National News

ဆယ်တန်းအောင်စာရင်းကို အွန်လိုင်းအပြင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့မှာလည်း ကြေညာမည်

ဆယ်တန်းအောင်စာရင်းကို အွန်လိုင်းအပြင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတို့မှာလည်း ကြေညာမည်

၉ရ က်နေ့မှာ အွန်လိုင်း၊ရုပ်မြင်သံကြား နဲ့ရေဒီယိုက ထုတ်ပြန်မှာ ဖြစ်ပြီး ၁၀ ရက်နေ့မှာ စာစစ်ဌာနရှိတဲ့ကျောင်းတွေမှာ ဆက်လက်ထုတ်ပြန်မှာပါ။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းတွေကို လာမယ့် သြဂုတ်လ ၉ရက်နေ့မှာ ထုတ်ပြန် ကြေညာ ပေးသွားမှာ ဖြစ်ပေမယ့်လည်း

COVID-19 ကာလဖြစ်တဲ့အတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် အွန်လိုင်းမှတဆင့် ကြေညာပေးသွားမယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

အွန်လိုင်းစနစ်များဖြစ်တဲ့ အခြေခံပညာဦးစီးဌာန ရဲ့ www.moe.gov.mm နှင့် www.myanmarexam.org တို့မှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို ဝေးလံသောဒေသများရှိ စာစစ်ဌာနများနဲ့

အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာနများရဲ့ အောင်စာရင်းများကိုမူ မြန်မာ့အသံရေဒီယိုအပါအဝင် SKY NET Education Channelတို့မှလည်း ထုတ်ပြန်ပေး သွားမယ်လို့ သိရပါတယ်။

“ရေဒီယိုနဲ့ရုပ်သံအစီအစဉ်တွေမှာလည်း ထုတ်ပြန်ပေးသွားမှာ ဖြစ်သလို အဲ့ဒီနေ့မှာ စောင့်ကြည့်နားထောင်လို့ရမှာ ပါ။ကျွန်တော့်အထင် မလွတ်သွားရအောင် သူတို့အနေနဲ့ အောင်စာရင်းကို ထပ်ခါထပ်ခါ ထုတ်လွှင့်ပေးသွားဖို့ ရှိမယ်လို့ ထင်ပါတယ်။

အချိန်အတိအကျတော့မသိပေမယ့် အစီအစဉ် တွေက အောင်စာရင်းထုတ်လွှင့်မယ့်အချိန်ကို ကြေညာမယ်လို့လည်း ထင်ပါတယ်။”လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝင်းစိုးက ပြောပါတယ်။

အွန်လိုင်းစနစ်နဲ့ ထုတ်ပြန်ကြေညာပြီးနောက်တစ်နေ့ သြဂုတ် ၁၀ ရက်နေ့ မှာတော့ ယခင်နှစ်တွေအတိုင်း စာစစ်ဌာနရှိရာ ကျောင်းများမှာ အောင်စာရင်းများကို ထုတ်ပြန်ပေးသွားမှာ ဖြစ်ပြီး ကိုဗစ်ကာလသတ်မှတ်စည်းကမ်းတွေနဲ့ အညီ လာရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တစ်ဦးနဲ့တစ်ဦးအကြားအနည်းဆုံး ၆ ပေ ကွာခြားရမှာ ဖြစ်သလို နှာခေါင်းစည်းတွေ ကိုလည်း တပ်ဆင်လာရမှာ ဖြစ်ပြီး ကြည့်ရှုခွင့်ကိုတော့ နံနက် ၉နာရီမှ စတင်ကာ ညနေ ၄နာရီအထိသာ ခွင့်ပြုပေးထားပါတယ်။

ဆယ္တန္းေအာင္စာရင္းကို အြန္လိုင္းအျပင္ ေရဒီယိုနဲ႔ ႐ုပ္ျမင္သံၾကားတို႔မွာလည္း ေၾကညာမည္

၉ရ က္ေန႔မွာ အြန္လိုင္း၊႐ုပ္ျမင္သံၾကား နဲ႔ေရဒီယိုက ထုတ္ျပန္မွာ ျဖစ္ၿပီး ၁၀ ရက္ေန႔မွာ စာစစ္ဌာနရွိတဲ့ေက်ာင္းေတြမွာ ဆက္လက္ထုတ္ျပန္မွာပါ။

