National News

နေပြည်တော်ကောင်စီနယ်မြေ၌ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး မူယစ်ဆေးဝါးတွေ့ရှိသဖြင့်ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ၌ ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦး မူယစ်ဆေးဝါးတွေ့ရှိမှုဖြင့် အရေးယူမှု ဖြစ်ပွား

ဗိုလ်ကြီးအဆင့်ရှိသူ ၂ ဦးတို့ကို မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခု နေပြည်တော်ကောင်စီနယ်မြေ၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့၊ က.ပ.စ (၄)၌ တာဝန်ထမ်းဆောင်နေသော ဗိုလ်ကြီးဝင်းမင်းထွေးထံသို့ ပြီးခဲ့သည့်ဇူလိုင်(၂၆)ရက်၌ ပေးပို့လာသည့် ပါဆယ်ထုပ်အတွင်းတွင် ဆေးပြား(၂၀)၊

ICE အဖြူရောင်ပုံဆောင်ခဲအလေးချိန်(၂)ဂရမ်ခန့်တို့ကို တွေ့ရှိခဲ့သဖြင့် ဇူလိုင်(၂၈)ရက်၌ တောင်ပို့သာနယ်မြေရဲစခန်းတွင် ဗိုလ်ကြီးဝင်းမင်းထွေးကို မူး/စိတ်ပုဒ်မ – ၁၆(ဂ)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

စစ်ဆေးချက်အရ ဇဗ္ဗူသီရိမြို့နယ်၊ ခရေအိမ်ရာ၊ သီတဂူလမ်းနေ အငြိမ်းစားဗိုလ်ကြီးပြည့်စုံလှိုင်ထံမှ ပေးပို့လာသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသဖြင့်

ဇဗ္ဗူသီရိမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ခွင့်ပြုချက်ဖမ်းဝရမ်းအပြည့်အစုံဖြင့် တပ်ဖွဲ့ဝင်များက ဇူလိုင်(၂၉)ရက်၊ နံနက်ပိုင်းတွင် သွားရောက်ခဲ့ရာတွင် နေအိမ်သော့ခတ်ပိတ်ထားသည်ကို တွေ့ရှိခဲ့ကြသည်။

သို့ရာတွင် စုံစမ်းစစ်ဆေးချက်အရ အမှုမှသံသယဖြစ်သူဗိုလ်ကြီးပြည့်စုံလှိုင်(ငြိမ်း)မှာ ဘောဂသိဒ္ဓိရပ်ကွက်ရှိ သတင်းအချက်အလက်နည်းပညာနှင့်

ဆိုက်ဘာလုံခြုံရေးဦးစီးဌာနတွင် ဦးစီးအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေသည်ကို သိရှိရသောကြောင့် သက်ဆိုင်ရာများ၏ခွင့်ပြုချက်ကို ဦးစွာရယူကာ ဗိုလ်ကြီး(ငြိမ်း)ပြည့်စုံလှိုင်ကို ဖမ်းဆီး၍ ၎င်း၏နေအိမ်သို့ရှာဖွေစစ်ဆေးခဲ့ကြသည်။

၎င်းနေအိမ်၌ မူးယစ်ဆေးဝါးပစ္စည်းများတွေ့ရှိရခြင်းမရှိသော်လည်း ဆေးဝါများသုံးစွဲရာတွင်အသုံးပြုရသည့် ဆက်စပ်ပစ္စည်းများတွေ့ရှိရသဖြင့် သက်သေပစ္စည်းအဖြစ်သိမ်းဆည်းကာ ဖြစ်စဉ်ကို ဆက်လက်စစ်ဆေးမေးမြန်းခဲ့ကြောင်း နယ်မြေပိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပထမဖမ်းဆီးရမိထားသူဗိုလ်ကြီးဝင်းမင်းထွေးမှာ ၎င်း၏သူငယ်ချင်းဖြစ်ပြီး ပျဉ်းမနားမြို့၌ဝင်းမင်းထွေးနှင့်ရင်းနှီးသော ရန်ကုန်မြို့နေ မဒေဗွီ(Davy) ဆိုသူထံသို့ မူးယစ်ဆေးဝါပါသည့် ပါဆယ်ထုပ်ကိုဆက်သွယ်မှာယူခဲ့ရာ၌ ယင်းပါဆယ်ကို “ကြယ်စင်ဟိန်း”ကားဖြင့်ပို့ပေးခဲ့ကြောင်း၊

