုံးေစာင့္ၾကည့္မည္ျဖစ္ေၾကာင္း၊ အေျခေနေကာင္းမြန္မွသာ အလယ္တန္းကို က်န္းမာေရးစည္းကမ္းခ်က္မ်ားႏွင့္အညီ ဖြင့္လွစ္နိုင္ရန္ ေဆာင္ရြက္မည္ျဖစ္သည္။

Crd : TheFifthWave

618 Shares

Leave a Reply

618 Shares
Share618
Tweet