၂၀၂၀ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ ေအာင္စာရင္းေတြကို လာမယ့္ ၾသဂုတ္လ ၉ရက္ေန႔မွာ ထုတ္ျပန္ ေၾကညာ ေပးသြားမွာ ျဖစ္ေပမယ့္လည္း

COVID-19 ကာလျဖစ္တဲ့အတြက္ လူစုလူေဝး မျဖစ္ေပၚေစရန္ အြန္လိုင္းမွတဆင့္ ေၾကညာေပးသြားမယ္လို႔ အေျခခံပညာဦးစီးဌာနက ထုတ္ျပန္ေၾကညာထားပါတယ္။

အြန္လိုင္းစနစ္မ်ားျဖစ္တဲ့ အေျခခံပညာဦးစီးဌာန ရဲ့ www.moe.gov.mm ႏွင့္ www.myanmarexam.org တို႔မွာ ထုတ္ျပန္ေပးသြားမွာ ျဖစ္သလို ေဝးလံေသာေဒသမ်ားရွိ စာစစ္ဌာနမ်ားနဲ႔

အင္တာနက္အဆက္အသြယ္ မရရွိေသာ စာစစ္ဌာနမ်ားရဲ့ ေအာင္စာရင္းမ်ားကိုမူ ျမန္မာ့အသံေရဒီယိုအပါအဝင္ SKY NET Education Channelတို႔မွလည္း ထုတ္ျပန္ေပး သြားမယ္လို႔ သိရပါတယ္။

“ေရဒီယိုနဲ႔႐ုပ္သံအစီအစဥ္ေတြမွာလည္း ထုတ္ျပန္ေပးသြားမွာ ျဖစ္သလို အဲ့ဒီေန႔မွာ ေစာင့္ၾကည့္နားေထာင္လို႔ရမွာ ပါ။ကၽြန္ေတာ့္အထင္ မလြတ္သြားရေအာင္ သူတို႔အေနနဲ႔ ေအာင္စာရင္းကို ထပ္ခါထပ္ခါ ထုတ္လႊင့္ေပးသြားဖို႔ ရွိမယ္လို႔ ထင္ပါတယ္။

အခ်ိန္အတိအက်ေတာ့မသိေပမယ့္ အစီအစဥ္ ေတြက ေအာင္စာရင္းထုတ္လႊင့္မယ့္အခ်ိန္ကို ေၾကညာမယ္လို႔လည္း ထင္ပါတယ္။”လို႔ အေျခခံပညာဦးစီးဌာန ညႊန္ၾကားေရးမႉး ေဒါက္တာေက်ာ္ဝင္းစိုးက ေျပာပါတယ္။

အြန္လိုင္းစနစ္နဲ႔ ထုတ္ျပန္ေၾကညာၿပီးေနာက္တစ္ေန႔ ၾသဂုတ္ ၁၀ ရက္ေန႔ မွာေတာ့ ယခင္ႏွစ္ေတြအတိုင္း စာစစ္ဌာနရွိရာ ေက်ာင္းမ်ားမွာ ေအာင္စာရင္းမ်ားကို ထုတ္ျပန္ေပးသြားမွာ ျဖစ္ၿပီး ကိုဗစ္ကာလသတ္မွတ္စည္းကမ္းေတြနဲ႔ အညီ လာေရာက္ၾကည့္ရႈနိုင္မွာ ျဖစ္ပါတယ္။

တစ္ဦးနဲ႔တစ္ဦးအၾကားအနည္းဆုံး ၆ ေပ ကြာျခားရမွာ ျဖစ္သလို ႏွာေခါင္းစည္းေတြ ကိုလည္း တပ္ဆင္လာရမွာ ျဖစ္ၿပီး ၾကည့္ရႈခြင့္ကိုေတာ့ နံနက္ ၉နာရီမွ စတင္ကာ ညေန ၄နာရီအထိသာ ခြင့္ျပဳေပးထားပါတယ္။

81 Shares

Leave a Reply

81 Shares
Share81
Tweet