ယင်းအတွက်ကြောင့် ဗိုလ်ကြီးဝင်းမင်းထွေး၏စေခိုင်းချက်အရ ကားဂိတ်သို့ ယင်းပါဆယ်ထုပ်ကို သွားယူပေးခဲ့ကြောင်း အငြိမ်းစားဗိုလ်ကြီးတဖြစ်လဲ ပြည့်စုံလှိုင်၏ထွက်ဆိုချက်အရ သိရသည်။

အဆိုပါ ပါဆယ်ထုပ်အတွင်းရှိမူးယစ်ဆေးဝါးအနည်းငယ်ကို ထုတ်ယူသုံးစွဲပြီးနောက် ကျန်သည့်ဆေးဝါးများကို သူငယ်ချင်းဗိုလ်ကြီးဝင်းမင်းထွေးတာဝန်ထမ်းဆောင်ရာ က.ပ.စ(၄)တပ်ဂိတ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ယင်းအမှုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်အရ က.ပ.စ(၄)တပ်၌တာဝန်ထမ်းဆောင်သောဗိုလ်ကြီးဝင်းမင်းထွေးနှင့် အငြိမ်းစားဗိုလ်ကြီးပြည့်စုံလှိုင်တို့ ၂ ဦးကို

မူးယစ်ဆေးဝါနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးဆိုင်ရာပုဒ်မနှင့် တပ်ကုန်းအပိုင်ရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ပေါ်ပေါက်သူ မဒေဗွီ(Davy)ဆိုသူအားလည်း ဖမ်းဆီးရမိရေး စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Source – မိုးအောင်(ကောလင်း)
အကုန်သိသတင်းဌာန

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၌ ဗိုလ္ႀကီးအဆင့္ရွိသူ ၂ ဦး မူယစ္ေဆးဝါးေတြ႕ရွိမႈျဖင့္ အေရးယူမႈ ျဖစ္ပြား

ဗိုလ္ႀကီးအဆင့္ရွိသူ ၂ ဦးတို႔ကို မူးယစ္ေဆးဝါးမ်ားႏွင့္အတူဖမ္းဆီးရမိသည့္ျဖစ္စဥ္တစ္ခု ေနျပည္ေတာ္ေကာင္စီနယ္ေျမ၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕၊ က.ပ.စ (၄)၌ တာဝန္ထမ္းေဆာင္ေနေသာ ဗိုလ္ႀကီးဝင္းမင္းေထြးထံသို႔ ၿပီးခဲ့သည့္ဇူလိုင္(၂၆)ရက္၌ ေပးပို႔လာသည့္ ပါဆယ္ထုပ္အတြင္းတြင္ ေဆးျပား(၂၀)၊

ICE အျဖဴေရာင္ပုံေဆာင္ခဲအေလးခ်ိန္(၂)ဂရမ္ခန႔္တို႔ကို ေတြ႕ရွိခဲ့သျဖင့္ ဇူလိုင္(၂၈)ရက္၌ ေတာင္ပို႔သာနယ္ေျမရဲစခန္းတြင္ ဗိုလ္ႀကီးဝင္းမင္းေထြးကို မူး/စိတ္ပုဒ္မ – ၁၆(ဂ)/၂၁ ျဖင့္ အမႈဖြင့္အေရးယူထားၿပီးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

စစ္ေဆးခ်က္အရ ဇဗၺဴသီရိၿမိဳ႕နယ္၊ ခေရအိမ္ရာ၊ သီတဂူလမ္းေန အၿငိမ္းစားဗိုလ္ႀကီးျပည့္စုံလႈိင္ထံမွ ေပးပို႔လာေသာ ပစၥည္းမ်ားျဖစ္ေၾကာင္း သိရွိရသျဖင့္

ဇဗၺဴသီရိၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး႐ုံး၏ခြင့္ျပဳခ်က္ဖမ္းဝရမ္းအျပည့္အစုံျဖင့္ တပ္ဖြဲ႕ဝင္မ်ားက ဇူလိုင္(၂၉)ရက္၊ နံနက္ပိုင္းတြင္ သြားေရာက္ခဲ့ရာတြင္ ေနအိမ္ေသာ့ခတ္ပိတ္ထားသည္ကို ေတြ႕ရွိခဲ့ၾကသည္။

သို႔ရာတြင္ စုံစမ္းစစ္ေဆးခ်က္အရ အမႈမွသံသယျဖစ္သူဗိုလ္ႀကီးျပည့္စုံလႈိင္(ၿငိမ္း)မွာ ေဘာဂသိဒၶိရပ္ကြက္ရွိ သတင္းအခ်က္အလက္နည္းပညာႏွင့္

ဆိုက္ဘာလုံၿခဳံေရးဦးစီးဌာနတြင္ ဦးစီးအရာရွိအျဖစ္တာဝန္ထမ္းေဆာင္ေနသည္ကို သိရွိရေသာေၾကာင့္ သက္ဆိုင္ရာမ်ား၏ခြင့္ျပဳခ်က္ကို ဦးစြာရယူကာ ဗိုလ္ႀကီး(ၿငိမ္း)ျပည့္စုံလႈိင္ကို ဖမ္းဆီး၍ ၎၏ေနအိမ္သို႔ရွာေဖြစစ္ေဆးခဲ့ၾကသည္။

၎ေနအိမ္၌ မူးယစ္ေဆးဝါးပစၥည္းမ်ားေတြ႕ရွိရျခင္းမရွိေသာ္လည္း ေဆးဝါမ်ားသုံးစြဲရာတြင္အသုံးျပဳရသည့္ ဆက္စပ္ပစၥည္းမ်ားေတြ႕ရွိရသျဖင့္ သက္ေသပစၥည္းအျဖစ္သိမ္းဆည္းကာ ျဖစ္စဥ္ကို ဆက္လက္စစ္ေဆးေမးျမန္းခဲ့ေၾကာင္း နယ္ေျမပိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ပထမဖမ္းဆီးရမိထားသူဗိုလ္ႀကီးဝင္းမင္းေထြးမွာ ၎၏သူငယ္ခ်င္းျဖစ္ၿပီး ပ်ဥ္းမနားၿမိဳ႕၌ဝင္းမင္းေထြးႏွင့္ရင္းႏွီးေသာ ရန္ကုန္ၿမိဳ႕ေန မေဒဗြီ(Davy) ဆိုသူထံသို႔ မူးယစ္ေဆးဝါပါသည့္ ပါဆယ္ထုပ္ကိုဆက္သြယ္မွာယူခဲ့ရာ၌ ယင္းပါဆယ္ကို “ၾကယ္စင္ဟိန္း”ကားျဖင့္ပို႔ေပးခဲ့ေၾကာင္း၊

ယင္းအတြက္ေၾကာင့္ ဗိုလ္ႀကီးဝင္းမင္းေထြး၏ေစခိုင္းခ်က္အရ ကားဂိတ္သို႔ ယင္းပါဆယ္ထုပ္ကို သြားယူေပးခဲ့ေၾကာင္း အၿငိမ္းစားဗိုလ္ႀကီးတျဖစ္လဲ ျပည့္စုံလႈိင္၏ထြက္ဆိုခ်က္အရ သိရသည္။

အဆိုပါ ပါဆယ္ထုပ္အတြင္းရွိမူးယစ္ေဆးဝါးအနည္းငယ္ကို ထုတ္ယူသုံးစြဲၿပီးေနာက္ က်န္သည့္ေဆးဝါးမ်ားကို သူငယ္ခ်င္းဗိုလ္ႀကီးဝင္းမင္းေထြးတာဝန္ထမ္းေဆာင္ရာ က.ပ.စ(၄)တပ္ဂိတ္သို႔ ပို႔ေဆာင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္။

ယင္းအမႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ စစ္ေဆးေပၚေပါက္ခ်က္အရ က.ပ.စ(၄)တပ္၌တာဝန္ထမ္းေဆာင္ေသာဗိုလ္ႀကီးဝင္းမင္းေထြးႏွင့္ အၿငိမ္းစားဗိုလ္ႀကီးျပည့္စုံလႈိင္တို႔ ၂ ဦးကို

မူးယစ္ေဆးဝါႏွင့္စိတ္ကိုေျပာင္းလဲေစတတ္ေသာ ေဆးဝါးဆိုင္ရာပုဒ္မႏွင့္ တပ္ကုန္းအပိုင္ရဲစခန္း၌ အမႈဖြင့္စစ္ေဆးလ်က္ရွိၿပီး ကြင္းဆက္ေပၚေပါက္သူ မေဒဗြီ(Davy)ဆိုသူအားလည္း ဖမ္းဆီးရမိေရး စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရသည္။

Source – မိုးေအာင္(ေကာလင္း)
အကုန္သိသတင္းဌာန

8 Shares

Leave a Reply

8 Shares
Share8
Tweet